ဟိုပန္ေက်းရြာကို မီးရိႈ႕ခဲ့သည့္ TNLA အားကန္႔ကြက္ေၾကာင္း အိတ္ဖြင့္ေပးစာကို လူမႈေရးအဖြဲ႕ (၉)ဖြဲ႕က ေပးပို႔

ဟိုပန္ေက်းရြာကို မီးရိႈ႕ခဲ့သည့္ TNLA အားကန္႔ကြက္ေၾကာင္း အိတ္ဖြင့္ေပးစာကို လူမႈေရးအဖြဲ႕ (၉)ဖြဲ႕က ေပးပို႔
မေ 14, 2016
By Tachileik News Agency

ဟိုပန္ေက်းရြာကို မီးရိႈ႕ခဲ့သည့္ TNLA အားကန္႔ကြက္ေၾကာင္း အိတ္ဖြင့္ေပးစာကို လူမႈေရးအဖြဲ႕ (၉)ဖြဲ႕က ေပးပို႔
http://www.tachileik.net/2016/05/tnla.html
..............

နမ့္္ခမ္း၊ ေမလ(၁၄)ရက္
မိုင္း၀ီးေဒသ၊ ဟိုပန္ေက်းရြာအား ရြာလံုးကၽြတ္မီးရွိဳ႔ခဲ့မႈကို ကန္႔ကြက္ရႈံ႕ခ်လိုက္ၿပီး TNLA အေနျဖင့္ ေက်းရြာသားမ်ားအား ဝန္ခ်ေတာင္းပန္ရန္ နမ့္ခမ္းၿမိဳ႕နယ္အတြင္းမွ လူမႈေရးအသင္းအဖြဲ႕ (၉)ဖြဲ႕စုေပါင္း၍ အိတ္ဖြင့္ေပးစာတစ္ေစာင္အား TNLA အဖြဲ႔ထံ ၿပီးခဲ့သည့္ ေမလ (၈)ရက္က ေပးပို႔လိုက္ေၾကာင္း သိရသည္။

"အဓိက ကေတာ့ တအာင္းလက္နက္ကိုင္အဖြဲ႕က ရွမ္းေတြအမ်ားစုေနတဲ့ ဟိုပန္ရြာကို မီးရွိဳ႕တယ္။ လူေတြဖမ္းတယ္။ ဒါေတြကို ေတာင္းပန္ၿပီး ေလ်ာ္ေၾကးေပးဖို႔ လူမႈေရးအသင္းအဖြဲ႕ေတြေပါင္းၿပီး ေပးစာေပးပို႔တာပါ။ ဒါပထမအဆင့္အေနနဲ႔ ကၽြန္ေတာ္တို႔လုပ္တာပါ။ ဒါကိုမွ လက္မခံဘူး။ လစ္လ်ဴရွဳမယ္ဆိုရင္ တစ္ကမာၻလံုး အတိုင္းအတာနဲ႔ သူတို႔လက္နက္ကိုင္အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ေအာင္ လုပ္သြားဖို႔ ရည္ရြယ္ထားပါတယ္။ အခုတုိက္ပြဲၾကားထဲမွာ ေဒသခံေတြက ေျမစာပင္ျဖစ္တဲ့အျပင္ လူ႔အခြင့္အေရးပါ ခ်ိဳးေဖာက္ခံေနရတာပါ"ဟု နမ့္ခမ္းၿမိဳ႕ လူမႈညီညႊတ္ေရးအသင္းမွ ေဒါက္တာ ဦးစိုင္းေက်ာ္အုန္းက ေျပာသည္။

တိုင္းရင္းသားလက္နက္ကို္င္အဖြဲ႔မ်ားျဖစ္သည့္ TNLA ႏွင့္ RCSS/SSA တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း )နမ့္ခမ္းၿမိဳ႕နယ္အတြင္း မိုင္းဝီးေဒသ၊ ဟိုပန္ေက်းရြာအုပ္စု၊ ဟိုပန္ေက်းရြာတြင္ TNLA က ေမလ(၆)ရက္ေန႔က ရြာလံုးကၽြတ္မီးရိႈ႕ခဲ့ၿပီး လူမ်ားဖမ္းဆီးကာ ေငြေၾကးျဖင့္ ျပန္လည္ေရြးယူေစျခင္း၊ သတ္ျဖတ္ျခင္းမ်ား ျပဳလုပ္ခဲ့သျဖင့္ ေဒသခံေက်းရြာသားမ်ားအား ျပန္လည္ေတာင္းပန္၍ ေလ်ာ္ေၾကးမ်ားေပးရန္ ေပးစာေပးပို႔ခဲ့ျခင္းျဖစ္သည္ဟု  လူမႈကူညီေရးအဖြဲ႕မ်ားက ဆိုသည္။

"ဒီကိစၥနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ (၇)ရက္ေန႔မွာ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ထားၿပီးပါၿပီ။ အခု ေပးစာနဲ႔ပတ္သက္ၿပီးေတာ့ ကၽြန္ေတာ္တို႔ ဘာမွေျပာလို႔ မရေသးဘူး။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ့္ အထက္လူႀကီးေတြက ဘာမွ မွတ္ခ်က္ျပဳေျပာဆိုထားတာ မရွိလို႔ပါ။ ေသခ်ာတာကေတာ့ ကၽြန္ေတာ္တို႔ တပ္ဖြဲ႕မီးရွိဳခဲ့တာ မဟုတ္ဘူးဗ်"ဟု TNLA မွ ေျပာေရးဆိုခြင့္ရွိသူ ဗုိလ္မွဴးမိုင္းအိုက္ေက်ာ္က ေျပာသည္။

အခင္းျဖစ္ပြားသည့့္ ေမလ(၆)ရက္ေန႔က RSS/SSA ႏွင့္ ထိေတြ႕မွဳမွာ ဟိုပန္ေက်းရြာအနီးတြင္ျဖစ္ၿပီး RCSS/SSA မွ ေက်းရြာအတြင္း ၀င္ေရာက္၍ ေဒသခံမ်ားႏွင့္ပူးေပါင္းသြားျခင္းေၾကာင့္ TNLA တပ္ဖြဲ႕မွ ျပန္လည္ ဆုတ္ခြာလာခဲ့ျခင္းျဖစ္ရာ မီးေလာင္ကၽြမ္းမႈမွာ လက္နက္ႀကီးက်ျခင္းေၾကာင့္သာျဖစ္ဖို႔မ်ားေၾကာင္း ၎မွ ေျပာၾကားသည္။

တအာင္းလက္နက္ကိုင္အဖြဲ႕မွ ေမလ(၆)ရက္ေန႔တြင္ ဟိုပန္ေက်းရြာအားမီးရွိဳ႕ခဲ့သျဖင့္ အိမ္ေျခ(၆၆)လံုးေက်ာ္ မီးေဘးသင့္ခဲ့ၿပီး လူဦးေရ (၅၀၀)ေက်ာ္ ထြက္ေျပးတိမ္းေရွာင္ေနရသျဖင့္ TNLA ၏ လုပ္ရပ္အား နမ့္ခမ္းၿမိဳ႕နယ္ အတြင္းရွိ ရွမ္းရဟန္းသံဃာပ်ိဳမ်ားအဖြဲ႕၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ လူမႈကူညီေရးအသင္းမ်ား စုေပါင္း၍ ကန္႔ကြက္ရႈံ႕ခ်ေၾကာင္း ေပးစာေပးပို႔ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

သတင္း ။  ။ ကိုဇက္

..............

နမ့်ခမ်း၊ မေလ(၁၄)ရက်
မိုင်းဝီးဒေသ၊ ဟိုပန်ကျေးရွာအား ရွာလုံးကျွတ်မီးရှို့ခဲ့မှုကို ကန့်ကွက်ရှုံ့ချလိုက်ပြီး TNLA အနဖြေင့် ကျေးရွာသားများအား ဝန်ချတောင်းပန်ရန် နမ့်ခမ်းမြို့နယ်အတွင်းမှ လူမှုရေးအသင်းအဖွဲ့ (၉)ဖွဲ့စုပေါင်း၍ အိတ်ဖွင့်ပေးစာတစ်စောင်အား TNLA အဖွဲ့ထံ ပြီးခဲ့သည့် မေလ (၈)ရက်က ပေးပို့လိုက်ကြောင်း သိရသည်။

