ဦးေတဇလက္ထက္က လႊဲေျပာင္းေပးခဲ့သည့္ ဗဟုိေကာ္မတီရန္ပုံေငြ ယူရုိ(၂၈)သန္းအား စာရင္းရွင္းရန္ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ား ေတာင္းဆို

ဦးေတဇလက္ထက္က လႊဲေျပာင္းေပးခဲ့သည့္ ဗဟုိေကာ္မတီရန္ပုံေငြ ယူရုိ(၂၈)သန္းအား စာရင္းရွင္းရန္ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ား ေတာင္းဆို
မေ 27, 2016
By Tachileik News Agency

မႏၱေလး၊ ေမလ (၂၇ )ရက္
ေက်ာက္မ်က္ရတနာ ျပပြဲျဖစ္ေျမာက္ေရးေကာ္မတီ အေနျဖင့္ ယခင္ေကာ္မတီဥကၠဌေဟာင္း ဦးေတဇ ထံမွ လႊဲေျပာင္းရယူခဲ့သည့္ ေက်ာက္လုပ္ငန္းရွင္မ်ားထံမွ ေကာ္မတီရန္ပုံေငြ (၁)ရာခုိင္ႏႈန္းေကာက္ခံရရွိသည့္ ယူရုိ(၂၈) သန္းအား စာရင္းရွင္းတမ္းျပဳလုပ္ေပးရန္ မန္းေက်ာက္လုပ္ငန္းရွင္မ်ားက ေတာင္းဆုိလုိက္သည္။

ေက်ာက္မ်က္ျပပြဲမ်ားျပဳလုပ္ရာတြင္ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ား၏ ေရာင္းရေငြထဲမွ (၁)ရာခုိင္ႏႈန္းကုိ ေက်ာက္ မ်က္ရတနာျပပြဲက်င္းပေရး ဗဟုိေကာ္မတီရန္ပုံေငြ အျဖစ္ ၂၀၀၉  ခုႏွစ္မွ  စတင္ ေကာက္ခံခဲ့ျခင္းျဖစ္ၿပီး ၂၀၁၃ ခုႏွစ္တြင္ ေကာ္မတီဥကၠဌ  ဦးေတဇ မွ လက္ရွိ ဥကၠဌ  ဦးယုံးမူ ထံ ၂၀၀၉ ခုႏွစ္မွ ၂၀၁၃ ခုႏွစ္အထိ ေကာက္ခံရရွိထားသည့္ ရန္ပုံေငြမ်ားကုိ လႊဲေျပာင္းေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ႏွစ္စဥ္ျပပြဲက်င္းပေရးဗဟိုေကာ္မတီရန္ပံုေငြအျဖစ္ ေကာက္ခံတဲ့ (၁)ရာခိုင္ႏႈန္းကို  လက္ရွိ ဥကၠဌ ဦးယံုးမူ ကေနၿပီးေတာ့ ပြင့္လင္းျမင္သာမႈရွိေအာင္  စာရင္းရွင္းေပးေစခ်င္တယ္။ အခုေတာ့ လက္က်န္ေငြက စာရင္းမရွိဘဲ ေပ်ာက္ေနသလိုျဖစ္ေနတယ္။  စာရင္းရွင္းတမ္းကို လာမယ့္ ေက်ာက္မ်က္ျပပြဲ မတိုင္ခင္ရွင္းေပးေစခ်င္တယ္။  တကယ္လို႔ စာရင္းရွင္းတမ္းမထုတ္ျပန္ေပးရင္ တစ္နိုင္ငံလံုးက ေက်ာက္သမားေတြေရာ နိုင္ငံျခားက ေက်ာက္သမားေတြေရာ စံုတဲ့အခ်ိန္မွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္သြားမယ္။”ဟု   ပြင့္ေကာင္း ေက်ာက္မ်က္ရတနာလုပ္ငန္းမွ ဦးသန္းဝင္းက ဆိုသည္။

