ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုမှ ကျိုင်းတုံမြို့တွင် အလုပ်သမား အခွင့်အရေး ပညာပေး လုပ်ဆောင်

ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုမှ ကျိုင်းတုံမြို့တွင် အလုပ်သမား အခွင့်အရေး ပညာပေး လုပ်ဆောင်
မေ 21, 2016
By Tachileik News Agency

ကျိုင်းတုံ၊ မေလ(၂၁)ရက်
ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ကျိုင်းတုံမြို့ရှိ ရွှေ့ ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာနအနေဖြင့် အလုပ်သမားများ သိသင့်သိထိုက်သည့် အချက်အလက်များနှင့် အလုပ်သမားအခွင့်အရေးများအား ပညာပေးခြင်းတို့ကို အဓိကထားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


အဆိုပါဌာနကို ဖွင့်လှစ်ထားရခြင်းမှာ ဒေသတွင်းမှ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဝင် ရွှေ့  ပြောင်းသွားလာခြင်းအတွက် အဆင့်အဆင့် ဦးစားပေးဆောင်ရွက်ရမည့် လိုအပ်ချက်များ၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ အနေဖြင့် သိသင့် သိထိုက်သည့် အချက်အလက်များ၊ အလုပ်အကိုင်အခွင့် အလမ်းများ သိရှိရေးတို့ကို ပညာပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။


မြန်မာနိုင်ငံအနှံ့အပြား ရွှေ့ ပြောင်းသွားလာလုပ်ကိုင်မှု အများဆုံးဖြစ်သည့် မြို့(၁၁)မြို့ တွင် ရုံးခန်းများ ဖွင့်လှစ်ထားရှိပြီး ရှမ်းပြည်နယ်အနေဖြင့် ကျိုင်းတုံမြို့တွင် ၂၀၁၄ခုနှစ် မေ လမှစတင် ဖွင့်လှစ်ကာ လုပ်ငန်းများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ဇွဲမြတ်
...............

ကျိုင်းတုံ၊ မေလ(၂၁)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာနအနဖြေင့် အလုပ်သမားများ သိသင့်သိထိုက်သည့် အချက်အလက်များနှင့် အလုပ်သမားအခွင့်အရေးများအား ပညာပေးခြင်းတို့ကို အဓိကထားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

"အဖွဲ့အနေနဲ့ အဓိကဆောင်ရွက်နေတာကတော့ ပညာပေးတာပေါ့။ ပညာပေးတဲ့ အစီအစဉ်တွေကတော့ လတိုင်းရှိတယ်။ အဓိက ကျိုင်းတုံမြို့ပေါ်နဲ့ အနီးတစ်ဝိုက်ရွာတွေထိ လိုက်ပြီးတော့ အလုပ်သမားတွေ သိသင့်တဲ့ အချက်အလက်နဲ့ အခွင့်အရေးတွေ အကြောင်းကို ပညာပေး ဟောပြောပေးပါတယ်။ တကယ်လို့ ဒုက္ခရောက်နေတဲ့ အလုပ်သမားများက ကျွန်မတို့အဖွဲ့ကို ဆက်သွယ်လာရင်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ၊ တခြားအရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးပါတယ်။"ဟု ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန ကျိုင်းတုံမှ ငွေကြေးစီမံခန့်ခွဲရေးတာဝန်ခံ မနန်းလောင်လျန်းက ပြောသည်။

အဆိုပါဌာနကို ဖွင့်လှစ်ထားရခြင်းမှာ ဒေသတွင်းမှ ရွှေ့ပြောင်းအလုပ်သမားများအနဖြေင့် တရားဝင် ရွှေ့ ပြောင်းသွားလာခြင်းအတွက် အဆင့်အဆင့် ဦးစားပေးဆောင်ရွက်ရမည့် လိုအပ်ချက်များ၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ အနဖြေင့် သိသင့် သိထိုက်သည့် အချက်အလက်များ၊ အလုပ်အကိုင်အခွင့် အလမ်းများ သိရှိရေးတို့ကို ပညာပေးဆောင်ရွက်နခြေင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

အဆိုပါဌာနအား ရွှေ့ပြောင်းလုပ်သားများကို အကူအညီပေးရေးနှင့် ကာကွယ်စောင့် ရှောက်မှုများ ပေးနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်မည့် အလုပ်သမားများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို သိရှိနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနှံ့အပြား ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု အများဆုံးဖြစ်သည့် မြို့(၁၁)မြို့တွင် ရုံးခန်းများ ဖွင့်လှစ်ထားရှိပြီး ရှမ်းပြည်နယ်အနဖြေင့် ကျိုင်းတုံမြို့တွင် ၂၀၁၄ခုနှစ် မေ လမှစတင် ဖွင့်လှစ်ကာ လုပ်ငန်းများလုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~