Update News

တစ္လင္တစ္မယားစနစ္ ဥပေဒျဖင့္ က်ဳိင္းတံု၌ ပထမဆံုး အမႈဖြင့့္


က်ဳိင္းတံု၊ ေမလ (၂၆) ရက္
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)က်ဳိင္းတံုၿမိဳ႕တြင္ တစ္လင္တစ္မယားစနစ္ က်င့္သံုးျခင္းဆုိင္ရာဥပေဒျဖင့္ ပထမဆံုးအေရးယူရသည့္ အမႈဖြင့္တုိင္တန္းမႈ ေမလ (၂၃) ရက္ေန႔က ျဖစ္ပြားေၾကာင္း က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ သတင္းရရိွသည္။

" က်ဳိင္းတံုမႈခင္းရာဇဝင္တစ္ေလွ်ာက္မွာ ဒီမႈခင္းမ်ဳိးမရိွခဲ့ေသးပါဘူး။ အရင္ကတည္းက တစ္ႀကိမ္မွ အမႈဖြင့္အေရးယူမႈ မျဖစ္ခဲ့ပါဘူး။ ခုဒါကေတာ့ ပထမဆံုးအႀကိမ္လို႔ ေျပာလို႔ရပါတယ္ " ဟု က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ တာဝန္က်ရဲတစ္ဦးက ေျပာသည္။

အဆိုပါအမႈမွာ ခင္ပြန္းျဖစ္သူက  လြန္ခဲ့သည့္ (၆) လခန္႔မွ စတင္၍ တျခားအမ်ဳိးသမီးႏွင့္ အိမ္ေထာင္ေရးေဖာက္ျပန္ ေပါင္းသင္းေနထိုင္ေနေၾကာင္း သိရိွရသျဖင့္ ဇနီးျဖစ္သူက လာေရာက္တိုင္တန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

" အိမ္ေထာင္သက္က ၾကာခဲ့ပါၿပီ။ ကြၽန္မတို႔မိသားစုအေပၚ လင္ဝတၱရားနဲ႔အညီ ျပဳစုေစာင့္ေရွာက္မႈ မရိွတဲ့အျပင္ အမ်ဳိးမ်ဳိးစိတ္ဆင္းရဲေအာင္ နွိပ္စက္ေနၿပီး သားသမီးမ်က္ႏွာကို မေထာက္ကြက္ သစၥာမရိွဘဲ ေဖာက္ျပန္ေနတာကို ကြၽန္မအေနနဲ႔ သည္းမခံႏိုင္လို႔ ခုလို အမႈဖြင့္ရတာပါ " ဟု ကိုယ္တိုင္ အမႈဖြင့္တိုင္တန္းသူ ဇနီးသည္က  ေျပာသည္။

လက္သမားလုပ္ငန္းလုပ္ကိုင္သည့္ အဆိုပါအမ်ိဳးသားႏွင့္ တရားဝင္လက္ထပ္ ေပါင္းသင္းခဲ့သည္မွာ
လြန္ခဲ့သည့္ (၁၇) ႏွစ္ကျဖစ္ၿပီး သားသမီး (၄) ဦး ထြန္းကားခဲ့ေၾကာင္း ၎ထံမွ သိရသည္။

အဆိုပါတိုင္ၾကားမႈေၾကာင့္ စိုးေလးဆိုသူအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ ေမလ (၂၃) ရက္က (ပ) ၁၃၀ /၂၀၁၆၊ ၂၀၁၅ ခုႏွစ္ တစ္လင္တစ္မယားစနစ္က်င့္သံုးျခင္းဆိုင္ရာဥပေဒပုဒ္မ ၁၃ ျဖင့္ အမႈဖြင့္လွစ္အေရးယူ ေဆာင္ရြက္ခဲ့ေၾကာင္း သတင္းရရိွသည္။

သတင္း။  ။ ဇင္ေအာင္
...........

ကျိုင်းတုံ၊ မေလ (၂၆) ရက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒဖြေင့် ပထမဆုံးအရေးယူရသည့် အမှုဖွင့်တိုင်တန်းမှု မေလ (၂၃) ရက်နေ့က ဖြစ်ပွားကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သတင်းရရှိသည်။

" ကျိုင်းတုံမှုခင်းရာဇဝင်တစ်လျှောက်မှာ ဒီမှုခင်းမျိုးမရှိခဲ့သေးပါဘူး။ အရင်ကတည်းက တစ်ကြိမ်မှ အမှုဖွင့်အရေးယူမှု မဖြစ်ခဲ့ပါဘူး။ ခုဒါကတော့ ပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ် " ဟု ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ကျရဲတစ်ဦးက ပြောသည်။

အဆိုပါအမှုမှာ ခင်ပွန်းဖြစ်သူက လွန်ခဲ့သည့် (၆) လခန့်မှ စတင်၍ တခြားအမျိုးသမီးနှင့် အိမ်ထောင်ရေးဖောက်ပြန် ပေါင်းသင်းနေထိုင်နေကြောင်း သိရှိရသဖြင့် ဇနီးဖြစ်သူက လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

" အိမ်ထောင်သက်က ကြာခဲ့ပါပြီ။ ကျွန်မတို့မိသားစုအပေါ် လင်ဝတ္တရားနဲ့အညီ ပြုစုစောင့်ရှောက်မှု မရှိတဲ့အပြင် အမျိုးမျိုးစိတ်ဆင်းရဲအောင် နှိပ်စက်နပြေီး သားသမီးမျက်နှာကို မထောက်ကွက် သစ္စာမရှိဘဲ ဖောက်ပြန်နေတာကို ကျွန်မအနေနဲ့ သည်းမခံနိုင်လို့ ခုလို အမှုဖွင့်ရတာပါ " ဟု ကိုယ်တိုင် အမှုဖွင့်တိုင်တန်းသူ ဇနီးသည်က ပြောသည်။

လက်သမားလုပ်ငန်းလုပ်ကိုင်သည့် အဆိုပါအမျိုးသားနှင့် တရားဝင်လက်ထပ် ပေါင်းသင်းခဲ့သည်မှာ
လွန်ခဲ့သည့် (၁၇) နှစ်ကဖြစ်ပြီး သားသမီး (၄) ဦး ထွန်းကားခဲ့ကြောင်း၎င်းထံမှ သိရသည်။

အဆိုပါတိုင်ကြားမှုကြောင့် စိုးလေးဆိုသူအား ကျိုင်းတုံမြို့မရဲစခန်းမှ မေလ (၂၃) ရက်က (ပ) ၁၃၀ /၂၀၁၆၊ ၂၀၁၅ ခုနှစ် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း။ ဇင်အောင်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »