တာခ်ီလိတ္ၿမိဳ႕အား ထိုင္းလွ်ပ္စစ္မီးအစား အထူးေဒသ(၄)မိုင္းလားအဖြဲ႕မွ လွ်ပ္စစ္မီးေပးရန္ ေဆြးေႏြးေန

တာခ်ီလိတ္ၿမိဳ႕အား ထိုင္းလွ်ပ္စစ္မီးအစား အထူးေဒသ(၄)မိုင္းလားအဖြဲ႕မွ လွ်ပ္စစ္မီးေပးရန္ ေဆြးေႏြးေန
မေ 21, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၂၁)ရက္
တာခ်ီလိတ္ၿမိဳ႕တြင္ လက္ရိွအသံုးျပဳေနေသာ ထိုင္းႏိုင္ငံမွ လွ်ပ္စစ္မီးအစား အထူးေဒသ(၄) မိုင္းလားအဖြဲ႕မွ လွ်ပ္စစ္မီး ရယူသံုးစြဲသြားရန္ ေဆြးေႏြးလွ်က္ရွိေၾကာင္း ရွမ္းျပည္နယ္ လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီးဌာန ျပည္နယ္၀န္ႀကီးထံမွ သိရသည္။

"အထူးေဒသ(၄)မိုင္းလားအဖြဲ႕နဲ႔ကိစၥကို အစည္းအေ၀းမွာ ေျပာျဖစ္ပါတယ္။ မိုင္းလားအဖြဲ႕ကလည္း အစည္းအေ၀းလာတက္ေတာ့ မီးေပးခ်င္တာေပါ့။ ဘယ္လိုရည္ရြယ္ခ်က္နဲ႔ ဘယ္ၿမိဳ႕ေတြ ဘယ္ေဒသေတြကို မီးေပးခ်င္တာလဲ စီမံခ်က္ေတြေရးၿပီးတင္ဖို႔ ေျပာလိုက္တယ္။ အဓိက တာခ်ီလိတ္က ထိုင္းႏိုင္ငံက မီးယူေနရတယ္။ ဒီလိုပဲ တျခားၿမိဳ႕ေတြ မီးရဖို႔အတြက္ အဓိက လာရျခင္းျဖစ္ပါတယ္"ဟု ရွမ္းျပည္နယ္ လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီးဌာန  ျပည္နယ္၀န္ႀကီး ဦးေဆြသိန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ဌာနဆိုင္ရာ အဖြဲ႕အစည္းမ်ား၊ မီးလင္းေရးေကာ္မတီမ်ားႏွင့္ေတြ႕ဆံုေဆြးေႏြးမႈတြင္ အထူးေဒသ(၄)မိုင္းလားအဖြဲ႕မွ လာေရာက္၍ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)အတြင္း အထူးေဒသ(၄)မွ ေရအားလွ်ပ္စစ္ မီးေပးႏိုင္ရန္အတြက္ လာေရာက္ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီေဒသကို မီးရရွိေအာင္ဆိုရင္ မိုင္းလားအဖြဲ႕ဘက္ပဲျမန္မလား၊ ကိုယ္တို႔ဌာနက သြယ္တန္းေနတာကပဲ ျမန္မလား၊ လာအိုႏိုင္ငံကေပးမယ္ဆိုတဲ့မီးက ျမန္မလားဆိုတာ သံုးသပ္ၿပီး အေကာင္းဆံုးျဖစ္ေအာင္ ဒီေဒသတစ္၀ိုက္ကို မီးေပးႏိုင္ေအာင္ေဆာင္ရြက္သြားမယ္လို႔ ဆံုးျဖတ္ထားပါတယ္"ဟု ျပည္နယ္လွ်ပ္စစ္ဝန္ႀကီးက ေျပာၾကားခဲ့သည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း လွ်ပ္စစ္မီးအလံုအေလာက္ရရွိရန္အတြက္ လာအိုႏိုင္ငံမွ ေရအားလွ်ပ္စစ္ကို ရယူရန္ ေဆြးေႏြးေနသည့္အျပင္ မိုင္းလားတပ္ဖြဲ႕ အထူးေဒသ(၄)မွလည္း လွ်ပ္စစ္မီးေပးရန္ စိတ္ဝင္စားေနျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အသံုးျပဳလွ်က္ရွိေသာ လွ်ပ္စစ္မီးမွာ ထိုင္းႏိုင္ငံမွ တဆင့္ျပန္လည္ ၀ယ္ယူ အသံုးျပဳေနရျခင္းျဖစ္ၿပီး ၿမိဳ႕မီးလင္းေရးမွ ေဒသခံျပည္သူမ်ားသို႔ တစ္ယူနစ္လွ်င္ (၆)ဘတ္ျဖင့္ ျပန္လည္ေရာင္းခ်ျခင္းျဖစ္သည္။

