မေကြးၿမိဳ႕နယ္အတြင္း ပဲအစား ႏွမ္းကို ယခုႏွစ္အတြင္း ပိုမိုစိုက္ပ်ိဳးလာ

မေကြးၿမိဳ႕နယ္အတြင္း ပဲအစား ႏွမ္းကို ယခုႏွစ္အတြင္း ပိုမိုစိုက္ပ်ိဳးလာ
မေ 15, 2016
By Tachileik News Agency

မေကြး၊ ေမလ (၁၅)ရက္
မေကြးၿမိဳ႕နယ္အတြင္းရိွ ေတာင္သူအမ်ားစုမွာ ယခင္ႏွစ္မ်ားအတြင္း ပဲစိုက္ပ်ိဳးမႈ အရံွဳးေပၚသျဖင့္ ယခုႏွစ္တြင္ ႏွမ္းတစ္မ်ိဳးတည္းကိုသာ စိုက္ပ်ိဳးမႈမ်ားလာၾကေၾကာင္း ေတာင္သူမ်ားထံမွ သိရသည္။

“အခုႏွစ္ ေတာင္သူအမ်ားစုကေတာ့ ႏွမ္းကိုပဲ အဓိကအားထားၿပီး စိုက္ၾကတယ္။ ေျမပဲက အရံွဳးေပၚေတာ့ စိုက္ပ်ိဳးသူ သိပ္မရိွေတာ႔ဘူး။ အရင္တုန္းက ႏွမ္းတစ္လွည့္၊ ပဲတစ္လွည့္စိုက္ၾကေတာ့ လုပ္သားေတြကအစ အဆင္ေျပတယ္။ အခုေတာ့ မိုးက်ၿပီဆိုတာနဲ႔ ႏွမ္းတစ္မ်ိဳးထဲကိုပဲ ၿပိဳင္တူစိုက္ၾကလို႔ လုပ္သားေတြ အေနနဲ႔လည္း အလုပ္အကိုင္ရွားပါးမႈ ျပႆနာနဲ႔ႀကံဳေတြ႔ရတယ္”ဟု ဆားတိုင္ကန္ေက်းရြာမွ  ေတာင္သူ  ဦးေအာင္ျမင္က ေျပာသည္။

၁၉၉၀ ခုႏွစ္ဝန္းက်င္ခန္႔မွစတင္၍  ပဲစိုက္ပ်ိဳးမႈမွာ စိုက္ပ်ိဳးစရိတ္ႀကီးျမင့္လာျခင္း၊ ႏိုင္ငံျခား ဝယ္လက္မရွိသျဖင့္ ေစ်းႏႈန္းက်လာျခင္းတို႔ေၾကာင့္  ပဲစိုက္ပ်ိဳးသူ တျဖည္းျဖည္းနည္းလာခဲ့ၿပီး ၂၀၁၄ ခုႏွစ္ႏွင့္ ၂၀၁၅  ခုႏွစ္မ်ားတြင္ ႏွမ္းကို ႏိုင္ငံျခားဝယ္လက္ရိွလာျခင္းေၾကာင္႔  ႏွမ္းစိုက္ပ်ိဳးသူ မ်ားလာျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ စိုက္ပ်ိဳးမႈပံုစံေျပာင္းလဲလာျခင္းေၾကာင့္ ေဒသတြင္း လုပ္သားမ်ားအေနျဖင့္ အလုပ္အကိုင္ အခြင့္အလမ္း နည္းသြားသကဲ့သို႔ ေတာင္သူမ်ားအေနျဖင့္လည္း လုပ္သားငွားရမ္းရာတြင္ အခက္အခဲႀကံဳလာရေၾကာင္း သိရသည္။

“ရြာတစ္ရြာမွာ သီးႏွံတစ္ခုထဲကို တစ္ခ်ိန္တည္းမွာပဲ စိုက္ပ်ိဳးၾကေတာ႔ အလုပ္သမားေခၚယူရာမွာလည္း အခက္အခဲႀကံဳေတြ႔ရတယ္။ ေပါင္းထိုးခ်ိန္နဲ႔ ရိတ္သိမ္းခ်ိန္ေတြမွာ အဲဒီျပႆနာကို ရင္ဆိုင္ရမွာပဲ။ တခ်ိဳ႕ဆို အခုအခ်ိန္ကတည္းက လုပ္သားရဖို႔ ကၽြန္းေတာင္သူေတြကို ႀကိဳခ်ိတ္ထားၾကတယ္”ဟု မေကြးၿမိဳ႕နယ္ သေျပစမ္းေက်းရြာမွ  ေတာင္သူတစ္ဦးျဖစ္သူ ကိုေအာင္က ေျပာသည္။

ယခုႏွစ္ စိုက္ပ်ိဳးရာသီတြင္  မေကြးၿမိဳ႕နယ္အတြင္းရိွ ေတာင္သူအမ်ားစုမွာ ႏွမ္းကို အဓိကထားစိုက္ပ်ိဳးရန္ ေရြးခ်ယ္ၾကၿပီး  စမုန္နက္ႏွမ္း မ်ိဳးမွာ ေစ်းေကာင္းရရိွေသာ္လည္း အခ်ိဳ႕ေက်းရြာမ်ားတြင္ ေျမမႀကိဳက္၍ အထြက္ႏွဳန္းက်သျဖင္႔  ႏွမ္းျဖဴကိုသာ အားထားစိုက္ပ်ိဳးၾကေၾကာင္း သိရသည္။

စမုန္နက္ႏွမ္းမ်ိဳးမွာ  တစ္တင္းလွ်င္ က်ပ္(၆)ေသာင္းခဲြ၊ ႏွမ္းအျဖဴ တစ္တင္းလွ်င္ က်ပ္(၃)ေသာင္းခဲြ၊ ႏွမ္းအနီ တစ္တင္းလွ်င္ က်ပ္ (၃)ေသာင္းခန္႔ေစ်းျဖင့္ ဝယ္ယူစိုက္ပ်ိဳးေနၾကၿပီး  ႏွမ္းအနီမ်ိဳးမွာ ႏုိင္ငံျခားမွ ဝယ္ယူရျခင္းျဖစ္သျဖင့္ စိုက္ပ်ိဳးသူနည္းေၾကာင္း သိရသည္။

သတင္း။   ။ ဖီးနစ္(မေကြး)

.....................

