ရွမ္းျပည္ေျမာက္ပိုင္းမွ စစ္ေဘးေရွာင္ကေလးမ်ား ပညာေရးအတြက္ ျပည္နယ္အစိုးရ စီစဥ္ေပးႏုိင္ျခင္း မရိွေသး

ရွမ္းျပည္ေျမာက္ပိုင္းမွ စစ္ေဘးေရွာင္ကေလးမ်ား ပညာေရးအတြက္ ျပည္နယ္အစိုးရ စီစဥ္ေပးႏုိင္ျခင္း မရိွေသး
မေ 24, 2016
By Tachileik News Agency

ရွမ္းျပည္နယ္၊ ေမလ(၂၄)ရက္
ရွမ္းျပည္ေျမာက္ပိုင္းမွ တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္ေနရေသာ ကေလးမ်ားမွာ ေရႊ႕ေျပာင္းသြားလာ ေနရသျဖင့္ ေက်ာင္းတက္ႏိုင္ရန္ စီစဥ္ေပးႏိုင္ျခင္း မရွိေသးေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ သိရသည္။

"ကေလးေတြ ေက်ာင္းေနႏိုင္ဖို႔ကိစၥကေတာ့ တစ္ေနရာရာကို ေရာက္သြားမွ စီစဥ္ေပးႏိုင္မယ္။ အခုေရႊ႕ေျပာင္း သြားလာေနတယ္ဆိုေတာ့ အခုေရာက္ေနတဲ့ေက်ာင္းမွာေနဖို႔ေတာ့ အဆင္မေျပႏိုင္ေလာက္ေသးဘူး"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ ျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း စစ္ေဘးေရွာင္ဦးေရ(၁၀,၀၀၀)နီးပါးတြင္ ကေလးဦးေရ (၂၀) ရာခိုင္ႏွဳန္းေက်ာ္ ပါ၀င္သျဖင့္ အဆိုပါ ကေလးမ်ားအေနျဖင့္ စာသင္ၾကားႏိုင္ခြင့္ ဆံုးရံႈးေနျခင္းအား ထည့္သြင္းစဥ္းစားရန္ လိုအပ္ေနေၾကာင္း လူမႈေရးအဖြဲ႕မ်ားက ဆိုသည္။

"အခုခ်ိန္ထိေတာ့ စစ္ေဘးေရွာင္ေတြရဲ႕ စား၀တ္ေနေရးပဲ ကၽြန္ေတာ္တို႔ တတ္ႏိုင္သေလာက္ ကူညီေပး ႏိုင္တယ္။ ကေလးေတြ စာသင္ဖို႔ၾကေတာ့ သက္ဆိုင္ရာ တာ၀န္ရွိသူေတြ စီမံမွရမယ္။ အခုေတာင္ အလွဴခံလို႔ရတာနဲ႔ ကူညီေပးေနတာ"ဟု သီေပါစစ္ေဘးေရွာင္စခန္းတြင္ အကူအညီေပးေနသူတစ္ဦးက ေျပာသည္။

လက္ရိွတြင္ ျပည္နယ္တြင္း တုိက္ပြဲမ်ားျဖစ္ပြားေနဆဲျဖစ္ၿပီး တိုက္ပြဲျဖစ္ပြားရာ အနီးဝန္းက်င္မွ ေဒသခံမ်ားမွာ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရျခင္းျဖစ္သည္။

