ဟိုက္ပါစစ္ေဘးေရွာင္စခန္းအား နမ့္ခံုးရွမ္းမ်ားပရဟိတကူညီေရးအသင္းမွ ေမလအထိသာ ရိကၡာေထာက္ပံ့ႏုိင္ေတာ့မည္

ဟိုက္ပါစစ္ေဘးေရွာင္စခန္းအား နမ့္ခံုးရွမ္းမ်ားပရဟိတကူညီေရးအသင္းမွ ေမလအထိသာ ရိကၡာေထာက္ပံ့ႏုိင္ေတာ့မည္
မေ 7, 2016
By Tachileik News Agency
ဟိုက္ပါစစ္ေဘးေရွာင္ဒုကၡသည္စခန္း ။  ။ ဓာတ္ပံု - ကိုဇက္

ေတာင္ႀကီး၊ ေမလ(၇) ရက္
ရွမ္းျပည္နယ္(ေတာင္ပိုင္း) မိုင္းရွဴးၿမိဳ ့နယ္အတြင္းရွိ ဟိုက္ပါစစ္ေဘးေရွာင္ဒုကၡသည္စခန္းအား စာနပ္ရိကၡာေထာက္ပံ့ျခင္းကို ေမလအထိသာ တာဝန္ယူႏုိင္ေတာ့မည္ျဖစ္ေၾကာင္း နမ့္ခုံးရွမ္းမ်ား ပရဟိတကူညီေရးအသင္းမွ သိရသည္။

"ကၽြန္ေတာ္တို ့အသင္းအေနနဲ႔ ဟိုက္ပါဒုကၡသည္စခန္းက ဒုကၡသည္ေတြကို လာမယ့္ (၅)လပိုင္းအထိပဲ သူတို႔လိုအပ္ေနတဲ့ ဆန္ေတြကို ေထာက္ပံ့ေပးေတာ့မွာပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔လည္း သူတို ့ဟာသူတို ့  စိုက္ပ်ိဳးစားေသာက္ႏိုင္ပါၿပီ။ ဒီ(၅)လပိုင္း ေနာက္ပိုင္းဆိုရင္ေတာ့ ကၽြန္ေတာ္တို ့အသင္းနဲ ့ အဲဒီမွာရိွတဲ့ ေကာ္မတီေတြနဲ ့ ေတြ ့ဆုံၿပီးေတာ့ ဒုကၡသည္ေတြ ဘာကိုဘယ္လို လုပ္ကိုင္စားေသာက္မယ္ ဆိုတာကို ညိႇႏိႈင္းေဆြးေႏြးၾကမွာပါ။"ဟု နမ့္ခုံးရွမ္းမ်ားပရဟိတကူညီေရးအသင္းမွ ဦးစိုင္းဆိုင္မိႈင္းက ေျပာသည္။

နမ့္ခုံးရွမ္းမ်ားပရဟိတကူညီေရးအသင္းက ဟိုက္ပါဒုကၡသည္စခန္းမ်ားတြင္ရိွေနေသာ ဒုကၡသည္မ်ားကို သာမက ဒုကၡသည္စခန္းမ်ားမွ မူလေနရပ္သို႔ျပန္ၾကေသာ ဒုကၡသည္အခ်ိဳ႕ကိုပါ ဆန္ေထာက္ပံ့ေပး လွ်က္ရိွျပီး ယခုခ်ိန္ထိ ဒုကၡသည္မ်ားအတြက္ စားနပ္ရိကၡာ လုံေလာက္မႈမရိွေသးေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) မိုင္းရွဴးၿမိဳ ့နယ္အတြင္း ၂၀၁၅ခုႏွစ္ ေအာက္တိုဘာလႏွင့္ ႏို၀င္ဘာလမ်ားတြင္ တပ္မေတာ္ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ/ရွမ္းျပည္တပ္မေတာ္တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည့္ အတြက္ နမ့္ပါမုန္း၊ ကုန္းနင္၊ နမ့္ဆြပ့္ႏွင့္ တာထမ္းပူးေက်းရြာမ်ားမွ ထြက္ေျပးတိမ္းေရွာင္လာရသည့္ ဒုကၡသည္ (၁၀၀၀)ေက်ာ္ခန္႔သည္ ဟိုက္ပါေက်းရြာအနီး ဒုကၡသည္စခန္းတြင္ ခိုလံႈေနရျခင္းျဖစ္သည္။