မကွေး၊ မေလ (၁၅)ရက်
မကွေးမြို့နယ်အတွင်းရှိ တောင်သူအများစုမှာ ယခင်နှစ်များအတွင်း ပဲစိုက်ပျိုးမှု အရှုံးပေါ်သဖြင့် ယခုနှစ်တွင် နှမ်းတစ်မျိုးတည်းကိုသာ စိုက်ပျိုးမှုများလာကြကြောင်း တောင်သူများထံမှ သိရသည်။

“အခုနှစ် တောင်သူအများစုကတော့ နှမ်းကိုပဲ အဓိကအားထားပြီး စိုက်ကြတယ်။ မြေပဲက အရှုံးပေါ်တော့ စိုက်ပျိုးသူ သိပ်မရှိတော့ဘူး။ အရင်တုန်းက နှမ်းတစ်လှည့်၊ ပဲတစ်လှည့်စိုက်ကြတော့ လုပ်သားတွေကအစ အဆင်ပြေတယ်။ အခုတော့ မိုးကျပြီဆိုတာနဲ့ နှမ်းတစ်မျိုးထဲကိုပဲ ပြိုင်တူစိုက်ကြလို့ လုပ်သားတွေ အနေနဲ့လည်း အလုပ်အကိုင်ရှားပါးမှု ပြဿနာနဲ့ကြုံတွေ့ရတယ်”ဟု ဆားတိုင်ကန်ကျေးရွာမှ တောင်သူ ဦးအောင်မြင်က ပြောသည်။

၁၉၉၀ ခုနှစ်ဝန်းကျင်ခန့်မှစတင်၍ ပဲစိုက်ပျိုးမှုမှာ စိုက်ပျိုးစရိတ်ကြီးမြင့်လာခြင်း၊ နိုင်ငံခြား ဝယ်လက်မရှိသဖြင့် ဈေးနှုန်းကျလာခြင်းတို့ကြောင့် ပဲစိုက်ပျိုးသူ တဖြည်းဖြည်းနည်းလာခဲ့ပြီး ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် နှမ်းကို နိုင်ငံခြားဝယ်လက်ရှိလာခြင်းကြောင့် နှမ်းစိုက်ပျိုးသူ များလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စိုက်ပျိုးမှုပုံစံပြောင်းလဲလာခြင်းကြောင့် ဒေသတွင်း လုပ်သားများအနဖြေင့် အလုပ်အကိုင် အခွင့်အလမ်း နည်းသွားသကဲ့သို့ တောင်သူများအနဖြေင့်လည်း လုပ်သားငှါးရမ်းရာတွင် အခက်အခဲကြုံလာရကြောင်း သိရသည်။

“ရွာတစ်ရွာမှာ သီးနှံတစ်ခုထဲကို တစ်ချိန်တည်းမှာပဲ စိုက်ပျိုးကြတော့ အလုပ်သမားခေါ်ယူရာမှာလည်း အခက်အခဲကြုံတွေ့ရတယ်။ ပေါင်းထိုးချိန်နဲ့ ရိတ်သိမ်းချိန်တွေမှာ အဲဒီပြဿနာကို ရင်ဆိုင်ရမှာပဲ။ တချို့ဆို အခုအချိန်ကတည်းက လုပ်သားရဖို့ ကျွန်းတောင်သူတွေကို ကြိုချိတ်ထားကြတယ်”ဟု မကွေးမြို့နယ် သပြေစမ်းကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ကိုအောင်က ပြောသည်။

ယခုနှစ် စိုက်ပျိုးရာသီတွင် မကွေးမြို့နယ်အတွင်းရှိ တောင်သူအများစုမှာ နှမ်းကို အဓိကထားစိုက်ပျိုးရန် ရွေးချယ်ကြပြီး စမုန်နက်နှမ်း မျိုးမှာ ဈေးကောင်းရရှိသော်လည်း အချို့ကျေးရွာများတွင် မြေမကြိုက်၍ အထွက်နှုန်းကျသဖြင့် နှမ်းဖြူကိုသာ အားထားစိုက်ပျိုးကြကြောင်း သိရသည်။

စမုန်နက်နှမ်းမျိုးမှာ တစ်တင်းလျှင် ကျပ်(၆)သောင်းခွဲ၊ နှမ်းအဖြူ တစ်တင်းလျှင် ကျပ်(၃)သောင်းခွဲ၊ နှမ်းအနီ တစ်တင်းလျှင် ကျပ် (၃)သောင်းခန့်ဈေးဖြင့် ဝယ်ယူစိုက်ပျိုးနကြပြေီး နှမ်းအနီမျိုးမှာ နိုင်ငံခြားမှ ဝယ်ယူရခြင်းဖြစ်သဖြင့် စိုက်ပျိုးသူနည်းကြောင်း သိရသည်။

သတင်း။ ဖီးနစ်(မကွေး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~