ရက္ ၁၀၀ စီမံခ်က္ျဖင့္ ရဲတပ္ဖဲြ႔အေပၚ ယံုၾကည္မႈတည္ေဆာက္မည္

ရက္ ၁၀၀ စီမံခ်က္ျဖင့္ ရဲတပ္ဖဲြ႔အေပၚ ယံုၾကည္မႈတည္ေဆာက္မည္
မေ 10, 2016
By Tachileik News Agency

မေကြး၊ ေမလ (၁၀) ရက္
မေကြးတိုင္းေဒသႀကီးအတြင္း တရားဥပေဒစိုးမိုးေရးႏွင့္ မႈခင္းက်ဆင္းေရး ရက္ (၁၀၀)စီမံခ်က္ျဖင့္ ရဲတပ္ဖြဲ႔အေပၚ ယံုၾကည္မႈတည္ေဆာက္ႏုိင္ရန္ ရဲတပ္ဖြဲ႕အေနျဖင့္ ဝန္ေဆာင္မႈေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီး ရဲတပ္ဖဲြ႔က ရက္(၁၀၀)စီမံခ်က္ကို ၂၀၁၆ ခုႏွစ္ ေမလ(၁)ရက္ေန႔မွစ၍ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး မႈခင္းက်ဆင္းေရး၊ မူးယစ္ေဆး၀ါးေလွ်ာ့ခ်ေရးႏွင့္ ယာဥ္တိုက္မႈက်ဆင္းေရးတို႔ ပါ၀င္ေၾကာင္းသိရသည္။

“ရက္(၁၀၀)စီမံခ်က္အေနနဲ႔ ကၽြန္ေတာ္တို႔ ရဲတပ္ဖဲြ႔က ယာဥ္တိုက္မႈေတြ၊ မႈခင္းေတြ၊ မူးယစ္ေဆးဝါး အႏၱရာယ္ေတြ ေလ်ာ့က်သြားေအာင္လုပ္မွာျဖစ္ေပမဲ့ အက်ိဳးရလဒ္အေနနဲ႔ကေတာ႔ ရဲတပ္ဖဲြ႔နဲ႔ ျပည္သူပိုမို ရင္းႏွီးမႈရရိွၿပီး ျပည္သူလူထုရဲ႕ ယံုၾကည္မႈတည္ေဆာက္ႏိုင္မယ္ဆိုတာကိုပဲ အဓိက ေမွ်ာ္မွန္းႏိုင္မွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲတပ္ဖဲြ႔က ျပည္သူလူထုအေပၚ ထိန္းခ်ဳပ္ အေရးယူမႈနဲ႔ ေဆာင္ရြက္လာခဲ႔ရာက အခု အခ်ိန္ကစၿပီး ဝန္ေဆာင္မႈေပးၿပီးေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္”ဟု မေကြးတိုင္းေဒသႀကီး ရဲတပ္ဖဲြ႔မွဴး ရဲမွဴးႀကီးျမင္႔လြင္က ေျပာၾကားသည္။

ျပည္သူ ႏွင့္ရဲတပ္ဖဲြ႕ ပိုမိုရင္းႏွီးမႈ၊ အျပန္အလွန္နားလည္မႈ၊ ရဲတပ္ဖဲြ႔အေပၚ ျပည္သူလူထု ယံုၾကည္ကိုး စားမႈရရိွလာႏိုင္ျခင္းတို႔အား  အဆိုပါရက္ (၁၀၀)စီမံခ်က္ျဖင့္ အေကာင္အထည္ေဖာ္ရန္ ႀကိဳးစားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

“ကၽြန္ေတာ္တို႔ဌာနနဲ႔  ရဲတပ္ဖဲြ႔ပူးေပါင္းၿပီး ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ပညာေပးေဆာင္ရြက္ခဲ႔တာမွာ ေမ လ ၆ ရက္အထိ ဆိုင္ကယ္ေပါင္း ၇၇၁ စီး၊ သံုးဘီး ၄ စီး ေမာ္ေတာ္ယာဥ္ ၃၅ စီးအထိ ပညာ ေပးႏိုင္ခဲ႔ပါတယ္။ အက်ိဳးဆက္အရ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းလာၾကၿပီး  ႏွစ္ဦးထက္မပိုတဲ႔ ဆိုင္ကယ္စီးနင္းမွဳ ေတြ ေတြ႔လာရပါတယ္”ဟု မေကြးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