၂၀၁၃ ခုႏွစ္တြင္ ေကာ္မတီရန္ပံုေငြ ယူရို (၂၈)သန္းကို ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္း (ဗဟို) ယခင္ဥကၠဌ ဦးေတဇ မွ လက္ရွိ ဥကၠဌ  ဦးယံုးမူထံသို႔  လႊဲေျပာင္းေပးအပ္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ရန္ပံုေငြမွာ ယူရို (၇)သန္းသာက်န္ေတာ့ေၾကာင္း ေက်ာက္မ်က္လုပ္ငန္းရွင္ တစ္ဦးျဖစ္သည့္ ဦးစိုးလြင္က ေျပာသည္။

“(၁)ရာခိုင္ႏႈန္းေငြက အစိုးရေကာက္တာလည္း မဟုတ္ဘူး။ ေကာ္မတီရဲ႕ သီးျခားရန္ပံုေငြလိုျဖစ္ေနတယ္။ ဒီေငြကို ဝန္ႀကီးမဲဆြယ္တဲ့ေနရာမွာ တံတားထိုးတာတို႔၊ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔ကို ယူရို (၂)သန္း လွဴတယ္တိုု႔ ဆိုၿပီး ေျပာတယ္။  တိတိက်က်စာရင္းေတာ့ ဘာမွထြက္မလာခဲ့ဘူး။” ဟု ဦးစိုးလြင္က ေျပာသည္။

ေငြစာရင္းရွင္းတမ္း ထုတ္ေပးရန္  မႏၲေလးၿမိဳ႕ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားက ေမ လ(၄)ရက္ေန႕က စာတင္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္ထိ ထုတ္ျပန္ေပးျခင္း မရွိသည့္အတြက္ ေက်ာက္မ်က္ရတနာျပပြဲ က်င္းပေရး ဗဟိုေကာ္မတီ သို႔ ေမ လ (၂၃)ရက္တြင္ ေက်ာက္မ်က္လုပ္ငန္းရွင္ (၁၄၄)ဦး၏ လက္မွတ္မ်ားျဖင့္ ဒုတိယအႀကိမ္ စာတင္ထားျခင္းျဖစ္ေၾကာင္း  ေက်ာ္ေဇာမင္းေက်ာက္မ်က္ေရာင္း၀ယ္ေရးမွ ကိုေက်ာ္ေဇာေအာင္ထံက  သိရသည္။