စစ္ေဘးေရွာင္ဒုကၡသည္အခ်ိဳ႕၏ မူလေနရပ္ေက်းရြာမ်ားမွာ တိုက္ပြဲျဖစ္ပြားခဲ့သည့္ စစ္မ်က္ႏွာတြင္ ရွိေနသျဖင့္ တိုက္ပြဲထပ္မံျဖစ္ပြားမည္ကို စိုးရိမ္ေသာေၾကာင့္ ေနရပ္မျပန္လိုၾကဘဲ ဟိုက္ပါေက်းရြာ စစ္ေဘးေရွာင္ဒုကၡသည္ စခန္းအနီးတြင္ ေက်းရြာထပ္မံတည္ေဆာက္၍ ေနထုိင္လွ်က္ရွိေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္

.............

တောင်ကြီး၊ မေလ(၇) ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်အတွင်းရှိ ဟိုက်ပါစစ်ဘေးရှောင်ဒုက္ခသည်စခန်းအား စာနပ်ရိက္ခါထောက်ပံ့ခြင်းကို မေလအထိသာ တာဝန်ယူနိုင်တော့မည်ဖြစ်ကြောင်း နမ့်ခုံးရှမ်းများ ပရဟိတကူညီရေးအသင်းမှ သိရသည်။

"ကျွန်တော်တို့အသင်းအနေနဲ့ ဟိုက်ပါဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို လာမယ့် (၅)လပိုင်းအထိပဲ သူတို့လိုအပ်နေတဲ့ ဆန်တွေကို ထောက်ပံ့ပေးတော့မှာပါ။ ဘာလို့လဲဆိုတော့ သူတို့လည်း သူတို့ဟာသူတို့ စိုက်ပျိုးစားသောက်နိုင်ပါပြီ။ ဒီ(၅)လပိုင်း နောက်ပိုင်းဆိုရင်တော့ ကျွန်တော်တို့အသင်းနဲ့ အဲဒီမှာရှိတဲ့ ကော်မတီတွေနဲ့ တွေ့ဆုံပြီးတော့ ဒုက္ခသည်တွေ ဘာကိုဘယ်လို လုပ်ကိုင်စားသောက်မယ် ဆိုတာကို ညှိနှိုင်းဆွေးနွေးကြမှာပါ။"ဟု နမ့်ခုံးရှမ်းများပရဟိတကူညီရေးအသင်းမှ ဦးစိုင်းဆိုင်မှိုင်းက ပြောသည်။

နမ့်ခုံးရှမ်းများပရဟိတကူညီရေးအသင်းက ဟိုက်ပါဒုက္ခသည်စခန်းများတွင်ရှိနေသော ဒုက္ခသည်များကို သာမက ဒုက္ခသည်စခန်းများမှ မူလနေရပ်သို့ပြန်ကြသော ဒုက္ခသည်အချို့ကိုပါ ဆန်ထောက်ပံ့ပေး လျှက်ရှိပြီး ယခုချိန်ထိ ဒုက္ခသည်များအတွက် စားနပ်ရိက္ခါ လုံလောက်မှုမရှိသေးကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်အတွင်း ၂၀၁၅ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့် အတွက် နမ့်ပါမုန်း၊ ကုန်းနင်၊ နမ့်ဆွပ့်နှင့် တာထမ်းပူးကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာရသည့် ဒုက္ခသည် (၁၀၀၀)ကျော်ခန့်သည် ဟိုက်ပါကျေးရွာအနီး ဒုက္ခသည်စခန်းတွင် ခိုလှုံနေရခြင်းဖြစ်သည်။

စစ်ဘေးရှောင်ဒုက္ခသည်အချို့၏ မူလနေရပ်ကျေးရွာများမှာ တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်မျက်နှာတွင် ရှိနေသဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် နေရပ်မပြန်လိုကြဘဲ ဟိုက်ပါကျေးရွာ စစ်ဘေးရှောင်ဒုက္ခသည် စခန်းအနီးတွင် ကျေးရွာထပ်မံတည်ဆောက်၍ နေထိုင်လျှက်ရှိကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~