ရက္ ၁၀၀ စီမံခ်က္အတြင္း ေဖာ္ထုတ္ရရိွခဲ႔ေသာ ဆိုင္ကယ္ ၁၉ စီးႏွင့္ ဟမ္းဆက္ ၁၉လံုးအား ပိုင္ရွင္မ်ားထံ ယာယီျပန္လည္အပ္ႏွံ

ရက္ ၁၀၀ စီမံခ်က္အတြင္း ေဖာ္ထုတ္ရရိွခဲ႔ေသာ ဆိုင္ကယ္ ၁၉ စီးႏွင့္ ဟမ္းဆက္ ၁၉လံုးအား ပိုင္ရွင္မ်ားထံ ယာယီျပန္လည္အပ္ႏွံ
မေ 23, 2016
By Tachileik News Agency

မေကြး၊ေမလ (၂၃) ရက္
မေကြးတိုင္းေဒသႀကီး မေကြးရဲတပ္ဖဲြ႔၏ ရက္(၁၀၀)စီမံခ်က္ျဖင့္ ဖမ္းဆီးေဖာ္ထုတ္ရရိွခဲ့သည့္ ဆိုင္ကယ္(၁၉)စီးႏွင့္ ဟမ္းဖုန္း(၁၉)လံုးတို႔အနက္ ပိုင္ရွင္ေဖာ္ထုတ္ရရိွေသာ ဆိုင္ကယ္ႏွင့္ဟမ္းဖုန္းတို႔ကို မေကြးခရိုင္ရဲတပ္ဖဲြ႔မွဴးရံုးတြင္ ပိုင္ရွင္မ်ားထံ ျပန္လည္ေပးအပ္ႏိုင္ခဲ့ေၾကာင္း ခရိုင္ရဲတပ္ဖဲြ႔မွဴးရံုးမွ သိရိွရသည္။

“လံုၿခံဳေရး၊ မႈခင္းက်ဆင္းေရးနဲ႔ တရားဥပေဒစိုးမိုးေရး ရက္(၁၀၀)စီမံခ်က္အတြင္းမွာ မေကြးခရိုင္ရဲတပ္ဖဲြ႔က ေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့တဲ့ ဆိုင္ကယ္ (၁၉) စီးနဲ႔ ဟမ္းဖုန္း (၁၉) လံုးတို႔အနက္ ပိုင္ရွင္ေဖာ္ထုတ္ရရိွခဲ့တဲ့ သက္ေသခံပစၥည္းေတြကို တရားသူႀကီးရဲ႕ ႀကိဳတင္ခြင့္ျပဳခ်က္ရယူၿပီး ေခတၱယာယီျပန္လည္အပ္ႏွံတာျဖစ္ပါ တယ္”ဟု မေကြးခရိုင္ ရဲတပ္ဖဲြ႔မွဴး ဒုတိယရဲမွဴးႀကီး မင္းဟန္က ေျပာသည္။

ရက္(၁၀၀)စီမံခ်က္ စတင္သည့္ ေမလ (၁) ရက္က မေကြးၿမိဳ႕ ေရွာပင္းေမာဆိုင္ေရွ႕၌ ရပ္တန္႔ထားေသာ ဆိုင္ကယ္တစ္စီး ခိုးယူခံလိုက္ရသည့္ျဖစ္စဥ္ေၾကာင့္ မေကြးခရိုင္ရဲတပ္ဖဲြ႔မွဴး ဒုတိယရဲမွဴးႀကီး မင္းဟန္၏ ညႊန္ၾကားမႈ၊ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးႏွင္႔ ၿမိဳ႕မရဲစခန္းမွဴးတို႔၏ အနီးကပ္ႀကီးၾကပ္မႈျဖင့္ ဆိုင္ကယ္ခိုးယူသူအား စံုစမ္းေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ၎ခိုးယူခဲ့ေသာ ဆိုင္ကယ္(၁၉)စီးအား ေဖာ္ထုတ္သိမ္းဆည္းရမိခဲ့ ျခင္းျဖစ္သည္။

“ဒီျဖစ္စဥ္ မတိုင္ခင္က အဲဒီေရွာ့ပင္းေမာ ဆိုင္ေရွ႕မွာ CCTV ကင္မရာတပ္ဆင္ထားဖို႔ ကၽြန္ေတာ္တို႔ ရဲတပ္ဖဲြ႔က အၾကံျပဳတိုက္တြန္းခဲ့တာေၾကာင့္ အဲဒီ CCTV ရဲ႕မွတ္တမ္းကိုၾကည့္ၿပီး တရားခံကို ေဖာ္ထုတ္ ႏိုင္ခဲ႔တာပါ။ တခ်ိဳ႕ဆိုင္ကယ္ေတြက တိုင္ခ်က္ဖြင့္ထားတာမ်ိဳးမရိွလို႔ ဆိုင္ကယ္ပိုင္ရွင္ေတြကို စံုစမ္းေဖာ္ ထုတ္တဲ႔ေနရာမွာေတာ႔ အခက္အခဲနဲ႔ႀကံဳေတြ႔ရပါတယ္” ဟု မေကြးခရိုင္ရဲတပ္ဖဲြ႔ မႈခင္းႏွိမ္နင္းေရးဌာန တာ ဝန္ခံ ရဲအုပ္သက္ေအာင္စိုးက ေျပာသည္။

တရားခံေဖာ္ထုတ္၍ သိမ္းဆည္းရမိခဲ႔ေသာ ဟမ္းဆက္(၁၉)လံုးအနက္ (၆)လံုးမွာ မေကြးတိုင္းေဒ သႀကီးျပည္သူ႔ေဆးရံုႏွင္႔ သင္ၾကားေရးေဆးရံုတို႔မွ ျဖစ္ၿပီး (၁၃)လံုးမွာ (၁၂.၅.၂၀၁၆) ၂၀၁၆ခုႏွစ္ ေမလ(၁၂)ရက္ေန႔က  မေကြး ၿမိဳ႕နယ္ ရွားေဇာင္းကန္ေက်းရြာ၌ ဟမ္းဆက္မ်ားကို မူလတန္ဖိုးထက္ ေလွ်ာ႔၍ ေရာင္းခ်ေနေၾကာင္း သတင္းအရ မေကြးခရိုင္ရဲတပ္ဖဲြ႔ မႈခင္းႏိွမ္နင္းေရးဌာနတာဝန္ခံ ရဲအုပ္သက္ေအာင္စိုးႏွင့္ ရဲတပ္ဖဲြ႔ဝင္မ်ားက သြားေရာက္စံုစမ္း ေဖာ္ထုတ္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဟမ္းဆက္(၁၉)လံုးမွာ မင္းဘူး(စကု)ၿမိဳ႕နယ္ ေရႊစက္ေတာ္ဘုရားပဲြေတာ္အတြင္း အနယ္ နယ္အရပ္ရပ္မွလာေရာက္ေသာ  ဘုရားဖူးမ်ားထံမွ ခိုးယူခဲ႔သည့္ ဟမ္းဆက္မ်ားျဖစ္ေၾကာင္း သိရသည္။

“ခိုးယူခံလိုက္ရတဲ့ ဆိုင္ကယ္ေတြနဲ႔ ကၽြန္ေတာ့ ဟမ္းဆက္ကို အခုလို စံုစမ္းေဖာ္ထုတ္ၿပီး ျပန္လည္ အပ္ႏွံေပးတဲ႔ ရဲတပ္ဖဲြ႔ကို အထူးေက်းဇူးတင္ပါတယ္။ ဒီလိုမ်ိဳး အမ်ားႀကီးေဖာ္ထုတ္ႏိုင္ခဲ႔ၿပီး ပိုင္ရွင္ကို အပ္ႏွံတာမ်ိဳး တစ္ခါမွ မၾကားဘူးခဲ့တဲ့အတြက္ ရဲတပ္ဖဲြ႔ရဲ႕စြမ္းေဆာင္ခ်က္အေပၚ ခ်ီးက်ဴးမိပါတယ္”ဟု မေကြးၿမိဳ႕ေနသူ ဦးထြန္းေအာင္ေက်ာ္က ေျပာသည္။

ပိုင္ရွင္ေဖာ္ထုတ္ႏိုင္ျခင္းမရိွေသးသည့္ ပစၥည္းမ်ားနွင့္ ပတ္သက္၍  ပိုင္ရွင္ေပၚေပါက္ရန္ ဆက္္လက္ စံုစမ္းေဖာ္ထုတ္သြားမည္ျဖစ္ၿပီး ယခု အပ္ႏွံလိုက္ေသာဆိုင္ကယ္ႏွင့္ ဟမ္းဆက္မ်ားကိုလည္း တရားရံုးတြင္ သက္ေသခံပစၥည္းမ်ား အျဖစ္ ျပန္တင္သြင္းၿပီးမွ သက္ဆိုင္ရာတရားရံုး၏ အစီအမံျဖင့္ မူလပိုင္ရွင္လက္ဝယ္သို႔ ျပန္လည္ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဖီးနစ္(မေကြး)

