လက်ရှိသုံးစွဲနေသည့် ပိုလီယိုကာကွယ်ဆေးများအား ဖျက်ဆီး

လက်ရှိသုံးစွဲနေသည့် ပိုလီယိုကာကွယ်ဆေးများအား ဖျက်ဆီး
မေ 10, 2016
By Tachileik News Agency

ကျိုင်းတုံ၊ မေလ(၁၀)ရက်
ကမ္ဘာတစ်ဝှမ်း ပိုလီယိုကာကွယ်ဆေးနှင့် ပတ်သက်၍ ရောဂါပိုး(၂)မျိုးသာပါဝင်သည့် ဆေးတစ်မျိုးကိုသာ ပြောင်းလဲ အသုံးပြုမည်ဖြစ်သဖြင့်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များတွင် လက်ရှိအသုံးပြုနေသည့် (tOPV) ပိုလီယို ကာကွယ်ဆေးများကို  ကျိုင်းတုံမြို့ တွင် ဖျက်ဆီးလိုက်ကြောင်း သိရသည်။

"(tPOV)လို့ ခေါ်တဲ့ ပိုးသုံးမျိုးပါဝင်တဲ့ ပိုလီယိုရောဂါကာကွယ်ဆေးကနေ (BOPV)လို့ ခေါ်တဲ့ ပိုး(၂)မျိုးပဲပါတဲ့ ပိုလီယိုရောပါကာကွယ်ဆေးကို တစ်ကမ္ဘာလုံး ပြောင်းလဲသုံးစွဲတော့မှာဖြစ်တဲ့အတွက် ဒီနေ့ လက်ကျန်ဆေးတွေကို ဖျက်ဆီးပစ်တာပါ"ဟု တွဲဖက်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းအောင်က ပြောသည်။


BOPV အား စတင်တိုက်ကျွေးမည်ဖြစ်ပြီး ယခုလက်ရှိတိုက်ကျွေးနေသည့် tOPV ဆေးအားလုံးကို ပြန်လည်ရုပ်သိမ်းကာ တွဲဖက်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ပို့ဆောင်စေပြီး ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။



သတင်း။  ။ #ဇွဲမြတ်

...........................

ကျိုင်းတုံ၊ မေလ(၁၀)ရက်
ကမာ္ဘတစ်ဝှမ်း ပိုလီယိုကာကွယ်ဆေးနှင့် ပတ်သက်၍ ရောဂါပိုး(၂)မျိုးသာပါဝင်သည့် ဆေးတစ်မျိုးကိုသာ ပြောင်းလဲ အသုံးပြုမည်ဖြစ်သဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များတွင် လက်ရှိအသုံးပြုနေသည့် (tOPV) ပိုလီယို ကာကွယ်ဆေးများကို ကျိုင်းတုံမြို့တွင် ဖျက်ဆီးလိုက်ကြောင်း သိရသည်။

"(tPOV)လို့ခေါ်တဲ့ ပိုးသုံးမျိုးပါဝင်တဲ့ ပိုလီယိုရောဂါကာကွယ်ဆေးကနေ (BOPV)လို့ခေါ်တဲ့ ပိုး(၂)မျိုးပဲပါတဲ့ ပိုလီယိုရောပါကာကွယ်ဆေးကို တစ်ကမာ္ဘလုံး ပြောင်းလဲသုံးစွဲတော့မှာဖြစ်တဲ့အတွက် ဒီနေ့ လက်ကျန်ဆေးတွေကို ဖျက်ဆီးပစ်တာပါ"ဟု တွဲဖက်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းအောင်က ပြောသည်။

၂၀၁၆ခုနှစ် ဧပြီလ(၂၉)ရက် နေ့မှ စတင်၍ SWITCH DATE ဟုဆိုကာ ယခင်အသုံးပြုနေသော (tOPV)ဆေးများအစား (BOPV) အား SWITCH ပြုလုပ်သည့် DATE ဟု မြန်မာနိုင်ငံတွင် သတ်မှတ်ထားကြောင်း သိရသည်။

BOPV အား စတင်တိုက်ကျွေးမည်ဖြစ်ပြီး ယခုလက်ရှိတိုက်ကျွေးနေသည့် tOPV ဆေးအားလုံးကို ပြန်လည်ရုပ်သိမ်းကာ တွဲဖက်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ပို့ဆောင်စပြေီး ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် အသီးသီးမှ ပြန်လည်သိမ်းဆည်းထားသော ဆေးများတွင် အသုံးပြုထားသော ဆေး(၂၂၉၄) ခုနှင့် အသုံးမပြုရသေးသော ဆေး(၂၈၆)ခု စုစုပေါင်း (၂၅၈၀)ခုကို လုပ်ထုံးလုပ်နည်းများအတိုင်း ဖျက်ဆီးရမည် ဆိုပါက မီးအပူချိန် (၁၂၀၀)ဒီဂရီဖြင့် မီးရှို့ဖျက်ဆီးရမည်ဖြစ်သော်လည်း အဆိုပါ မီးအပူချိန် မရနိုင်သည့်အတွက် အလုံပိတ်ကျင်းထဲတွင် ထည့်သွင်းပြီးအပေါ်မှ ကွန်ကရစ်များလောင်းကာ ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သာမန်အတိုင်း စွန့်ပစ်ဖျက်ဆီးပါက ဆေးများအတွင်းမှ ပိုးများ လေထု၊မြေထုများအတွင်းသို့ ပျံ့နှံ့ သွားနိုင်သဖြင့် ထိုကဲ့သို့ အလုံပိတ်ကျင်းအတွင်းသို့ထည့်ကာ ဖျက်ဆီးပစ်ရခြင်းဖြစ်ကြောင်း တွဲဖက်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သတင်း။ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~