မန်းမုံ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် မြှင့်တင်ရေးအတွက် ဘတ်ဂျက်တောင်းမည်
မန်းမုံ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် မြှင့်တင်ရေးအတွက် ဘတ်ဂျက်တောင်းမည်
မေ 6, 2016
By Tachileik News Agency
တာချီလိတ်၊ မေလ (၆)ရက်
အဆိုပါ ဆေးရုံ အဆင့်မြှင့်တင်ရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေတင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှသာ တိုက်နယ်ဆေးရုံအဖြစ်ဆောက်လုပ်၍ လိုအပ်သော ပစ္စည်းကိရိယာနှင့် ၀န်ထမ်းများအား တာဝန်ချထားပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မေလ(၄)ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ်မြောက်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး န၀မအကြိမ်မြောက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်မှ မန်းမုံ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိရေးအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ယခင်ပြည်သူ့လွှတ်တော် န၀မအကြိမ်မြောက် ပုံမှန်အစည်းအဝေး(၂၂)ရက်မြောက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးမှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ယနေ့အချိန်အထိ အဆောက်အဦ ဆောက်လုပ်ခြင်းမရှိသေးသည့် အပေါ်မေးခွန်းထုတ်ခြင်းအား ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
တိုက်နယ်ဆေးရုံသို့ အဆင့်မြှင့်ဖွင့်လှစ်မည်ဆိုပါက လက်ရှိဝန်ထမ်းဖွဲ့စည်းပုံအရ အရာထမ်း(၂)နေရာအတွက် တစ်နှစ် ကုန်ကျစရိတ် ကျပ်(၃.၆)သန်းအပါအ၀င် အမှုထမ်း(၁၇)နေရာအတွက် စုစုပေါင်း တစ်နှစ်ကုန်ကျငွေ (၃၅.၃၄)သန်းကုန်ကျမည်ဖြစ်ပြီး ယခင်ထက် ကုန်ကျမှုထက် (၃၁.၇၄)သန်း ပိုမိုကုန်ကျမည်ဖြစ်ကြောင်း၊ စံကိုက်အဆောက်အဦဆောက်လုပ်ရန် တိုက်နယ်ဆေးရုံအတွက် ကျပ်သန်း(၆၀၀)သတ်မှတ်ထားကြောင်း၊ ထို့ကြောင့် လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှသာ ဘတ်ဂျက်တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှသာ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း။  ။ ကိုဇက်
.................
တာချီလိတ်၊ မေလ (၆)ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ မန်းမုံကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင်ရန် လာမည့်ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံ အဆင့်မြှင့်တင်ရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေတင်ပြတောင်းခံပြီး ရန်ပုံငွေခွေဲဝရရှိမှသာ တိုက်နယ်ဆေးရုံအဖြစ်ဆောက်လုပ်၍ လိုအပ်သော ပစ္စည်းကိရိယာနှင့် ဝန်ထမ်းများအား တာဝန်ချထားပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မေလ(၄)ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ်မြောက်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအေဝး နဝမအကြိမ်မြောက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်မှ မန်းမုံ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိရေးအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ယခင်ပြည်သူ့လွှတ်တော် နဝမအကြိမ်မြောက် ပုံမှန်အစည်းအေဝး(၂၂)ရက်မြောက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ယနေ့အချိန်အထိ အဆောက်အဦ ဆောက်လုပ်ခြင်းမရှိသေးသည့် အပေါ်မေးခွန်းထုတ်ခြင်းအား ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ယင်းကဲ့သို့ ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။
"ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ဆေးရုံ၊ ဆေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများ အသစ်ဖွင့်လှစ်ခြင်း၊ အဆင့်မြှင့်ခြင်း၊ တိုးချဲ့ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အကြမ်းဖျင်း တင်ပြရလျှင် လူဦးရေသိပ်သည်းမှုအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးနှင့် သဘာဝ ပထဝီအနေအထား၊ လုံလောက်သောမြေအကျယ်အဝန်း၊ ရောဂါဖြစ်ပွားမှု အခြေအနေ၊ ရောဂါဖြစ်ပွားမှု နှုန်းနှင့် ပြန့်ပွားမှုနှုန်း၊ ဝန်ထမ်းလိုအပ်ချက်များ ရှိ/မရှိ၊ ပတ်ဝန်းကျင်ဒေသရှိ ဖွင့်လှစ်ပြီးသော ဆေးရုံ၊ ဆေးပေးခန်းနှင့် ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေး ဌာနခွဲများတို့ရှိ/မရှိ ကိုစစ်ဆေးပြီး အဆင့်မြှင့်တင်ဖွင့်လှစ်ရမှာပါ"ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်မြင့်ထွေးမှ ပြောကြားခဲ့သည်။
တိုက်နယ်ဆေးရုံသို့ အဆင့်မြှင့်ဖွင့်လှစ်မည်ဆိုပါက လက်ရှိဝန်ထမ်းဖွဲ့စည်းပုံအရ အရာထမ်း(၂)နေရာအတွက် တစ်နှစ် ကုန်ကျစရိတ် ကျပ်(၃.၆)သန်းအပါအဝင် အမှုထမ်း(၁၇)နေရာအတွက် စုစုပေါင်း တစ်နှစ်ကုန်ကျငွေ (၃၅.၃၄)သန်းကုန်ကျမည်ဖြစ်ပြီး ယခင်ထက် ကုန်ကျမှုထက် (၃၁.၇၄)သန်း ပိုမိုကုန်ကျမည်ဖြစ်ကြောင်း၊ စံကိုက်အဆောက်အဦဆောက်လုပ်ရန် တိုက်နယ်ဆေးရုံအတွက် ကျပ်သန်း(၆၀၀)သတ်မှတ်ထားကြောင်း၊ ထို့ကြောင့် လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှသာ ဘတ်ဂျက်တင်ပြတောင်းခံပြီး ရန်ပုံငွေခွေဲဝရရှိမှသာ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း။ ကိုဇက်
ပုံအညွှန်း။ ( ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးစဉ်၊ ဓာတ်ပုံ။ ပြည်သူ့လွှတ်တော် )
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~