ေရတြင္းထဲ ေအာက္ဆီဂ်င္ျပတ္လပ္ေနသူ (၂)ဦးအား မီးသတ္တပ္ဖြဲ႕အခ်ိန္မီ ကယ္ဆယ္

ေရတြင္းထဲ ေအာက္ဆီဂ်င္ျပတ္လပ္ေနသူ (၂)ဦးအား မီးသတ္တပ္ဖြဲ႕အခ်ိန္မီ ကယ္ဆယ္
မေ 16, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၁၆)
တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ရွိ ၀မ္မိုင္ရြာအတြင္း၌ ယေန႔ ေမလ(၁၆)ရက္ နံနက္ပိုင္းက ေရတြင္းဆင္းဆယ္သည့္ အမ်ဳိးသား(၂)ဦး ေအာက္ဆီဂ်င္ျပတ္သြားသျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႔မွ အခ်ိန္မီ ဆင္းကယ္္ခဲ့ရေၾကာင္း သိရသည္။

"ေရတြင္း ေရခမ္းေျခာက္လို႔ေရတြင္းဆင္းဆယ္ရာမွ ေအက္ဆီဂ်င္ျပတ္ၿပီး အသက္ရွဴၾကပ္သြားလို႔ ရံုးကို ဆိုင္ကယ္နဲ႔ အကူအညီလာေတာင္းတာနဲ႔ ကြ်န္ေတာ္တို႔လည္း ခ်က္ခ်င္းပဲ သေႏၶ/အရန္ (၁၇)ဦးနဲ႔ မီးသတ္စက္ယာဥ္(၁)စီး၊ ရွာေဖြကယ္ဆယ္ေရး ပစၥည္းမ်ားနဲ႔ အတူသြားေရာက္ၿပီး ကယ္ဆယ္ေပးခဲ့ပါတယ္။ အခုလို အျမန္ဆံုး လာေရာက္အေၾကာင္းၾကားတဲ့အတြက္ အခ်ိန္မီ ကယ္ဆယ္ႏိုင္ခဲ့ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ မီးသတ္ဦးစီးမွဴးရံုးမွ ဦးစီးအရာရွိ ဦးေက်ာ္ကိုကိုက ေျပာသည္။

အသက္(၃၈)ႏွစ္ရွိ ဦးလင္းေအာင္သည္ ေရတြင္းထဲသို႔ ေရတြင္းဆင္းဆယ္ရာမွ အနက္(၄၂)ေပခန္႔အေရာက္တြင္ ေအာက္ဆီဂ်င္ျပတ္ကာ အသက္ရွဴႀကပ္ၿပီး ျပန္မတက္ႏိုင္ေတာ့သျဖင့္ အသက္(၆၀)ႏွစ္ရွိ ဦးၾကင္စိန္မွ ၀င္ေရာက္ ဆင္းကူညီရာမွ ႏွစ္ဦးစလံုး အသက္ရွဴႀကပ္ကာ ျပန္မတက္လာႏိုင္ျခင္းျဖစ္ေၾကာင္း သိရသည္။

"မနက္ပိုင္းမို႔ ေန႔လယ္ပိုင္းဆို အပူရွိန္နဲ႔ ပိုဆိုးႏိုင္တယ္။ အခုလို အပူရွိန္ျပင္းတဲ့ ကာလမွာ ေရတြင္းဆင္းဆယ္သူေတြ သတိထားသင့္ပါတယ္။ ဘယ္ေလာက္ပဲ ကြ်မ္းက်င္ေနပါေစ သတိထားေစခ်င္ပါတယ္"ဟု ၀မ္မိုင္ေက်းရြာေန ေဒၚခ်ယ္ရီထိုက္က ဆိုသည္။
မီးသတ္တပ္ဖြဲ႔က ေရတြင္းထဲသို႔ ေအာက္ဆီဂ်င္ဘူးအား ဖြင့္ခ်ၿပီး ေဝွ႔ယမ္းကာ ေအာက္ဆီဂ်င္ရရွိရန္ ေဆာင္ရြက္ၿပီး အသက္ရွဴၾကပ္ေနသူ (၂)ဦးအား (၂)မိနစ္အတြင္း ဆင္းဆယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။ ။ ‪#‎ကိုေဇာင္း‬

...................

တာချီလိတ်၊ မေလ(၁၆)
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဝမ်မိုင်ရွာအတွင်း၌ ယနေ့ မေလ(၁၆)ရက် နံနက်ပိုင်းက ရေတွင်းဆင်းဆယ်သည့် အမျိုးသား(၂)ဦး အောက်ဆီဂျင်ပြတ်သွားသဖြင့် တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ အချိန်မီ ဆင်းကယ်ခဲ့ရကြောင်း သိရသည်။

"ရေတွင်း ရေခမ်းခြောက်လို့ရေတွင်းဆင်းဆယ်ရာမှ အေက်ဆီဂျင်ပြတ်ပြီး အသက်ရှူကြပ်သွားလို့ ရုံးကို ဆိုင်ကယ်နဲ့ အကူအညီလာတောင်းတာနဲ့ ကျွန်တော်တို့လည်း ချက်ချင်းပဲ သန္ဓေ/အရန် (၁၇)ဦးနဲ့ မီးသတ်စက်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများနဲ့ အတူသွားရောက်ပြီး ကယ်ဆယ်ပေးခဲ့ပါတယ်။ အခုလို အမြန်ဆုံး လာရောက်အကြောင်းကြားတဲ့အတွက် အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပါတယ်"ဟု တာချီလိတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ကိုကိုက ပြောသည်။

အသက်(၃၈)နှစ်ရှိ ဦးလင်းအောင်သည် ရေတွင်းထဲသို့ ရေတွင်းဆင်းဆယ်ရာမှ အနက်(၄၂)ပေခန့်အရောက်တွင် အောက်ဆီဂျင်ပြတ်ကာ အသက်ရှူကြပ်ပြီး ပြန်မတက်နိုင်တော့သဖြင့် အသက်(၆၀)နှစ်ရှိ ဦးကြင်စိန်မှ ဝင်ရောက် ဆင်းကူညီရာမှ နှစ်ဦးစလုံး အသက်ရှူကြပ်ကာ ပြန်မတက်လာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

"မနက်ပိုင်းမို့ နေ့လယ်ပိုင်းဆို အပူရှိန်နဲ့ ပိုဆိုးနိုင်တယ်။ အခုလို အပူရှိန်ပြင်းတဲ့ ကာလမှာ ရေတွင်းဆင်းဆယ်သူတွေ သတိထားသင့်ပါတယ်။ ဘယ်လောက်ပဲ ကျွမ်းကျင်နေပါစေ သတိထားစေချင်ပါတယ်"ဟု ဝမ်မိုင်ကျေးရွာနေ ဒေါ်ချယ်ရီထိုက်က ဆိုသည်။
မီးသတ်တပ်ဖွဲ့က ရေတွင်းထဲသို့ အောက်ဆီဂျင်ဘူးအား ဖွင့်ချပြီး ဝှေ့ယမ်းကာ အောက်ဆီဂျင်ရရှိရန် ဆောင်ရွက်ပြီး အသက်ရှူကြပ်နေသူ (၂)ဦးအား (၂)မိနစ်အတွင်း ဆင်းဆယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ‪#‎ကိုဇောင်း‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~