RCSS/SSA မွ လူသစ္စုေဆာင္းခံရသည့္ လူငယ္ ၂၉ ဦးအား တပ္မေတာ္က မိဘမ်ားထံ ျပန္လည္အပ္ႏွံ

RCSS/SSA မွ လူသစ္စုေဆာင္းခံရသည့္ လူငယ္ ၂၉ ဦးအား တပ္မေတာ္က မိဘမ်ားထံ ျပန္လည္အပ္ႏွံ
မေ 23, 2016
By Tachileik News Agency

နမ့္စန္၊ ေမလ(၂၃)
႐ွမ္းျပည္နယ္ေတာင္ပုိင္း နမ့္စန္ၿမိဳ႕တြင္ RCSS/SSA အဖြဲ႔မွ လူသစ္စုေဆာင္းခံရသူ (၂၉) ဦးအား တပ္မေတာ္က ေတြ႔ရိွ၍ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္ေပးအပ္ပြဲ အခမ္းအနားကို ယေန႔ ေမလ (၂၃)ရက္ေန႔တြင္ က်င္းပသည္။

တပ္မေတာ္စစ္ေၾကာင္းမွ နမ့္စန္၊ ခုိလမ္ျပည္ေထာင္စုလမ္းမႀကီး ပတ္၀န္းက်င္တြင္ နယ္ေျမလုံျခံဳေရး ေဆာင္ရြက္စဥ္ နမ့္မုိရြာမွ နမ့္စန္ၿမိဳ႕သုိ႔ ေမာင္းႏွင္လာေသာ ေမာ္ေတာ္ကား(၂)စီးအား မသကၤာ၍ ရပ္တန္႔စစ္ေဆးရာမွ လူငယ္(၂၉)ဦးအား RCSS/SSA က စစ္သားသစ္စုေဆာင္းခံရျခင္းျဖစ္ေၾကာင္း သိရသျဖင့္ တပ္မေတာ္က ေခၚယူကာ ၎တို႔၏ မိဘမ်ားထံ ျပန္လည္အပ္ႏွံျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္မွအရာ႐ွိမ်ား၊ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၊ ဌာနဆုိင္ရာမ်ား၊ ႏုိင္ငံေရးပါတီမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားတက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု။  ။ သန္းစိုးေအာင္(နမ့္စန္)

.................

နမ့်စန်၊ မေလ(၂၃)
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းခံရသူ (၂၉) ဦးအား တပ်မတော်က တွေ့ရှိ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မေလ (၂၃)ရက်နေ့တွင် ကျင်းပသည်။

တပ်မတော်စစ်ကြောင်းမှ နမ့်စန်၊ ခိုလမ်ပြည်ထောင်စုလမ်းမကြီး ပတ်ဝန်းကျင်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နမ့်မိုရွာမှ နမ့်စန်မြို့သို့ မောင်းနှင်လာသော မော်တော်ကား(၂)စီးအား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာမှ လူငယ်(၂၉)ဦးအား RCSS/SSA က စစ်သားသစ်စုဆောင်းခံရခြင်းဖြစ်ကြောင်း သိရသဖြင့် တပ်မတော်က ခေါ်ယူကာ၎င်းတို့၏ မိဘများထံ ပြန်လည်အပ်နှံခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်မှအရာရှိများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ။ သန်းစိုးအောင်(နမ့်စန်)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net