"အဓိက ကတော့ တအာင်းလက်နက်ကိုင်အဖွဲ့က ရှမ်းတွေအများစုနေတဲ့ ဟိုပန်ရွာကို မီးရှို့တယ်။ လူတွေဖမ်းတယ်။ ဒါတွေကို တောင်းပန်ပြီး လျော်ကြေးပေးဖို့ လူမှုရေးအသင်းအဖွဲ့တွေပေါင်းပြီး ပေးစာပေးပို့တာပါ။ ဒါပထမအဆင့်အနေနဲ့ ကျွန်တော်တို့လုပ်တာပါ။ ဒါကိုမှ လက်မခံဘူး။ လစ်လျူရှုမယ်ဆိုရင် တစ်ကမာ္ဘလုံး အတိုင်းအတာနဲ့ သူတို့လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်အောင် လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ အခုတိုက်ပွဲကြားထဲမှာ ဒေသခံတွေက မြေစာပင်ဖြစ်တဲ့အပြင် လူ့အခွင့်အရေးပါ ချိုးဖောက်ခံနေရတာပါ"ဟု နမ့်ခမ်းမြို့ လူမှုညီညွှတ်ရေးအသင်းမှ ဒေါက်တာ ဦးစိုင်းကျော်အုန်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့များဖြစ်သည့် TNLA နှင့် RCSS/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း )နမ့်ခမ်းမြို့နယ်အတွင်း မိုင်းဝီးဒေသ၊ ဟိုပန်ကျေးရွာအုပ်စု၊ ဟိုပန်ကျေးရွာတွင် TNLA က မေလ(၆)ရက်နေ့က ရွာလုံးကျွတ်မီးရှို့ခဲ့ပြီး လူများဖမ်းဆီးကာ ငွေကြေးဖြင့် ပြန်လည်ရွေးယူစခြေင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဒေသခံကျေးရွာသားများအား ပြန်လည်တောင်းပန်၍ လျော်ကြေးများပေးရန် ပေးစာပေးပို့ခဲ့ခြင်းဖြစ်သည်ဟု လူမှုကူညီရေးအဖွဲ့များက ဆိုသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ (၇)ရက်နေ့မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားပြီးပါပြီ။ အခု ပေးစာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာမှပြောလို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့် အထက်လူကြီးတွေက ဘာမှ မှတ်ချက်ပြုပြောဆိုထားတာ မရှိလို့ပါ။ သေချာတာကတော့ ကျွန်တော်တို့ တပ်ဖွဲ့မီးရှိုခဲ့တာ မဟုတ်ဘူးဗျ"ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

အခင်းဖြစ်ပွားသည့် မေလ(၆)ရက်နေ့က RSS/SSA နှင့် ထိတွေ့မှုမှာ ဟိုပန်ကျေးရွာအနီးတွင်ဖြစ်ပြီး RCSS/SSA မှ ကျေးရွာအတွင်း ဝင်ရောက်၍ ဒေသခံများနှင့်ပူးပေါင်းသွားခြင်းကြောင့် TNLA တပ်ဖွဲ့မှ ပြန်လည် ဆုတ်ခွာလာခဲ့ခြင်းဖြစ်ရာ မီးလောင်ကျွမ်းမှုမှာ လက်နက်ကြီးကျခြင်းကြောင့်သာဖြစ်ဖို့များကြောင်း၎င်းမှ ပြောကြားသည်။

တအာင်းလက်နက်ကိုင်အဖွဲ့မှ မေလ(၆)ရက်နေ့တွင် ဟိုပန်ကျေးရွာအားမီးရှို့ခဲ့သဖြင့် အိမ်ခြေ(၆၆)လုံးကျော် မီးဘေးသင့်ခဲ့ပြီး လူဦးရေ (၅၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် TNLA၏ လုပ်ရပ်အား နမ့်ခမ်းမြို့နယ် အတွင်းရှိ ရှမ်းရဟန်းသံဃာပျိုများအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများနှင့် လူမှုကူညီရေးအသင်းများ စုပေါင်း၍ ကန့်ကွက်ရှုံ့ချကြောင်း ပေးစာပေးပို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သတင်း။ #ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~