တာခ်ီလိတ္ၿမိဳ႕ရွိ စားေသာက္ဆိုင္ႏွင့္ဟိုတယ္ေျပစာမ်ားတြင္ ကုန္သြယ္လုပ္ငန္းခြန္ တံဆိပ္ကပ္ရန္ သတိေပးထား

တာခ်ီလိတ္ၿမိဳ႕ရွိ စားေသာက္ဆိုင္ႏွင့္ဟိုတယ္ေျပစာမ်ားတြင္ ကုန္သြယ္လုပ္ငန္းခြန္ တံဆိပ္ကပ္ရန္ သတိေပးထား
မေ 8, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၈)ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ စားေသာက္ဆိုင္မ်ားနွင့္ ဟိုတယ္မ်ားအေနျဖင့္ ေျပစာမ်ားတြင္ ကုန္သြယ္လုပ္ငန္းခြန္ တံဆိပ္ေခါင္းမ်ား ကပ္ႏွိပ္ျခင္း မရိွသည့္အတြက္ တာခ်ီလိတ္ၿမိဳ ့နယ္ အခြန္ဦးစီးဌာနမွ သတိေပးေျပာဆိုလိုက္ေၾကာင္း သိရသည္။

"ဒီကလုပ္ငန္းရွင္ေတြက ကုန္သြယ္လုပ္ငန္းခြန္ တံဆိပ္ေခါင္းေတြကို ေျပစာေတြမွာ မကပ္တာပဲရိွတယ္။ သူတို ့ဟာသူတို ့ စိုက္ၿပီးေဆာင္ေနတဲ့ သေဘာရိွတယ္။ ဒီလို မကပ္တာေတြ ့ရင္ သတင္းေပး တိုင္တန္းခြင့္ရိွတယ္။ သတင္းေပးတိုင္တန္းတဲ့ သူကို ဆုေၾကးခ်ီးျမႇင့္ရမယ္လို႔ ဥပေဒမွာ ပါရိွပါတယ္။ ၿပီးရင္ လာေရာက္ တိုင္တန္းသူကုိ အစိုးရကိစၥမွတစ္ပါး ေဖာ္ထုတ္ေျပာဆိုခြင့္မရိွဘူး။ ဒါေၾကာင့္ လုပ္ငန္းရွင္မ်ားအေနနဲ ့ ကုန္သြယ္လုပ္ငန္းခြန္ တံဆိပ္ေခါင္းမ်ားကပ္နွိပ္ၾကပါ "ဟု တာခ်ီလိတ္ၿမိဳ ့နယ္ အခြန္ဦးစီးဌာနမွဴးရုံးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတိုးလိႈင္က ေျပာသည္။

လစဥ္ အခြန္ဦးစီးဌာနသို႔ ေျပစာအမွတ္တံဆိပ္ လာထုတ္လွ်က္ရွိရာ ၂၀၁၅- ၂၀၁၆ ခုႏွစ္တြင္ ေျပစာအမွတ္ တံဆိပ္ ကပ္ႏိွပ္ေရာင္းခ်ျခင္းမွရရိွသည့္အခြန္ေငြ က်ပ္သန္းေပါင္း(၁၄၇)ခန္႔ရွိေၾကာင္း ၎ထံမွ သိရသည္။

ေျပစာမ်ားတြင္ ကုန္သြယ္လုပ္ငန္းခြန္ တံဆိပ္ေခါင္းမ်ား ကပ္ႏိွပ္ျခင္းမရိွပါက ပထမအႀကိမ္ ပ်က္ကြက္ျခင္း အတြက္ က်ပ္(၂)သိန္း၊ ဒုတိယအႀကိမ္ ပ်က္ကြက္ျခင္းအတြက္ က်ပ္(၅)သိန္း၊ တတိယအႀကိမ္ ပ်က္ကြက္ျခင္း အတြက္ က်ပ္(၇)သိန္း၊ တတိယအႀကိမ္ႏွင့္ အထက္ပ်က္ကြက္ျခင္းအတြက္ တစ္ႀကိမ္လွ်င္ က်ပ္(၁၀)သိန္းထိ ဒဏ္ေငြေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီမွာက ဘတ္နဲ ့ရွင္းတာ။ ေျပစာအမွတ္တံဆိပ္ကက်ေတာ့ က်ပ္နဲ ့။ဒီေတာ့ က်သင့္ေငြကို (၃၅)က်ပ္နဲ ့ေျမႇာက္ (၂၀)နဲ ့တစ္ခါစား က်သင့္တဲ့ တံဆိပ္ေခါင္းကိုကပ္ဆိုေတာ့ သိပ္မကပ္ၾကေတာ့ဘူး။ ဒီေတာ့ ဒီကိစၥကို တိုင္တန္းတဲ့သူ ရိွလာခဲ့ရင္ ကၽြန္ေတာ္တို ့ကေတာ့ အေရးယူေဆာင္ရြက္ေပးရမွာျဖစ္တဲ့ အတြက္ လုပ္ငန္းရွင္ေတြကို သတိေပးတာပါ။"ဟု ၿမိဳ႕နယ္အခြန္ဦးစီးဌာနမွဴးရံုးမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးတိုးလွိဳင္က ေျပာသည္။