..................
မကွေး၊မေလ (၂၃) ရက်
မကွေးတိုင်းဒေသကြီး မကွေးရဲတပ်ဖွဲ့၏ ရက်(၁၀၀)စီမံချက်ဖြင့် ဖမ်းဆီးဖော်ထုတ်ရရှိခဲ့သည့် ဆိုင်ကယ်(၁၉)စီးနှင့် ဟမ်းဖုန်း(၁၉)လုံးတို့အနက် ပိုင်ရှင်ဖော်ထုတ်ရရှိသော ဆိုင်ကယ်နှင့်ဟမ်းဖုန်းတို့ကို မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
“လုံခြုံရေး၊ မှုခင်းကျဆင်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ရက်(၁၀၀)စီမံချက်အတွင်းမှာ မကွေးခရိုင်ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးရမိခဲ့တဲ့ ဆိုင်ကယ် (၁၉) စီးနဲ့ ဟမ်းဖုန်း (၁၉) လုံးတို့အနက် ပိုင်ရှင်ဖော်ထုတ်ရရှိခဲ့တဲ့ သက်သေခံပစ္စည်းတွေကို တရားသူကြီးရဲ့ ကြိုတင်ခွင့်ပြုချက်ရယူပြီး ခေတ္တယာယီပြန်လည်အပ်နှံတာဖြစ်ပါ တယ်”ဟု မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်က ပြောသည်။
ရက်(၁၀၀)စီမံချက် စတင်သည့် မေလ (၁) ရက်က မကွေးမြို့ ရှောပင်းမောဆိုင်ရှေ့၌ ရပ်တန့်ထားသော ဆိုင်ကယ်တစ်စီး ခိုးယူခံလိုက်ရသည့်ဖြစ်စဉ်ကြောင့် မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်၏ ညွှန်ကြားမှု၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့မရဲစခန်းမှူးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆိုင်ကယ်ခိုးယူသူအား စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ၎င်းခိုးယူခဲ့သော ဆိုင်ကယ်(၁၉)စီးအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ ခြင်းဖြစ်သည်။
“ဒီဖြစ်စဉ် မတိုင်ခင်က အဲဒီရှော့ပင်းမော ဆိုင်ရှေ့မှာ CCTV ကင်မရာတပ်ဆင်ထားဖို့ ကျွန်တော်တို့ ရဲတပ်ဖွဲ့က အကြံပြုတိုက်တွန်းခဲ့တာကြောင့် အဲဒီ CCTV ရဲ့မှတ်တမ်းကိုကြည့်ပြီး တရားခံကို ဖော်ထုတ် နိုင်ခဲ့တာပါ။ တချို့ဆိုင်ကယ်တွေက တိုင်ချက်ဖွင့်ထားတာမျိုးမရှိလို့ ဆိုင်ကယ်ပိုင်ရှင်တွေကို စုံစမ်းဖော် ထုတ်တဲ့နေရာမှာတော့ အခက်အခဲနဲ့ကြုံတွေ့ရပါတယ်” ဟု မကွေးခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာန တာ ဝန်ခံ ရဲအုပ်သက်အောင်စိုးက ပြောသည်။
တရားခံဖော်ထုတ်၍ သိမ်းဆည်းရမိခဲ့သော ဟမ်းဆက်(၁၉)လုံးအနက် (၆)လုံးမှာ မကွေးတိုင်းဒေ သကြီးပြည်သူ့ဆေးရုံနှင့် သင်ကြားရေးဆေးရုံတို့မှ ဖြစ်ပြီး (၁၃)လုံးမှာ (၁၂.၅.၂၀၁၆) ၂၀၁၆ခုနှစ် မေလ(၁၂)ရက်နေ့က မကွေး မြို့နယ် ရှားဇောင်းကန်ကျေးရွာ၌ ဟမ်းဆက်များကို မူလတန်ဖိုးထက် လျှော့၍ ရောင်းချနေကြောင်း သတင်းအရ မကွေးခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနတာဝန်ခံ ရဲအုပ်သက်အောင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စုံစမ်း ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟမ်းဆက်(၁၉)လုံးမှာ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်ဘုရားပွဲတော်အတွင်း အနယ် နယ်အရပ်ရပ်မှလာရောက်သော ဘုရားဖူးများထံမှ ခိုးယူခဲ့သည့် ဟမ်းဆက်များဖြစ်ကြောင်း သိရသည်။
“ခိုးယူခံလိုက်ရတဲ့ ဆိုင်ကယ်တွေနဲ့ ကျွန်တော့ ဟမ်းဆက်ကို အခုလို စုံစမ်းဖော်ထုတ်ပြီး ပြန်လည် အပ်နှံပေးတဲ့ ရဲတပ်ဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး အများကြီးဖော်ထုတ်နိုင်ခဲ့ပြီး ပိုင်ရှင်ကို အပ်နှံတာမျိုး တစ်ခါမှ မကြားဘူးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ရဲ့စွမ်းဆောင်ချက်အပေါ် ချီးကျူးမိပါတယ်”ဟု မကွေးမြို့နေသူ ဦးထွန်းအောင်ကျော်က ပြောသည်။
ပိုင်ရှင်ဖော်ထုတ်နိုင်ခြင်းမရှိသေးသည့် ပစ္စည်းများနှင့် ပတ်သက်၍ ပိုင်ရှင်ပေါ်ပေါက်ရန် ဆက်လက် စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ပြီး ယခု အပ်နှံလိုက်သောဆိုင်ကယ်နှင့် ဟမ်းဆက်များကိုလည်း တရားရုံးတွင် သက်သေခံပစ္စည်းများ အဖြစ် ပြန်တင်သွင်းပြီးမှ သက်ဆိုင်ရာတရားရုံး၏ အစီအမံဖြင့် မူလပိုင်ရှင်လက်ဝယ်သို့ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 
သတင်း။ ဖီးနစ်(မကွေး)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~