(၁)လတိတိ ပူေဇာ္ခံ ထားရွိမည့္ တာခ်ီလိတ္ၿမိဳ႕ ၀န္ထမ္းကုန္းဆရာေတာ္ဘုရားႀကီး၏ အႏၲိမအဂၢိဈာပနအတြက္ အလွဴရွင္မ်ား လိုအပ္ေန

(၁)လတိတိ ပူေဇာ္ခံ ထားရွိမည့္ တာခ်ီလိတ္ၿမိဳ႕ ၀န္ထမ္းကုန္းဆရာေတာ္ဘုရားႀကီး၏ အႏၲိမအဂၢိဈာပနအတြက္ အလွဴရွင္မ်ား လိုအပ္ေန
မေ 8, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၈)
ရွမ္းျပည္နယ္၊ အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္ေကာင္းရပ္ကြက္၊ ေတာင္တန္းသာသနာျပဳ (ဗဟို)ေက်ာင္းတိုက္ ၀န္ထမ္းကုန္ဆရာေတာ္ဘုရားႀကီးသည္ ေမလ(၆)ရက္ေန႔ နံနက္(၆)နာရီခြဲအခ်ိန္က ပ်ံလြန္ေတာ္မူသြားၿပီး ရုပ္ကလာပ္ေတာ္အား အဆိုပါ ေက်ာင္းတိုက္၌ (၁)လတိတိ ပူေဇာ္ခံထားရွိရာ  (၁)လတာ ကာလအတြင္း  ေကၽြးေမြးကုန္က်စရိတ္ႏွင့္ ျပင္ဆင္စရိတ္မ်ား လိုအပ္ေနသည့္အတြက္ အလွဴရွင္မ်ား ပါ၀င္လွဴဒါန္းႏိုင္ရန္ အလွဴခံဌာနအား (၂)ေနရာ ဖြင့္လွစ္ေပးထားေၾကာင္း သိရသည္။

ပ်ံလြန္ေတာ္မူသြားသည့္ ၀န္ထမ္းကုန္ဆရာေတာ္ဘုရားႀကီး၏ အႏၲိမအဂၢိဈာပနအတြက္ အလွဴခံဌာနအား တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္ရွိ ေတာင္တန္းသာသနာျပဳ (ဗဟို)ေက်ာင္းတိုက္တြင္ တစ္ခုထားရရွိၿပီး၊ ရွမ္းရိုးမကြင္းေရွ႕တြင္လည္း အလွဴခံဌာနတစ္ခု စုစုေပါင္း (၂)ခု ဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။

ရွမ္းရိုးမကြင္းေရွ႕တြင္ အဆိုပါ အလွဴခံဌာနအား မနက္(၈)နာရီမွ ေန႔လယ္ (၁၂)နာရီအခ်ိန္ထိဖြင့္ၿပီး၊ ညေန(၃)နာရီခြဲမွ ည (၈)နာရီအထိ ဖြင့္လွစ္ကာ အလွဴရွင္မ်ား၏ လွဴဒါန္းမႈမ်ားကို လက္ခံေပးသြားမွာ ျဖစ္ေၾကာင္း သိရသည္။

ေတာင္တန္းသာသနာျပဳ(ဗဟို) ေက်ာင္းထိုင္ဆရာေတာ္ဘုရားႀကီး ဘဒၵႏၲေရဝတ (ဓမၼာစရိယ အဘိဓဇ အဂၢမဟာသဒၶမေဇာတိက အဂၢမဟာပ႑ိတ)သည္ ပ်ံလြန္ေတာ္မူသည့္အခ်ိန္တြင္ သက္ေတာ္(၈၅)ႏွစ္ရွိၿပီ ျဖစ္ၿပီး၊ ၀ါေတာ္မွာ (၆၅)၀ါရွိၿပီ ျဖစ္ေၾကာင္း ႏွင့္ ဆရာေတာ္ဘုရားႀကီး၏ ၾကြင္းက်န္ရစ္ေသာ ဥတုဇ႐ုပ္ ကလာပ္ေတာ္အား ၂၀၁၆ခုႏွစ္ ဇြန္လ(၅)ရက္ေန႔ မြန္းလြဲ (၁)နာရီအခ်ိန္တြင္ ေက်ာင္းတိုက္မွ ပံုလို႔ေတာရေက်ာင္း အနီးရွိ နဂါးႏွစ္ေကာင္ဆရာေတာ္ လွဴဒါန္းထားေသာ စ်ာပနကြင္းသို႔ ပို႔ေဆာင္ကာ အႏၱိမအဂၢိစ်ာပနကို က်င္းပသြားမွာ ျဖစ္ေၾကာင္း သိရွိရသည္။
.............

တာချီလိတ်၊ မေလ(၈)
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက် ဝန်ထမ်းကုန်ဆရာတော်ဘုရားကြီးသည် မေလ(၆)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်က ပျံလွန်တော်မူသွားပြီး ရုပ်ကလာပ်တော်အား အဆိုပါ ကျောင်းတိုက်၌ (၁)လတိတိ ပူဇော်ခံထားရှိရာ (၁)လတာ ကာလအတွင်း ကျွေးမွေးကုန်ကျစရိတ်နှင့် ပြင်ဆင်စရိတ်များ လိုအပ်နေသည့်အတွက် အလှူရှင်များ ပါဝင်လှူဒါန်းနိုင်ရန် အလှူခံဌာနအား (၂)နေရာ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ပျံလွန်တော်မူသွားသည့် ဝန်ထမ်းကုန်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအတွက် အလှူခံဌာနအား တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်တွင် တစ်ခုထားရရှိပြီး၊ ရှမ်းရိုးမကွင်းရှေ့တွင်လည်း အလှူခံဌာနတစ်ခု စုစုပေါင်း (၂)ခု ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ရှမ်းရိုးမကွင်းရှေ့တွင် အဆိုပါ အလှူခံဌာနအား မနက်(၈)နာရီမှ နေ့လယ် (၁၂)နာရီအချိန်ထိဖွင့်ပြီး၊ ညနေ(၃)နာရီခွဲမှ ည (၈)နာရီအထိ ဖွင့်လှစ်ကာ အလှူရှင်များ၏ လှူဒါန်းမှုများကို လက်ခံပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

တောင်တန်းသာသနာပြု(ဗဟို) ကျောင်းထိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရေဝတ (ဓမ္မာစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမဇောတိက အဂ္ဂမဟာပဏ္ဍိတ)သည် ပျံလွန်တော်မူသည့်အချိန်တွင် သက်တော်(၈၅)နှစ်ရှိပြီ ဖြစ်ပြီး၊ ဝါတော်မှာ (၆၅)ဝါရှိပြီ ဖြစ်ကြောင်း နှင့် ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ် ကလာပ်တော်အား ၂၀၁၆ခုနှစ် ဇွန်လ(၅)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်တွင် ကျောင်းတိုက်မှ ပုံလို့တောရကျောင်း အနီးရှိ နဂါးနှစ်ကောင်ဆရာတော် လှူဒါန်းထားသော ဈာပနကွင်းသို့ ပို့ဆောင်ကာ အန္တိမအဂ္ဂိဈာပနကို ကျင်းပသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~