ဒုတိယအႀကိမ္ေျမာက္ ဧည့္လမ္းညြန္္သီးသန္႔ အခမဲ့ အေျခခံရုပ္ေသး အကသင္တန္း မႏၱေလး၌ ပုိ႔ခ်

ဒုတိယအႀကိမ္ေျမာက္ ဧည့္လမ္းညြန္္သီးသန္႔ အခမဲ့ အေျခခံရုပ္ေသး အကသင္တန္း မႏၱေလး၌ ပုိ႔ခ်
မေ 14, 2016
By Tachileik News Agency

မႏၱေလး၊ ေမလ (၁၄) ရက္
မႏၱေလးတုိင္းေဒသႀကီးအတြင္းရွိ ဧည့္လမ္းညြန္မ်ား အတြက္ ဒုတိယအႀကိမ္ေျမာက္ အခမဲ့ အေျခခံ ရုပ္ေသး အကသင္တန္းကုိ မႏၱေလးျမဳိ႕တြင္ ေမလ (၁၀)ရက္ေန႔မွ (၁၉)ရက္ေန႔ အထိသင္ၾကားေပးသြား မည္ျဖစ္ေၾကာင္း မႏၱေလးျမဳိ႕ဧည့္လမ္းညြန္မ်ားအသင္းတာ၀န္ရွိသူမ်ားထံမွ သိရသည္။

ယဥ္ေက်းမႈ အေမြအႏွစ္မ်ား လႊမ္းၿခဳံရာ မႏၱေလးၿမဳိ႕သုိ႔လာေရာက္လည္ပတ္ေသာ ျပည္ပခရီးသြားမ်ားအေနျဖင့္ ျမန္မာ့ ယဥ္ေက်းမႈႏွင့္ အႏုပညာလက္ရာမ်ားကုိ ပုိမုိစိတ္၀င္စားေစရန္ အတြက္ ရည္ရြယ္ၿပီး သင္တန္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီသင္တန္းက ဒုတိယအႀကိ္မ္ပါ။ အခုသင္တန္းမွာလည္း ပထမသင္တန္းက တက္ထားတဲ့ သင္တန္းသားေတြ ျပန္တက္တာမ်ားတယ္။ ပုိၿပီးေတာ့ကၽြမ္းက်င္လာေအာင္လုိ႔ပါ။ ဘာေၾကာင့္ လဲဆုိေတာ့ ၾကဳိးဆြဲရုပ္ေသး အႏုပညာရဲ႕ သေဘာသဘာ၀ေတြကုိ ျပည္ပခရီးသြားေတြ နားလည္ၿပီး စိတ္၀င္စားလာေအာင္လုိ႔ပါ” ဟု သင္တန္းျဖစ္ေျမာက္ေရး စီစဥ္သူ မႏၱေလး ဧည့္လမ္းညြန္မ်ားအသင္းမွ ရုပ္ေသးနည္းျပဆရာ၊ ဧည့္လမ္းညႊန္တစ္ဦးျဖစ္သူ ကုိေသာင္းႏိုင္ဦးက ေျပာသည္။

အဆုိပါသင္တန္းကုိ မနၱေလးျမဳိ႕ Unique Myanmar Restaurant မွ တာ၀န္ယူေဆာင္ရြက္ ေပးျခင္း ျဖစ္ျပီး သင္တန္းကာလမွာ တစ္လ ႀကာျမင့္မည္ျဖစ္ေၾကာင္း သိရသည္။

ယခုသင္တန္းမွာ ရုပ္ေသးအႏုပညာအတြက္ အေျခခံသင္ၾကားေပးသည့္ သင္တန္းသာျဖစ္ျပီး သင္တန္းသားမ်ား၏ စိတ္၀င္စားမႈႏွင့္ ၾကဳိးစားမႈေပၚ မႈတည္ကာ အဆင့္ျမင့္သင္တန္းမ်ားအား ဆက္လက္သင္ၾကားပုိ႔ခ်ေပး သြားမည္ျဖစ္ေၾကာင္းသိရသည္။

“ႏိုင္ငံျခားသားခရီးသြားေတြကို ဧည့္လမ္းညႊန္တစ္ေယာက္အေနနဲ႔ ဒီရုပ္ေသးရုပ္ေလးအေၾကာင္း၊ အကပညာေတြကို စနစ္တက်ရွင္းျပႏိုင္ေအာင္ ဒီသင္တန္းကိုလာတက္တာတာပါ။ အခုက ပထမဆံုးအႀကိမ္တက္္ျဖစ္တာပါ။” ဟု သင္တန္းသားတစ္ဦးျဖစ္သူ ကိုေဇာ္၀င္းႏိုင္က ဆိုသည္။

