မႏၱေလး၌ အလုပ္သမား အျငင္းပြားမႈ ေျဖရွင္းေရးဆုိင္ရာ ႏွီးေႏွာ

မႏၱေလး၌ အလုပ္သမား အျငင္းပြားမႈ ေျဖရွင္းေရးဆုိင္ရာ ႏွီးေႏွာ
မေ 24, 2016
By Tachileik News Agency

မႏၱေလး၊ ေမလ (၂၄) ရက္
အလုပ္သမားမ်ားႏွင့္ သက္ဆုိင္သည့္ အလုပ္သမား အျငင္းပြားမႈေျဖရွင္းေရးဆုိင္ရာ ႏွီးေႏွာဖလွယ္ပြဲကုိ မႏၱေလးတုိင္း အလုပ္သမားေရးရာဦးစီးဌာနမွ ႀကီးမွဴးက်င္းပရာ အလုပ္ရွင္၊ အလုပ္သမားအပါအဝင္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားမွ လူဦးေရ (၁၄၂) ဦးတက္ေရာက္ေဆြးေႏြးၾကသည္။

အလုပ္သမားမ်ားအခြင့္အေရးကာကြယ္ေစာင့္ေရွာက္ရန္၊ အလုပ္ရွင္ႏွင့္ အလုပ္သမားမ်ားအၾကား ေကာင္းမြန္သည့္ ဆက္ဆံေရးရရွိၿပီး လုပ္ငန္းခြင္ေအးခ်မ္းသာယာေစရန္၊ အလုပ္ရွင္ႏွင့္ အလုပ္သမား အျငင္းပြားမႈမ်ားအား တရားမွ်တစြာ ေဆာင္ရြက္ႏုိင္ရန္ႏွင့္ ရပုိင္ခြင့္မ်ား မ်ွတမွန္ကန္စြာျဖင့္အျမန္ဆုံး ေျဖရွင္းႏိုင္ရန္ရည္ရြယ္ၿပီး ေမလ (၂၀) ရက္က က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

“အလုပ္သမားေရးရာ အျငင္းပြားမႈေတြကုိေျဖရွင္းဖုိ႔ ဥပေဒ၊ နည္းဥပေဒေတြကုိ ျပည္ေထာင္စုလႊတ္ေတာ္က ၂၀၁၂  ခုႏွစ္ကတည္းက ထုတ္ျပန္ထားၿပီးသားပါ။ ဥပေဒကုိ အေကာင္ထည္ေဖာ္ေဆာင္ရြက္ဖုိ႔လည္း အလုပ္သမား၀န္ႀကီးဌာနက အဲဒီႏွစ္မွာပဲ အမိန္႔ေၾကညာစာထုတ္ၿပီးသားျဖစ္ပါတယ္။ ဒါေၾကာင့္ အျငင္းပြားမႈေတြကုိ ဥပေဒနဲ႔အညီေဆာင္ရြက္ေပးႏုိင္ဖုိ႔ အခုလုိႏွီးေႏွာဖလွယ္ပြဲလုပ္ေပးတယ္။ ပြင့္ပြင့္လင္းလင္းနဲ႔ အၾကံျပဳခ်က္ေတြေပးခိုင္းပါတယ္” ဟု အလုပ္သမားေရးရာဆက္ဆံေရးဦးစီးဌာန ဦးစီးအရာရွိ ေဒၚသက္စုေအာင္က ေျပာသည္။

အလုပ္သမားဆက္ဆံေရးဦးစီးဌာနအေနျဖင့္ ျမဳိ႕နယ္ညွိႏႈိင္းေရးအဖြဲ႔၀င္မ်ားအား ခုံသမာဓိအဖြဲ႔၀င္မ်ားႏွင့္ ခုံ သမာဓိေကာင္စီ၀င္မ်ားအား စြမ္းေဆာင္ရည္ျမွင့္သင္တန္းမ်ားပုိ႔ခ်ေပးရန္အတြက္ သက္ဆုိင္ရာ အဖြဲ႔အစည္းမ်ားႏွင့္ ညိႇႏႈိင္းေဆာင္ရြက္လ်ွက္ရွိၿပီး စက္မႈဇုံမ်ားအလုိက္ လုပ္ငန္းညွိႏႈိင္းေရး ေကာ္မတီ၀င္မ်ားကုိ ဥပေဒနားလည္ရန္ အသိပညာေပးေဆြးေႏြးမႈလုပ္ငန္းမ်ား လုပ္ေဆာင္သြားရန္ႏွင့္ ႏွီးေႏွာဖလွယ္ပြဲမ်ားအား ရန္ကုန္၊ မႏၱေလးႏွင့္ ေနျပည္ေတာ္တုိ႔တြင္ ႏွစ္စဥ္က်င္းပႏုိင္ရန္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အမႈတစ္ခု ညွိႏိႈင္းတဲ႔အခါပိုင္ရွင္ကိုယ္တိုင္မလာနိုင္တာ အလုပ္သမားကိုယ္တိုင္မလာနိုင္တာေတြ ရွိတယ္၊    အလုပ္သမားလာရင္ေတာင္ သူ႔ကိုယ္စားဘယ္သူ႔ကိုေျပာခြင့္ေပးမယ္ဆိုျပီး အမႈကို ျပန္ေျဖ ေလ့ရွိၾက တယ္” ဟု အလုပ္သမား ဆက္ဆံေရးဌာန ခုံသမာဓိေကာင္စီ၀င္ ဦးေအာင္သန္းက ေျပာသည္။

