တာလေမြို့၊ မိုင်းလင်း လေဘေးသင့် (၃၆)ဦးအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

တာလေမြို့၊ မိုင်းလင်း လေဘေးသင့် (၃၆)ဦးအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
မေ 1, 2016
By Tachileik News Agency

တာလေ၊ မေလ(၁)
ဧပြီလ(၂၉)ရက်နေ့က လူ(၃၆)ဦး လေဘေးသင့်ခဲ့ရသော တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ နမ့်ခမ်း(၀)ကျေးရွာရှိ ပြည်သူများထံ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနတို့မှ သွားရောက်ထောက်ပံ့မှုကို မေလ(၁)ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဦး ဦးဆောင်ပြီး ကျိုင်းတုံ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာရွှေ နှင့် တာဝန်ရှိသူများမှ သွားရောက်ပြီး လေဘေးသင့် ပြည်သူများကို ငွေသားနှင့်ပစ္စည်းများပေးအပ်ထောက်ပံ့ခြင်းဖြစ်သည်။


ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၅)လုံး ပျက်စီးခဲ့ရပြီး လူ(၃၆)ဦး လေဘေးသင့်ခဲ့ရကြောင်း သိရသည်။

ဧပြီလ(၂၉)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်က တာလေမြို့၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ နမ့်ခမ်း(၀)ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုသွားပြီး နေအိမ်(၅)လုံးမှာ အမိုးများလန်သွားကာ ကျား(၁၉)ဦး၊ မ(၁၇)ဦး စုစုပေါင်း (၃၆)ဦး လေဘေးသင့်ခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ ။ ။ ‪#‎အောင်ကျော်မိုး‬
................

တာလေ၊ မေလ(၁)
ဧပြီလ(၂၉)ရက်နေ့က လူ(၃၆)ဦး လေဘေးသင့်ခဲ့ရသော တာချီလိတ်ခရိုင်၊ တာလမြေို့၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ နမ့်ခမ်း(ဝ)ကျေးရွာရှိ ပြည်သူများထံ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနတို့မှ သွားရောက်ထောက်ပံ့မှုကို မေလ(၁)ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာလမြေို့ အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဦး ဦးဆောင်ပြီး ကျိုင်းတုံ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒါရွှေ နှင့် တာဝန်ရှိသူများမှ သွားရောက်ပြီး လေဘေးသင့် ပြည်သူများကို ငွေသားနှင့်ပစ္စည်းများပေးအပ်ထောက်ပံ့ခြင်းဖြစ်သည်။

ထောက်ပံ့ပေးအပ်ရာတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ နေအိမ်ပြိုသည့် မိသားစုအတွက် ကျပ်(၅၀၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အမိုးလန်သည့် နေအိမ်(၅)လုံးအတွက် တစ်လုံးလျှင် ကျပ်(၂၀၀၀၀)စီ အပြင် ဌာနဆိုင်ရာနှင့် အလှူရှင်များမှ ဆန်(၆)အိတ်၊ ဆီ(၁၂)ဘူး၊ ခေါက်ဆွဲဖာ (၈)ဖာ နှင့် စုစုပေါင်း ငွေသား ကျပ်(၂၅၀,ဝဝဝ)အား လက်ဝယ်အရောက် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၊ တာချီလိတ်ခရိုင်၊ တာလမြေို့တွင် လပြေင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၅)လုံး ပျက်စီးခဲ့ရပြီး လူ(၃၆)ဦး လေဘေးသင့်ခဲ့ရကြောင်း သိရသည်။

ဧပြီလ(၂၉)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်က တာလမြေို့၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ နမ့်ခမ်း(ဝ)ရွာတွင် လပြေင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုသွားပြီး နေအိမ်(၅)လုံးမှာ အမိုးများလန်သွားကာ ကျား(၁၉)ဦး၊ မ(၁၇)ဦး စုစုပေါင်း (၃၆)ဦး လေဘေးသင့်ခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ။ ‪#‎အောင်ကျော်မိုး‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~