ယစ္မ်ိဳးဆိုင္မ်ား စည္းကမ္းႏွင္႔အညီ ဖြင္႔လွစ္ႏိုင္ေရး၊ သတ္မွတ္လိုင္စင္မ်ားႏွင္႔အညီ ယစ္မ်ိဳးပစၥည္းမ်ား ေရာင္းခ်ႏိုင္ေရးအတြက္ ကြင္းဆင္းေဆာင္ရြက္ရန္ စီစဥ္ေနသည့္အျပင္ ခိုးမႈ၊ ေလာင္းကစားမႈ၊ မူးယစ္ေဆးဝါးမႈမ်ားႏွင္႔ပတ္သက္၍ အပတ္စဥ္ ကြင္းဆင္းကာ အသိပညာေပးလုပ္ငန္းမ်ား ေဆာင္ရြက္ႏိုင္ရန္ စီမံထားေၾကာင္း သိရသည္။

“ဒီမွာေဆြးေႏြးသြားသလိုမ်ိဳး အရက္ေသစာေသာက္စားမႈေတြကို ကၽြန္ေတာ္တို႔ ေက်ာင္းသားေတြအေနနဲ႔ အတတ္ႏိုင္ဆံုးေလွ်ာ႔ခ်သြားဖို႔နဲ႔  မူးယစ္ေဆးဝါးသံုးစဲြမႈေတြ  လံုးဝမသံုးစြဲၾကဖို႔ ကၽြန္ေတာ္တို႔ ကိုယ္တိုင္ အသိပညာရိွမယ္ဆိုရင္ က်န္တဲ႔ ေက်ာင္းသားေတြကိုလည္း အသိပညာျပန္ျဖန္႔ေဝႏိုင္မယ္။ ဒါေၾကာင္႔ ဒီပဲြကိုလာတက္ျဖစ္တာပါ။ ရက္(၁၀၀) ထဲနဲ႔ေတာ႔ အကုန္လံုးကိုေျပာင္းလဲသြားဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ လို အပ္ခ်က္ေတြအမ်ားႀကီးထဲကမွ ေတာ္ေတာ္မ်ားမ်ားကို ျဖည္႔ဆည္းသြားႏိုင္မယ္လို႔ေတာ႔ ယံုၾကည္ပါတယ္” ဟု မေကြး ေဆးတကၠသိုလ္ေက်ာင္းသား ကိုသူရလြင္က ဆိုသည္။