ပထမအႀကိမ္ရုပ္ေသးသင္တန္းကို ဆြစ္ဖ႔ြံျဖိဳးမႈပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕ႏွင့္ Myanmar Upper Land (MUL)ပူးေပါင္း ၍ ၂၀၁၅ ေအာက္တိုဘာ လ အတြင္း မႏၱေလးျမဳိ႕၊မဂၤလာမႏၱေလးတြင္ က်င္းပျပဳလုပ္ခဲ့သည္။

သတင္း။ ။ ‪#‎ေရႊေဇာ္‬(မႏၱေလး)
......................

မန္တလေး၊ မေလ (၁၄) ရက်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဧည့်လမ်းညွန်များ အတွက် ဒုတိယအကြိမ်မြောက် အခမဲ့ အခြေခံ ရုပ်သေး အကသင်တန်းကို မန္တလေးမြို့တွင် မေလ (၁၀)ရက်နေ့မှ (၁၉)ရက်နေ့ အထိသင်ကြားပေးသွား မည်ဖြစ်ကြောင်း မန္တလေးမြို့ဧည့်လမ်းညွန်များအသင်းတာဝန်ရှိသူများထံမှ သိရသည်။

ယဉ်ကျေးမှု အမွေအနှစ်များ လွှမ်းခြုံရာ မန္တလေးမြို့သို့လာရောက်လည်ပတ်သော ပြည်ပခရီးသွားများအနဖြေင့် မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာလက်ရာများကို ပိုမိုစိတ်ဝင်စားစေရန်အတွက် ရည်ရွယ်ပြီး သင်တန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

“ဒီသင်တန်းက ဒုတိယအကြိ်မ်ပါ။ အခုသင်တန်းမှာလည်း ပထမသင်တန်းက တက်ထားတဲ့ သင်တန်းသားတွေ ပြန်တက်တာများတယ်။ ပိုပြီးတော့ကျွမ်းကျင်လာအောင်လို့ပါ။ ဘာကြောင့် လဲဆိုတော့ ကြိုးဆွဲရုပ်သေး အနုပညာရဲ့ သဘောသဘာဝတွေကို ပြည်ပခရီးသွားတွေ နားလည်ပြီး စိတ်ဝင်စားလာအောင်လို့ပါ” ဟု သင်တန်းဖြစ်မြောက်ရေး စီစဉ်သူ မန္တလေး ဧည့်လမ်းညွန်များအသင်းမှ ရုပ်သေးနည်းပြဆရာ၊ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုသောင်းနိုင်ဦးက ပြောသည်။

အဆိုပါသင်တန်းကို မန္တလေးမြို့ Unique Myanmar Restaurant မှ တာဝန်ယူဆောင်ရွက် ပေးခြင်း ဖြစ်ပြီး သင်တန်းကာလမှာ တစ်လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ယခုသင်တန်းမှာ ရုပ်သေးအနုပညာအတွက် အခြေခံသင်ကြားပေးသည့် သင်တန်းသာဖြစ်ပြီး သင်တန်းသားများ၏ စိတ်ဝင်စားမှုနှင့် ကြိုးစားမှုပေါ် မှုတည်ကာ အဆင့်မြင့်သင်တန်းများအား ဆက်လက်သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်းသိရသည်။

“နိုင်ငံခြားသားခရီးသွားတွေကို ဧည့်လမ်းညွှန်တစ်ယောက်အနေနဲ့ ဒီရုပ်သေးရုပ်လေးအကြောင်း၊ အကပညာတွေကို စနစ်တကျရှင်းပြနိုင်အောင် ဒီသင်တန်းကိုလာတက်တာတာပါ။ အခုက ပထမဆုံးအကြိမ်တက်ဖြစ်တာပါ။” ဟု သင်တန်းသားတစ်ဦးဖြစ်သူ ကိုဇော်ဝင်းနိုင်က ဆိုသည်။

ပထမအကြိမ်ရုပ်သေးသင်တန်းကို ဆွစ်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် Myanmar Upper Land (MUL)ပူးပေါင်း၍ ၂၀၁၅ အောက်တိုဘာ လ အတွင်း မန္တလေးမြို့၊မင်္ဂလာမန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

သတင်း။ ‪#‎ရွှေဇော်‬(မန္တလေး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~