က်ဳိင္းတံု၌ ဆိုင္ကယ္ခိုးသည္ဟု ယူဆရသူကို ဖမ္းဆီးၿပီး အမႈဖြင့္ထား

က်ဳိင္းတံု၌ ဆိုင္ကယ္ခိုးသည္ဟု ယူဆရသူကို ဖမ္းဆီးၿပီး အမႈဖြင့္ထား
မေ 17, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ေမလ (၁၇) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုၿမိဳ႕တြင္ ရဲတပ္ဖြဲ႔က နယ္ေျမသတင္းစံုစမ္းစဥ္ မသကၤာသူအား စစ္ေဆးရာမွ ဆိုင္ကယ္ခိုးယူသည္ဟု ယူဆရသူအား ဖမ္းဆီးထားၾကာင္း သိရသည္။

" ကြၽန္ေတာ္တို႔ သူ႔ကိုစစ္ေဆးဖို႔ တားေတာ့ အစစ္မခံဘဲ ထြက္ေျပးလို႔ မနည္းလံုးေထြးဖမ္းဆီးလိုက္ရတယ္။ ဆိုင္ကယ္ကို က်ဳိင္းတံုၿမိဳ႕နယ္ ဒါမွမဟုတ္ တျခားၿမိဳ႕နယ္တစ္ခု ခုကေန ခိုးလာတယ္လို႔ ကနဦးယူဆထားတယ္ " ဟု ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ေမလ (၁၅) ရက္က ပန္ၾကဴအုပ္စုနယ္ေျမအတြင္း နယ္ေျမသတင္း စံုစမ္းစဥ္ က်ဳိင္းတံု-ေတာင္ႀကီးလမ္း၊ ပန္ၾကဴအုပ္စု၊ ပန္ဦးရြာအေက်ာ္လမ္းအေကြ႕တြင္ အဆိုပါ မသကၤာသူအား စစ္ေဆးရာ ဆိုင္ကယ္ႏွင့္ ပတ္သက္သည့္ ပိုင္ဆိုင္ေၾကာင္း တစ္စံုတစ္ရာ အေထာက္အထား ျပႏိုင္ျခင္းမရိွသျဖင့္ ၎စီးနင္းလာသည့္ ထိုင္းႏိုင္ငံထုတ္ အျပာေရာင္ တီးနား - ၁၁၀ အမ်ဳိးအစားဆိုင္ကယ္အား သက္ေသမ်ားေ႐ု႕တြင္ ရွာေဖြပံုစံေရးသြင္းခဲ့သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

ဆိုင္ကယ္ခိုးမႈက်ဴးလြန္သည္ဟု ယူဆရသည့္ အသက္ (၂၂) ႏွစ္အရြယ္ ရဲႏိုင္ထြန္းအား ေမလ (၁၅) ရက္ေန႔က က်ဴိင္းတံုၿမိဳ႕မရဲစခန္းမွ (ပ) ၉၅ /၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၅၄ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သတင္းရရိွသည္။

သတင္း။  ။ ဇင္ေအာင္

....................

ကျိုင်းတုံ၊ မေလ (၁၇) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ရဲတပ်ဖွဲ့က နယ်မြေသတင်းစုံစမ်းစဉ် မသင်္ကာသူအား စစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူသည်ဟု ယူဆရသူအား ဖမ်းဆီးထားကြာင်း သိရသည်။
" ကျွန်တော်တို့ သူ့ကိုစစ်ဆေးဖို့ တားတော့ အစစ်မခံဘဲ ထွက်ပြေးလို့ မနည်းလုံးထွေးဖမ်းဆီးလိုက်ရတယ်။ ဆိုင်ကယ်ကို ကျိုင်းတုံမြို့နယ် ဒါမှမဟုတ် တခြားမြို့နယ်တစ်ခု ခုကနေ ခိုးလာတယ်လို့ ကနဦးယူဆထားတယ် " ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကျိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မေလ (၁၅) ရက်က ပန်ကြူအုပ်စုနယ်မြေအတွင်း နယ်မြေသတင်း စုံစမ်းစဉ် ကျိုင်းတုံ-တောင်ကြီးလမ်း၊ ပန်ကြူအုပ်စု၊ ပန်ဦးရွာအကျော်လမ်းအကွေ့တွင် အဆိုပါ မသင်္ကာသူအား စစ်ဆေးရာ ဆိုင်ကယ်နှင့် ပတ်သက်သည့် ပိုင်ဆိုင်ကြောင်း တစ်စုံတစ်ရာ အထောက်အထား ပြနိုင်ခြင်းမရှိသဖြင့်၎င်းစီးနင်းလာသည့် ထိုင်းနိုင်ငံထုတ် အပြာရောင် တီးနား - ၁၁၀ အမျိုးအစားဆိုင်ကယ်အား သက်သေများရေု့တွင် ရှာဖွေပုံစံရေးသွင်းခဲ့သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်ခိုးမှုကျူးလွန်သည်ဟု ယူဆရသည့် အသက် (၂၂) နှစ်အရွယ် ရဲနိုင်ထွန်းအား မေလ (၁၅) ရက်နေ့က ကျိူင်းတုံမြို့မရဲစခန်းမှ (ပ) ၉၅ /၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်း။ ဇင်အောင်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~