"မႏွစ္က ရွမ္းေတာင္မွာ တိုက္ပြဲျဖစ္ခဲ့တဲ့အတြက္ ေဒသခံရြာသားေတြ ေတာ္ေတာ္မ်ားမ်ား ေျပာင္းေရႊ႕ကုန္တာ ေတြ႕ရတယ္။ တခ်ိဳ႕ရြာေတြဆို ပ်က္သြားပီ။ ေနာက္တစ္ခုက ထိုင္းႏိုင္ငံဘက္ ထြက္သြားၾကတာ။ ဒီမွာအလုပ္အကိုင္ေတြ မရွိေတာ့တဲ့အတြက္ ထုိင္းႏိုင္ငံမွာ အလုပ္သြားလုပ္တာေတြ ပိုမ်ားလာတယ္။ တစ္အိမ္ကို တစ္ေယာက္ႏွဳန္းေလာက္ ထိုင္းမွာ အလုပ္လုပ္ေနတယ္ ေျပာလို႔ရတယ္"ဟု မိုင္းေနာင္ၿမိဳ႕မွ ေဒသခံတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေမလပထမပတ္တြင္ RCSS/SSA ႏွင့္ TNLA တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားျခင္းေၾကာင့္ စစ္ေဘးေရွာင္ (၃၀၀၀)နီးပါး ေက်ာက္မဲၿမိဳ႕အပါအ၀င္ အျခားေဒသမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ရၿပီး ေမလတတိယပတ္အတြင္း ျမန္မာ့တပ္မေတာ္ႏွင့္ SSPP/SSA တို႔ တိုက္ပြဲမ်ား ထပ္မံျဖစ္ပြားရာ ေနရပ္စြန္႔ခြာထြက္ေျပးရသည့္ စစ္ေဘးေရွာင္ဦးေရမွာ စုစုေပါင္းတစ္ေသာင္းခန္႔အထိ တိုးလာေၾကာင္း အရပ္ဖက္အဖြဲ႕မ်ားထံမွ သိရသည္။

သတင္း။  ။ ကိုဇက္
...................

ရှမ်းပြည်နယ်၊ မေလ(၂၄)ရက်
ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသော ကလေးများမှာ ရွှေ့ပြောင်းသွားလာ နေရသဖြင့် ကျောင်းတက်နိုင်ရန် စီစဉ်ပေးနိုင်ခြင်း မရှိသေးကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

"ကလေးတွေ ကျောင်းနေနိုင်ဖို့ကိစ္စကတော့ တစ်နေရာရာကို ရောက်သွားမှ စီစဉ်ပေးနိုင်မယ်။ အခုရွှေ့ပြောင်း သွားလာနေတယ်ဆိုတော့ အခုရောက်နေတဲ့ကျောင်းမှာနေဖို့တော့ အဆင်မပြေနိုင်လောက်သေးဘူး"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ(၁၀,ဝဝဝ)နီးပါးတွင် ကလေးဦးရေ (၂၀) ရာခိုင်နှုန်းကျော် ပါဝင်သဖြင့် အဆိုပါ ကလေးများအနဖြေင့် စာသင်ကြားနိုင်ခွင့် ဆုံးရှုံးနခြေင်းအား ထည့်သွင်းစဉ်းစားရန် လိုအပ်နေကြောင်း လူမှုရေးအဖွဲ့များက ဆိုသည်။

"အခုချိန်ထိတော့ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးပဲ ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေး နိုင်တယ်။ ကလေးတွေ စာသင်ဖို့ကြတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ စီမံမှရမယ်။ အခုတောင် အလှူခံလို့ရတာနဲ့ ကူညီပေးနေတာ"ဟု သီပေါစစ်ဘေးရှောင်စခန်းတွင် အကူအညီပေးနေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်နယ်တွင်း တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်မှ ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်းဖြစ်သည်။

"မနှစ်က ရှမ်းတောင်မှာ တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် ဒေသခံရွာသားတွေ တော်တော်များများ ပြောင်းရွှေ့ကုန်တာ တွေ့ရတယ်။ တချို့ရွာတွေဆို ပျက်သွားပီ။ နောက်တစ်ခုက ထိုင်းနိုင်ငံဘက် ထွက်သွားကြတာ။ ဒီမှာအလုပ်အကိုင်တွေ မရှိတော့တဲ့အတွက် ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တာတွေ ပိုများလာတယ်။ တစ်အိမ်ကို တစ်ယောက်နှုန်းလောက် ထိုင်းမှာ အလုပ်လုပ်နေတယ် ပြောလို့ရတယ်"ဟု မိုင်းနောင်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း မေလပထမပတ်တွင် RCSS/SSA နှင့် TNLA တို့အကြား တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် စစ်ဘေးရှောင် (၃၀၀၀)နီးပါး ကျောက်မဲမြို့အပါအဝင် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မေလတတိယပတ်အတွင်း မြန်မာ့တပ်မတော်နှင့် SSPP/SSA တို့ တိုက်ပွဲများ ထပ်မံဖြစ်ပွားရာ နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်ဘေးရှောင်ဦးရေမှာ စုစုပေါင်းတစ်သောင်းခန့်အထိ တိုးလာကြောင်း အရပ်ဖက်အဖွဲ့များထံမှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~