"ကြ်န္မတို႔ အေနနဲ႔ ေျပစာေပၚမွာ ကုန္သြယ္လုပ္ငန္းခြန္ တံဆိပ္ေခါင္း ကပ္ႏွိပ္ေပးလိုက္တာေတြမွာ၊ ကပ္နွိပ္ေပးလိုက္တာပဲ ရွိတယ္။ အဆင္မေျပဘူး။ စားသံုးသူနားက ေကာက္လို႔မရဘူး၊ အဲ့လို ကုန္သြယ္အခြန္ တံဆိပ္ေခါင္း ကပ္ေပးလိုက္ၿပီး ေကာက္ရင္ အဆဲခံရတာရွိသလို၊ မလာခ်င္ၾကေတာ့ တာေတြလည္း ရွိတယ္၊ နင္တို႔ဆိုင္ လာစားတာေတာင္ ငါတို႔က အခြန္ေဆာင္ရေသးတာလား ဆိုၿပီး ေျပာတာေတြလည္းရွိတာေပါ့။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး စားသံုးသူေတြ နားမလည္တာေတြ မ်ားေနေသးတယ္၊ တာခ်ီလိတ္မွာ ဘယ္ဆိုင္မွ အဲ့လို မလုပ္ႏိုင္ေသးဘူး၊ လက္ရွိမွာေတာ့ ကြ်န္မတို႔လို စားေသာက္ဆိုင္ေတြအေနနဲ႔ သေဘာတရားအရသာ ကပ္ေပးလိုက္ရသလိုပဲ ျဖစ္ေနတယ္"ဟု ပုန္းထြန္ရပ္ကြက္ရွိ စားေသာက္ဆိုင္ပိုင္ရွင္ အမ်ဳိးသမီးတစ္ဦးက ဆိုသည္။

၂၀၁၆ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒမွာ ၂၀၁၆ ခုနွစ္ ဧၿပီလ(၁)ရက္ေန ့မွ စတင္ကာ အက်ိဳးသက္ေရာက္ျခင္းျဖစ္ၿပီး အခြန္က်သင့္မည့္ လုပ္ငန္းမ်ားအျဖစ္ (က)ကုန္စည္ထုတ္လုပ္ေရာင္းခ်ျခင္း၊ (ခ)ကုန္စည္တင္သြင္းျခင္း၊ (ဂ)ကုန္သြယ္မႈေဆာင္ရြက္ျခင္း၊ (ဃ)၀န္ေဆာင္မႈေဆာင္ရြက္ျခင္း စသည့္လုပ္ငန္းမ်ား ပါ၀င္ျခင္းျဖစ္သည္။

ကုန္သြယ္လုပ္ငန္းခြန္မက်သင့္ေစသည့္ကုန္စည္အမ်ိဳးအစားမ်ားမွာ ၂၀၁၅ ခုႏွစ္ ျပည္ေထာင္စု အခြန္အေကာက္ဥပေဒအရ (၇၉)မ်ိဳးမွ၂၀၁၆ ခုႏွစ္ ျပည္ေထာင္စု အခြန္အေကာက္ဥပေဒတြင္ (၈၆)မ်ိဳးထိတိုးလာၿပီး ကုန္သြယ္လုပ္ငန္းခြန္ မက်သင့္ေစသည့္ ၀န္ေဆာင္မႈလုပ္ငန္းမ်ားတြင္ ၂၀၁၅ ခုႏွစ္ျပည္ေထာင္စုအခြန္အေကာက္ဥပေဒအရ (၂၃)မ်ိဳးမွ ၂၀၁၆ ခုႏွစ္ျပည္ေထာင္စု အခြန္အေကာက္ ဥပေဒအရ (၂၉)မ်ိဳး အထိရိွလာခဲ့ျခင္းျဖစ္သည္။

သတင္း။  ။ ဇြဲျမတ္

...................

တာချီလိတ်၊ မေလ(၈)ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စားသောက်ဆိုင်များနှင့် ဟိုတယ်များအနဖြေင့် ပြေစာများတွင် ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းများ ကပ်နှိပ်ခြင်း မရှိသည့်အတွက် တာချီလိတ်မြို့နယ် အခွန်ဦးစီးဌာနမှ သတိပေးပြောဆိုလိုက်ကြောင်း သိရသည်။

"ဒီကလုပ်ငန်းရှင်တွေက ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းတွေကို ပြေစာတွေမှာ မကပ်တာပဲရှိတယ်။ သူတို့ဟာသူတို့ စိုက်ပြီးဆောင်နေတဲ့ သဘောရှိတယ်။ ဒီလို မကပ်တာတွေ့ရင် သတင်းပေး တိုင်တန်းခွင့်ရှိတယ်။ သတင်းပေးတိုင်တန်းတဲ့ သူကို ဆုကြေးချီးမြှင့်ရမယ်လို့ ဥပဒေမှာ ပါရှိပါတယ်။ ပြီးရင် လာရောက် တိုင်တန်းသူကို အစိုးရကိစ္စမှတစ်ပါး ဖော်ထုတ်ပြောဆိုခွင့်မရှိဘူး။ ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းများကပ်နှိပ်ကြပါ "ဟု တာချီလိတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ပြောသည်။