ထုိသုိ႔ေျဖရွင္းရာတြင္ အထူးဂရုတစိုက္ရွိရမည့္  အခ်က္ႏွစ္ခ်က္အေနျဖင့္ ညီညြတ္ၿပီးျပည့္စုံရန္၊ အျငင္းပြားမႈႏွင့္ သက္ဆုိင္သည့္ ဒုိင္ယာရီမွတ္တမ္းအျပည္စုံရရွိရန္လုိအပ္ျပီး ႏွစ္ဖက္လူမ်ား၏  attendance စာရင္းျပည့္ျပည့္စုံရွိရန္လုိ္အပ္ေၾကာင္း ၄င္းကေျပာသည္။

“ဘယ္လုိပဲဥပေဒေတြထုတ္ထုတ္ အဓိကေတာ့ ဘက္မလုိက္ဘဲ ေဆာင္ရြက္ဖုိ႔ပဲလုိတာပါ။ အလုပ္ရွင္ပဲျဖစ္ျဖစ္ အလုပ္သမားပဲျဖစ္ျဖစ္ မွားတဲ့သူကုိထိေရာက္တဲ့အေရးယူေဆာင္ရြက္မႈေတြ ျပဳလုပ္ေစခ်င္တယ္။ ျဖစ္ခဲ့သမွ် ျပႆနာေတြၾကည့္လုိက္ရင္ အလုပ္သမားေတြဘက္က နစ္နာတာ အမ်ားဆုံးၾကဳံေတြေနရတယ္” ဟု အမည္မေဖာ္လုိသူ အေအးခန္းလုပ္သားတစ္ဦးက ေျပာသည္။

မႏၱေလးတုိင္းအတြင္း အလုပ္သမားအေရးႏွင့္ပတ္သက္ၿပီး ၂၀၁၂ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္ ဧၿပီ လအထိ ၿမဳိ႕နယ္ညွိႏႈိင္းမွ ဆုံျဖတ္ခဲ့သည့္အမႈေပါင္း (၃၈၇၉) မႈ၊ ခုံသမာဓိအဖြဲ႔မွ ဆုံးျဖတ္ခဲ့သည့္အမႈေပါင္း (၃၉၂) မႈႏွင့္ ေကာင္စီမွဆုံးျဖတ္ခဲ့သည့္အမႈေပါင္း (၂၁၃) မႈရွိေၾကာင္း သိရသည္။

သတင္း။  ။ ေရႊေဇာ္(မႏၱေလး)

...............

မန္တလေး၊ မေလ (၂၄) ရက်
အလုပ်သမားများနှင့် သက်ဆိုင်သည့် အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို မန္တလေးတိုင်း အလုပ်သမားရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပရာ အလုပ်ရှင်၊ အလုပ်သမားအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ လူဦးရေ (၁၄၂) ဦးတက်ရောက်ဆွေးနွေးကြသည်။