ေက်ာက္မ်က္ရတနာျပပြဲကို  ေက်ာက္မ်က္ရတနာျပပြဲက်င္းပေရးဗဟိုမွ  ဦးေဆာင္က်င္းပၿပီး ေကာ္မတီတြင္ သတၱဳတြင္း၀န္ႀကီးဌာန၊  ျမန္မာ့ေက်ာက္မ်က္ရတနာလုပ္ငန္းနွင့္ ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္တို႔ ပါဝင္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေရႊေဇာ္(မႏၱေလး)
................
မန္တလေး၊ မေလ (၂၇ )ရက်
ကျောက်မျက်ရတနာ ပြပွဲဖြစ်မြောက်ရေးကော်မတီ အနဖြေင့် ယခင်ကော်မတီဥက္ကဌဟောင်း ဦးတေဇ ထံမှ လွှဲပြောင်းရယူခဲ့သည့် ကျောက်လုပ်ငန်းရှင်များထံမှ ကော်မတီရန်ပုံငွေ (၁)ရာခိုင်နှုန်းကောက်ခံရရှိသည့် ယူရို(၂၈) သန်းအား စာရင်းရှင်းတမ်းပြုလုပ်ပေးရန် မန်းကျောက်လုပ်ငန်းရှင်များက တောင်းဆိုလိုက်သည်။
ကျောက်မျက်ပြပွဲများပြုလုပ်ရာတွင် ကျောက်မျက်လုပ်ငန်းရှင်များ၏ ရောင်းရငွေထဲမှ (၁)ရာခိုင်နှုန်းကို ကျောက် မျက်ရတနာပြပွဲကျင်းပရေး ဗဟိုကော်မတီရန်ပုံငွေ အဖြစ် ၂၀၀၉ ခုနှစ်မှ စတင် ကောက်ခံခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ကော်မတီဥက္ကဌ ဦးတေဇ မှ လက်ရှိ ဥက္ကဌ ဦးယုံးမူ ထံ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကောက်ခံရရှိထားသည့် ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နှစ်စဉ်ပြပွဲကျင်းပရေးဗဟိုကော်မတီရန်ပုံငွေအဖြစ် ကောက်ခံတဲ့ (၁)ရာခိုင်နှုန်းကို လက်ရှိ ဥက္ကဌ ဦးယုံးမူ ကနပြေီးတော့ ပွင့်လင်းမြင်သာမှုရှိအောင် စာရင်းရှင်းပေးစေချင်တယ်။ အခုတော့ လက်ကျန်ငွေက စာရင်းမရှိဘဲ ပျောက်နေသလိုဖြစ်နေတယ်။ စာရင်းရှင်းတမ်းကို လာမယ့် ကျောက်မျက်ပြပွဲ မတိုင်ခင်ရှင်းပေးစေချင်တယ်။ တကယ်လို့ စာရင်းရှင်းတမ်းမထုတ်ပြန်ပေးရင် တစ်နိုင်ငံလုံးက ကျောက်သမားတွေရော နိုင်ငံခြားက ကျောက်သမားတွေရော စုံတဲ့အချိန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်။”ဟု ပွင့်ကောင်း ကျောက်မျက်ရတနာလုပ်ငန်းမှ ဦးသန်းဝင်းက ဆိုသည်။ 
၂၀၁၃ ခုနှစ်တွင် ကော်မတီရန်ပုံငွေ ယူရို (၂၈)သန်းကို ကျောက်မျက်လုပ်ငန်းရှင်များအသင်း (ဗဟို) ယခင်ဥက္ကဌ ဦးတေဇ မှ လက်ရှိ ဥက္ကဌ ဦးယုံးမူထံသို့ လွှဲပြောင်းပေးအပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ရန်ပုံငွေမှာ ယူရို (၇)သန်းသာကျန်တော့ကြောင်း ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးစိုးလွင်က ပြောသည်။ 
“(၁)ရာခိုင်နှုန်းငွေက အစိုးရကောက်တာလည်း မဟုတ်ဘူး။ ကော်မတီရဲ့ သီးခြားရန်ပုံငွေလိုဖြစ်နေတယ်။ ဒီငွေကို ဝန်ကြီးမဲဆွယ်တဲ့နေရာမှာ တံတားထိုးတာတို့၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ယူရို (၂)သန်း လှူတယ်တို့ ဆိုပြီး ပြောတယ်။ တိတိကျကျစာရင်းတော့ ဘာမှထွက်မလာခဲ့ဘူး။” ဟု ဦးစိုးလွင်က ပြောသည်။ 
ငွေစာရင်းရှင်းတမ်း ထုတ်ပေးရန် မန္တလေးမြို့ ကျောက်မျက်လုပ်ငန်းရှင်များက မေ လ(၄)ရက်နေ့က စာတင်ခဲ့သော်လည်း လက်ရှိအချိန်ထိ ထုတ်ပြန်ပေးခြင်း မရှိသည့်အတွက် ကျောက်မျက်ရတနာပြပွဲ ကျင်းပရေး ဗဟိုကော်မတီ သို့ မေ လ (၂၃)ရက်တွင် ကျောက်မျက်လုပ်ငန်းရှင် (၁၄၄)ဦး၏ လက်မှတ်များဖြင့် ဒုတိယအကြိမ် စာတင်ထားခြင်းဖြစ်ကြောင်း ကျော်ဇောမင်းကျောက်မျက်ရောင်းဝယ်ရေးမှ ကိုကျော်ဇောအောင်ထံက သိရသည်။
ကျောက်မျက်ရတနာပြပွဲကို ကျောက်မျက်ရတနာပြပွဲကျင်းပရေးဗဟိုမှ ဦးဆောင်ကျင်းပပြီး ကော်မတီတွင် သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းနှင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်တို့ ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ ရွှေဇော်(မန္တလေး)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~