လစဉ် အခွန်ဦးစီးဌာနသို့ ပြေစာအမှတ်တံဆိပ် လာထုတ်လျှက်ရှိရာ ၂၀၁၅- ၂၀၁၆ ခုနှစ်တွင် ပြေစာအမှတ် တံဆိပ် ကပ်နှိပ်ရောင်းချခြင်းမှရရှိသည့်အခွန်ငွေ ကျပ်သန်းပေါင်း(၁၄၇)ခန့်ရှိကြောင်း၎င်းထံမှ သိရသည်။

ပြေစာများတွင် ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းများ ကပ်နှိပ်ခြင်းမရှိပါက ပထမအကြိမ် ပျက်ကွက်ခြင်း အတွက် ကျပ်(၂)သိန်း၊ ဒုတိယအကြိမ် ပျက်ကွက်ခြင်းအတွက် ကျပ်(၅)သိန်း၊ တတိယအကြိမ် ပျက်ကွက်ခြင်း အတွက် ကျပ်(၇)သိန်း၊ တတိယအကြိမ်နှင့် အထက်ပျက်ကွက်ခြင်းအတွက် တစ်ကြိမ်လျှင် ကျပ်(၁၀)သိန်းထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

"ဒီမှာက ဘတ်နဲ့ရှင်းတာ။ ပြေစာအမှတ်တံဆိပ်ကကျတော့ ကျပ်နဲ့။ဒီတော့ ကျသင့်ငွေကို (၃၅)ကျပ်နဲ့မြှောက် (၂၀)နဲ့တစ်ခါစား ကျသင့်တဲ့ တံဆိပ်ခေါင်းကိုကပ်ဆိုတော့ သိပ်မကပ်ကြတော့ဘူး။ ဒီတော့ ဒီကိစ္စကို တိုင်တန်းတဲ့သူ ရှိလာခဲ့ရင် ကျွန်တော်တို့ကတော့ အရေးယူဆောင်ရွက်ပေးရမှာဖြစ်တဲ့ အတွက် လုပ်ငန်းရှင်တွေကို သတိပေးတာပါ။"ဟု မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ပြောသည်။

"ကျွန်မတို့ အနေနဲ့ ပြေစာပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်နှိပ်ပေးလိုက်တာတွေမှာ၊ ကပ်နှိပ်ပေးလိုက်တာပဲ ရှိတယ်။ အဆင်မပြေဘူး။ စားသုံးသူနားက ကောက်လို့မရဘူး၊ အဲ့လို ကုန်သွယ်အခွန် တံဆိပ်ခေါင်း ကပ်ပေးလိုက်ပြီး ကောက်ရင် အဆဲခံရတာရှိသလို၊ မလာချင်ကြတော့ တာတွေလည်း ရှိတယ်၊ နင်တို့ဆိုင် လာစားတာတောင် ငါတို့က အခွန်ဆောင်ရသေးတာလား ဆိုပြီး ပြောတာတွေလည်းရှိတာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စားသုံးသူတွေ နားမလည်တာတွေ များနေသေးတယ်၊ တာချီလိတ်မှာ ဘယ်ဆိုင်မှ အဲ့လို မလုပ်နိုင်သေးဘူး၊ လက်ရှိမှာတော့ ကျွန်မတို့လို စားသောက်ဆိုင်တွေအနေနဲ့ သဘောတရားအရသာ ကပ်ပေးလိုက်ရသလိုပဲ ဖြစ်နေတယ်"ဟု ပုန်းထွန်ရပ်ကွက်ရှိ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

၂၀၁၆ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ ၂၀၁၆ ခုနှစ် ဧပြီလ(၁)ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်ခြင်းဖြစ်ပြီး အခွန်ကျသင့်မည့် လုပ်ငန်းများအဖြစ် (က)ကုန်စည်ထုတ်လုပ်ရောင်းချခြင်း၊ (ခ)ကုန်စည်တင်သွင်းခြင်း၊ (ဂ)ကုန်သွယ်မှုဆောင်ရွက်ခြင်း၊ (ဃ)ဝန်ဆောင်မှုဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများ ပါဝင်ခြင်းဖြစ်သည်။

ကုန်သွယ်လုပ်ငန်းခွန်မကျသင့်စေသည့်ကုန်စည်အမျိုးအစားများမှာ ၂၀၁၅ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ (၇၉)မျိုးမှ၂၀၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေတွင် (၈၆)မျိုးထိတိုးလာပြီး ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ၂၀၁၅ ခုနှစ်ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ (၂၃)မျိုးမှ ၂၀၁၆ ခုနှစ်ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ (၂၉)မျိုး အထိရှိလာခဲ့ခြင်းဖြစ်သည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~