တစ္ႏိုင္ငံလံုးအတိုင္းအတာအေနျဖင္႔ မႈခင္းျဖစ္ပြားမႈမွာ မေကြးတိုင္းေဒသႀကီးက အဆင္႔(၅)ေနရာတြင္ ရိွေနၿပီး ရန္ကုန္၊ မႏၱေလး၊ ပဲခူး၊ ဧရာဝတီတိုင္းေဒသႀကီးတို႔မွာ မႈခင္းျဖစ္ပြားမႈအမ်ားဆံုးျဖစ္ေနသည့္ ေဒသမ်ားျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဖီးနစ္(မေကြး)
...............
မကွေး၊ မေလ (၁၀) ရက်
မကွေးတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး ရက် (၁၀၀)စီမံချက်ဖြင့် ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုတည်ဆောက်နိုင်ရန် ရဲတပ်ဖွဲ့အနဖြေင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရက်(၁၀၀)စီမံချက်ကို ၂၀၁၆ ခုနှစ် မေလ(၁)ရက်နေ့မှစ၍ ဆောင်ရွက်နခြေင်းဖြစ်ပြီး မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးလျှော့ချရေးနှင့် ယာဉ်တိုက်မှုကျဆင်းရေးတို့ ပါဝင်ကြောင်းသိရသည်။
“ရက်(၁၀၀)စီမံချက်အနေနဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့က ယာဉ်တိုက်မှုတွေ၊ မှုခင်းတွေ၊ မူးယစ်ဆေးဝါး အန္တရာယ်တွေ လျော့ကျသွားအောင်လုပ်မှာဖြစ်ပေမဲ့ အကျိုးရလဒ်အနေနဲ့ကတော့ ရဲတပ်ဖွဲ့နဲ့ ပြည်သူပိုမို ရင်းနှီးမှုရရှိပြီး ပြည်သူလူထုရဲ့ ယုံကြည်မှုတည်ဆောက်နိုင်မယ်ဆိုတာကိုပဲ အဓိက မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲတပ်ဖွဲ့က ပြည်သူလူထုအပေါ် ထိန်းချုပ် အရေးယူမှုနဲ့ ဆောင်ရွက်လာခဲ့ရာက အခု အချိန်ကစပြီး ဝန်ဆောင်မှုပေးပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်လွင်က ပြောကြားသည်။
ပြည်သူ နှင့်ရဲတပ်ဖွဲ့ ပိုမိုရင်းနှီးမှု၊ အပြန်အလှန်နားလည်မှု၊ ရဲတပ်ဖွဲ့အပေါ် ပြည်သူလူထု ယုံကြည်ကိုး စားမှုရရှိလာနိုင်ခြင်းတို့အား အဆိုပါရက် (၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ရန် ကြိုးစားမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။
“ကျွန်တော်တို့ဌာနနဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဆောင်ရွက်ခဲ့တာမှာ မေ လ ၆ ရက်အထိ ဆိုင်ကယ်ပေါင်း ၇၇၁ စီး၊ သုံးဘီး ၄ စီး မော်တော်ယာဉ် ၃၅ စီးအထိ ပညာ ပေးနိုင်ခဲ့ပါတယ်။ အကျိုးဆက်အရ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းလာကြပြီး နှစ်ဦးထက်မပိုတဲ့ ဆိုင်ကယ်စီးနင်းမှု တွေ တွေ့လာရပါတယ်”ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
ယစ်မျိုးဆိုင်များ စည်းကမ်းနှင့်အညီ ဖွင့်လှစ်နိုင်ရေး၊ သတ်မှတ်လိုင်စင်များနှင့်အညီ ယစ်မျိုးပစ္စည်းများ ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရန် စီစဉ်နေသည့်အပြင် ခိုးမှု၊ လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုများနှင့်ပတ်သက်၍ အပတ်စဉ် ကွင်းဆင်းကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံထားကြောင်း သိရသည်။
“ဒီမှာဆွေးနွေးသွားသလိုမျိုး အရက်သေစာသောက်စားမှုတွေကို ကျွန်တော်တို့ ကျောင်းသားတွေအနေနဲ့ အတတ်နိုင်ဆုံးလျှော့ချသွားဖို့နဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ လုံးဝမသုံးစွဲကြဖို့ ကျွန်တော်တို့ ကိုယ်တိုင် အသိပညာရှိမယ်ဆိုရင် ကျန်တဲ့ ကျောင်းသားတွေကိုလည်း အသိပညာပြန်ဖြန့်ဝေနိုင်မယ်။ ဒါကြောင့် ဒီပွဲကိုလာတက်ဖြစ်တာပါ။ ရက်(၁၀၀) ထဲနဲ့တော့ အကုန်လုံးကိုပြောင်းလဲသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လို အပ်ချက်တွေအများကြီးထဲကမှ တော်တော်များများကို ဖြည့်ဆည်းသွားနိုင်မယ်လို့တော့ ယုံကြည်ပါတယ်” ဟု မကွေး ဆေးတက္ကသိုလ်ကျောင်းသား ကိုသူရလွင်က ဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနဖြေင့် မှုခင်းဖြစ်ပွားမှုမှာ မကွေးတိုင်းဒေသကြီးက အဆင့်(၅)နေရာတွင် ရှိနပြေီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာ မှုခင်းဖြစ်ပွားမှုအများဆုံးဖြစ်နေသည့် ဒေသများဖြစ်ကြောင်း သိရသည်။
သတင်း။ ဖီးနစ်(မကွေး)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~