လွ်ပ္စစ္မီးလံုေလာက္စြာမရရွိေသးသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ က်ိဳင္းတံု၊ မိုင္းဆတ္ၿမိဳ႕မ်ားအား မီးရရွိေအာင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
..................

တာချီလိတ်၊ မေလ(၂၁)ရက်
တာချီလိတ်မြို့တွင် လက်ရှိအသုံးပြုနေသော ထိုင်းနိုင်ငံမှ လျှပ်စစ်မီးအစား အထူးဒေသ(၄) မိုင်းလားအဖွဲ့မှ လျှပ်စစ်မီး ရယူသုံးစွဲသွားရန် ဆွေးနွေးလျှက်ရှိကြောင်း ရှမ်းပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်နယ်ဝန်ကြီးထံမှ သိရသည်။

"အထူးဒေသ(၄)မိုင်းလားအဖွဲ့နဲ့ကိစ္စကို အစည်းအေဝးမှာ ပြောဖြစ်ပါတယ်။ မိုင်းလားအဖွဲ့ကလည်း အစည်းအေဝးလာတက်တော့ မီးပေးချင်တာပေါ့။ ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်မြို့တွေ ဘယ်ဒေသတွေကို မီးပေးချင်တာလဲ စီမံချက်တွေရေးပြီးတင်ဖို့ ပြောလိုက်တယ်။ အဓိက တာချီလိတ်က ထိုင်းနိုင်ငံက မီးယူနေရတယ်။ ဒီလိုပဲ တခြားမြို့တွေ မီးရဖို့အတွက် အဓိက လာရခြင်းဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးဆွေသိန်းက ပြောသည်။

တာချီလိတ်မြို့ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မီးလင်းရေးကော်မတီများနှင့်တွေ့ဆုံဆွေးနွေးမှုတွင် အထူးဒေသ(၄)မိုင်းလားအဖွဲ့မှ လာရောက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း အထူးဒေသ(၄)မှ ရေအားလျှပ်စစ် မီးပေးနိုင်ရန်အတွက် လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီဒေသကို မီးရရှိအောင်ဆိုရင် မိုင်းလားအဖွဲ့ဘက်ပဲမြန်မလား၊ ကိုယ်တို့ဌာနက သွယ်တန်းနေတာကပဲ မြန်မလား၊ လာအိုနိုင်ငံကပေးမယ်ဆိုတဲ့မီးက မြန်မလားဆိုတာ သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် ဒီဒေသတစ်ဝိုက်ကို မီးပေးနိုင်အောင်ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်"ဟု ပြည်နယ်လျှပ်စစ်ဝန်ကြီးက ပြောကြားခဲ့သည်။

တာချီလိတ်မြို့နယ်အတွင်း လျှပ်စစ်မီးအလုံအလောက်ရရှိရန်အတွက် လာအိုနိုင်ငံမှ ရေအားလျှပ်စစ်ကို ရယူရန် ဆွေးနွေးနေသည့်အပြင် မိုင်းလားတပ်ဖွဲ့ အထူးဒေသ(၄)မှလည်း လျှပ်စစ်မီးပေးရန် စိတ်ဝင်စားနခြေင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အသုံးပြုလျှက်ရှိသော လျှပ်စစ်မီးမှာ ထိုင်းနိုင်ငံမှ တဆင့်ပြန်လည် ဝယ်ယူ အသုံးပြုနေရခြင်းဖြစ်ပြီး မြို့မီးလင်းရေးမှ ဒေသခံပြည်သူများသို့ တစ်ယူနစ်လျှင် (၆)ဘတ်ဖြင့် ပြန်လည်ရောင်းချခြင်းဖြစ်သည်။

လျှပ်စစ်မီးလုံလောက်စွာမရရှိသေးသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံ၊ မိုင်းဆတ်မြို့များအား မီးရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~