ဆိုင္ကယ္ငွားစီးသူက ဆိုင္ကယ္ျပန္မေပး၍ လူသတ္မႈ က်ဳိင္းတံု၌ ျဖစ္ပြား

ဆိုင္ကယ္ငွားစီးသူက ဆိုင္ကယ္ျပန္မေပး၍ လူသတ္မႈ က်ဳိင္းတံု၌ ျဖစ္ပြား
မေ 14, 2016
By Tachileik News Agency

က်ဳိင္းတံု ေမလ (၁၄) ရက္
က်ဳိင္းတံုၿမိဳ႕တြင္ ေမလ (၁၂) ရက္ေန႔ ညအခ်ိန္က ဆိုင္ကယ္ငွားစီးသူကို ဆိုင္ကယ္ျပန္ေတာင္းရာ မေပးဘဲ ရန္ေတြ႕ရာမွ ဆိုင္ကယ္ငွားသူအား ဆိုင္ကယ္ပိုင္ရွင္မွ သတ္မႈျဖစ္ပြားခဲ့ေၾကာင္း က်ဳိင္းတံုၿမိဳ႕မရဲခန္းမွ သတင္းရရိွသည္။

" သတ္တဲ့သူက သူကိုယ္တိုင္ ရြာသူႀကီးကို သြားေခၚၿပီးေတာ့ ေသသူဟာ အရက္အမူးလြန္ၿပီး ေသတာပါလို႔ လိမ္ေျပာခဲ့ပါတယ္။ " ဟု က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ ဒုရဲမွဴးဝင္းသန္းက ေျပာသည္။

ျဖစ္ပြားပံုမွာ က်ဳိင္းတံုၿမိဳ႕၊ မိုင္းဇင္းအုပ္စု၊ ေနာင္ႏြန္းရြာသစ္တြင္ ေမလ (၁၂) ရက္ေန႔က သီဟေဇာ္ဆိုသူထံမွ ဆိုင္ကယ္ကို က်အူဆိုသူက ငွားစီးၿပီး ျပန္မေပးရာမွ ညအခ်ိန္၌ စကားမ်ား ရန္ျဖစ္ၾကၿပီး ဆိုင္ကယ္ပိုင္ရွင္က ပါး႐ိုက္၊ လက္သီးျဖင့္ထိုးရာမွ က်အူမွာလဲက်သြားစဥ္ အုတ္ခဲျဖင့္ ႏွစ္ခ်က္ထု႐ိုက္ၿပီးေနာက္ မီးဖိုေဆာင္ထဲ ေသာ့ပိတ္ထားခဲ့ကာ ေသာ့အားယူေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ေမလ (၁၃) ရက္ ၊ နံနက္ (၇) နာရီအခ်ိန္၌ သီဟေဇာ္က ေသာ့အားျပန္လည္၍ လာေရာက္ေပးခဲ့ၿပီး ရြာသူႀကီးထံသို႔သြားကာ အေရးႀကီးသျဖင့္ လိုက္လံၾကည့္႐ႈရန္ေခၚေဆာင္သျဖင့္ ရြာသူႀကီးမွ လိုက္ၾကည့္ခဲ့ရာ မီးဖိုေဆာင္ထဲတြင္ ေသဆံုးေနသည့္ က်အူအားေတြ႕ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမႈႏွင့္ပတ္သက္ၿပီး အသက္ (၂၇) ႏွစ္အရြယ္ ဦးသီဟေဇာ္အား က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ မတ္လ (၁၃) ရက္၌ အမႈႀကီးအမွတ္စဥ္ ( ၇/၂၀၁၆)၊ (ပ) ၉၄/ ၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သတင္းရရိွသည္။

သတင္း။  ။ ဇင္ေအာင္

...........................

ကျိုင်းတုံ မေလ (၁၄) ရက်
ကျိုင်းတုံမြို့တွင် မေလ (၁၂) ရက်နေ့ ညအချိန်က ဆိုင်ကယ်ငှါးစီးသူကို ဆိုင်ကယ်ပြန်တောင်းရာ မပေးဘဲ ရန်တွေ့ရာမှ ဆိုင်ကယ်ငှါးသူအား ဆိုင်ကယ်ပိုင်ရှင်မှ သတ်မှုဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့မရဲခန်းမှ သတင်းရရှိသည်။

" သတ်တဲ့သူက သူကိုယ်တိုင် ရွာသူကြီးကို သွားခေါ်ပြီးတော့ သေသူဟာ အရက်အမူးလွန်ပြီး သေတာပါလို့ လိမ်ပြောခဲ့ပါတယ်။ " ဟု ကျိုင်းတုံမြို့မရဲစခန်းမှ ဒုရဲမှူးဝင်းသန်းက ပြောသည်။

ဖြစ်ပွားပုံမှာ ကျိုင်းတုံမြို့၊ မိုင်းဇင်းအုပ်စု၊ နောင်နွန်းရွာသစ်တွင် မေလ (၁၂) ရက်နေ့က သီဟဇော်ဆိုသူထံမှ ဆိုင်ကယ်ကို ကျအူဆိုသူက ငှါးစီးပြီး ပြန်မပေးရာမှ ညအချိန်၌ စကားများ ရန်ဖြစ်ကြပြီး ဆိုင်ကယ်ပိုင်ရှင်က ပါးရိုက်၊ လက်သီးဖြင့်ထိုးရာမှ ကျအူမှာလဲကျသွားစဉ် အုတ်ခဲဖြင့် နှစ်ချက်ထုရိုက်ပြီးနောက် မီးဖိုဆောင်ထဲ သော့ပိတ်ထားခဲ့ကာ သော့အားယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မေလ (၁၃) ရက်၊ နံနက် (၇) နာရီအချိန်၌ သီဟဇော်က သော့အားပြန်လည်၍ လာရောက်ပေးခဲ့ပြီး ရွာသူကြီးထံသို့သွားကာ အရေးကြီးသဖြင့် လိုက်လံကြည့်ရှုရန်ခေါ်ဆောင်သဖြင့် ရွာသူကြီးမှ လိုက်ကြည့်ခဲ့ရာ မီးဖိုဆောင်ထဲတွင် သေဆုံးနေသည့် ကျအူအားတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး အသက် (၂၇) နှစ်အရွယ် ဦးသီဟဇော်အား ကျိုင်းတုံမြို့မရဲစခန်းမှ မတ်လ (၁၃) ရက်၌ အမှုကြီးအမှတ်စဉ် ( ၇/၂၀၁၆)၊ (ပ) ၉၄/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~