အလုပ်သမားများအခွင့်အရေးကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ကောင်းမွန်သည့် ဆက်ဆံရေးရရှိပြီး လုပ်ငန်းခွင်အေးချမ်းသာယာစေရန်၊ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများအား တရားမျှတစွာ ဆောင်ရွက်နိုင်ရန်နှင့် ရပိုင်ခွင့်များ မျှတမှန်ကန်စွာဖြင့်အမြန်ဆုံး ဖြေရှင်းနိုင်ရန်ရည်ရွယ်ပြီး မေလ (၂၀) ရက်က ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်သမားရေးရာ အငြင်းပွားမှုတွေကိုဖြေရှင်းဖို့ ဥပဒေ၊ နည်းဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၂ ခုနှစ်ကတည်းက ထုတ်ပြန်ထားပြီးသားပါ။ ဥပဒေကို အကောင်ထည်ဖော်ဆောင်ရွက်ဖို့လည်း အလုပ်သမားဝန်ကြီးဌာနက အဲဒီနှစ်မှာပဲ အမိန့်ကြေညာစာထုတ်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အငြင်းပွားမှုတွေကို ဥပဒေနဲ့အညီဆောင်ရွက်ပေးနိုင်ဖို့ အခုလိုနှီးနှောဖလှယ်ပွဲလုပ်ပေးတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ အကြံပြုချက်တွေပေးခိုင်းပါတယ်” ဟု အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သက်စုအောင်က ပြောသည်။

အလုပ်သမားဆက်ဆံရေးဦးစီးဌာနအနဖြေင့် မြို့နယ်ညှိနှိုင်းရေးအဖွဲ့ဝင်များအား ခုံသမာဓိအဖွဲ့ဝင်များနှင့် ခုံ သမာဓိကောင်စီဝင်များအား စွမ်းဆောင်ရည်မြှင့်သင်တန်းများပို့ချပေးရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပြီး စက်မှုဇုံများအလိုက် လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များကို ဥပဒေနားလည်ရန် အသိပညာပေးဆွေးနွေးမှုလုပ်ငန်းများ လုပ်ဆောင်သွားရန်နှင့် နှီးနှောဖလှယ်ပွဲများအား ရန်ကုန်၊ မန္တလေးနှင့် နပြေည်တော်တို့တွင် နှစ်စဉ်ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အမှုတစ်ခု ညှိနှိုင်းတဲ့အခါပိုင်ရှင်ကိုယ်တိုင်မလာနိုင်တာ အလုပ်သမားကိုယ်တိုင်မလာနိုင်တာတွေ ရှိတယ်၊ အလုပ်သမားလာရင်တောင် သူ့ကိုယ်စားဘယ်သူ့ကိုပြောခွင့်ပေးမယ်ဆိုပြီး အမှုကို ပြန်ဖြေ လေ့ရှိကြ တယ်” ဟု အလုပ်သမား ဆက်ဆံရေးဌာန ခုံသမာဓိကောင်စီဝင် ဦးအောင်သန်းက ပြောသည်။

ထိုသို့ဖြေရှင်းရာတွင် အထူးဂရုတစိုက်ရှိရမည့် အချက်နှစ်ချက်အနဖြေင့် ညီညွတ်ပြီးပြည့်စုံရန်၊ အငြင်းပွားမှုနှင့် သက်ဆိုင်သည့် ဒိုင်ယာရီမှတ်တမ်းအပြည်စုံရရှိရန်လိုအပ်ပြီး နှစ်ဖက်လူများ၏ attendance စာရင်းပြည့်ပြည့်စုံရှိရန်လို်အပ်ကြောင်း ၄င်းကပြောသည်။

“ဘယ်လိုပဲဥပဒေတွေထုတ်ထုတ် အဓိကတော့ ဘက်မလိုက်ဘဲ ဆောင်ရွက်ဖို့ပဲလိုတာပါ။ အလုပ်ရှင်ပဲဖြစ်ဖြစ် အလုပ်သမားပဲဖြစ်ဖြစ် မှားတဲ့သူကိုထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်စေချင်တယ်။ ဖြစ်ခဲ့သမျှ ပြဿနာတွကြေည့်လိုက်ရင် အလုပ်သမားတွေဘက်က နစ်နာတာ အများဆုံးကြုံတွေနေရတယ်” ဟု အမည်မဖော်လိုသူ အအေးခန်းလုပ်သားတစ်ဦးက ပြောသည်။

မန္တလေးတိုင်းအတွင်း အလုပ်သမားအရေးနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် ဧပြီ လအထိ မြို့နယ်ညှိနှိုင်းမှ ဆုံဖြတ်ခဲ့သည့်အမှုပေါင်း (၃၈၇၉) မှု၊ ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့သည့်အမှုပေါင်း (၃၉၂) မှုနှင့် ကောင်စီမှဆုံးဖြတ်ခဲ့သည့်အမှုပေါင်း (၂၁၃) မှုရှိကြောင်း သိရသည်။

သတင်း။ ရွှေဇော်(မန္တလေး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~