ေမြးရာပါ ႏွဳတ္ခမ္းကြဲ ခြဲစိတ္ျပဳျပင္ေရးစီမံခ်က္ ျမန္မာႏိုင္ငံတြင္ ဘာသာစကား အခက္အခဲႀကံဳေနရ

ေမြးရာပါ ႏွဳတ္ခမ္းကြဲ ခြဲစိတ္ျပဳျပင္ေရးစီမံခ်က္ ျမန္မာႏိုင္ငံတြင္ ဘာသာစကား အခက္အခဲႀကံဳေနရ
မေ 4, 2016
By Tachileik News Agency
Photo: Give a brighter smile for cleft children ' Facebook

တာခ်ီလိတ္၊ ေမလ (၄) ရက္
ျမန္မာ - ထိုင္း - လာအို သုံးႏိုင္ငံတြင္ ေဆာင္ရြက္ေနသည့္ ေမြးရာပါႏွဳတ္ခမ္းကြဲ၊ အာေခါင္ကြဲ ခြဲစိတ္ျပဳျပင္ေရးစီမံခ်က္တြင္ ျမန္မာႏိုင္ငံမွ တိုင္းရင္းသားဘာသာစကားမ်ားျပားသျဖင့္ အခက္အခဲႀကံဳ ေနရေၾကာင္း သိရသည္။

“ျမန္မာနဲ႔ ထိုင္းနဲ႔က်ေတာ့ စကားလံုး၀မတူေတာ့ဘူး။ ကုသတဲ့ အခါမွာေရာ အခက္အခဲေတြရွိပါတယ္။ ဆက္သြယ္ေရးပိုင္းဆိုင္ရာ အဓိက အခက္အခဲကေတာ့ ဘာသာစကားေပါ႔ေနာ္။ လာေရာက္ကုသမွဳ ခံယူတဲ့လူနာက တိုင္းရင္းသားေတြမ်ားပါတယ္။ အာခါ၊ လားဟူ၊ ရွမ္း၊ လီဆူ၊ ၀ ဆိုေတာ့ စကားျပန္ ႏွစ္ဆင့္ သံုးဆင့္ေလာက္ျပန္ရပါတယ္။ ၿပီးေတာ့ တိုင္းရင္းသားလူနာေတြမ်ားေတာ့ အေတာ္ေလး အခက္အခဲရွိပါတယ္။”ဟု Myanmar Project Coordinator မနန္းအိအိၿဖဴက ေျပာသည္။

ေမြးရာပါ ႏွဳတ္ခမ္းကြဲျခင္း၊ အာေခါင္ကြဲျခင္းမ်ား ခြဲစိတ္ျပဳျပင္ေပးျခင္းလုပ္ငန္းစီမံခ်က္အရ ေဆာင္ရြက္ေနသည့္ သုံးႏိုင္ငံအနက္ ျမန္မာႏိုင္ငံတြင္ အမ်ားဆုံးေတြ႕ရေၾကာင္း အဆိုပါစီမံခ်က္၏ တာဝန္ရိွသူထံမွ သိရသည္။

“ေမြးရာပါႏွဳတ္ခမ္းကြဲအာေခါင္ကြဲ ကေလးေတြကို ခြဲစိတ္တာတစ္ခုတည္း မဟုတ္ပါဘူး။ ခြဲစိတ္ၿပီးတဲ့ေနာက္ပိုင္းမွာ ျပန္လည္ျပဳျပင္ေပးပါတယ္။ အဲဒီအခါက်ေတာ့ ျမန္မာႏိုင္ငံမွာေနထိုင္တဲ့ လူနာေတာ္ေတာ္မ်ားမ်ားက ခြဲစိတ္ၿပီးျပန္မလာၾကတာတို႕ ဆက္သြယ္လို႔မရတာတို႔ အေတာ္မ်ားပါတယ္။ အဲဒါေၾကာင့္ ေအာင္ျမင္မႈဟာ ၂၀ ရာခိုင္ႏွဳန္းေလာက္ပဲရႏိုင္ပါတယ္။”ဟု မနန္းအိအိၿဖဴက ေျပာသည္။

လက္ရွိအခ်ိန္ထိ ျမန္မာႏိုင္ငံမွ လူနာ(၂၃၅)ဦးကို စီမံခ်က္မွ အခမဲ့ခြဲစိတ္ေပးခဲ့ၿပီး ခြဲစိတ္ကုသစရိတ္အျဖစ္ လူနာတစ္ဦးလွ်င္ (၁၅၀၀၀)ဘတ္မွ (၃၀၀၀၀)ဘတ္အထိ စီမံခ်က္အေနျဖင့္ ကုန္က်ခံေၾကာင္း သိရသည္။

ယင္းစီမံခ်က္အတြက္ YMCA ၊ NWDF ႏွင့္ အျခားအဖြဲ႕စည္းမ်ားက ေထာက္ပံ့ေပးခဲ့ၿပီး ခြဲစိတ္ေရးကို ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ Overbrook Hospital တြင္ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။ ။ ‪#‎ေဇာင္းညီ‬
Photo: Give a brighter smile for cleft children ' Facebook
......................

တာချီလိတ်၊ မေလ (၄) ရက်
မြန်မာ - ထိုင်း - လာအို သုံးနိုင်ငံတွင် ဆောင်ရွက်နေသည့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ပြုပြင်ရေးစီမံချက်တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားဘာသာစကားများပြားသဖြင့် အခက်အခဲကြုံ နေရကြောင်း သိရသည်။

“မြန်မာနဲ့ ထိုင်းနဲ့ကျတော့ စကားလုံးဝမတူတော့ဘူး။ ကုသတဲ့ အခါမှာရော အခက်အခဲတွေရှိပါတယ်။ ဆက်သွယ်ရေးပိုင်းဆိုင်ရာ အဓိက အခက်အခဲကတော့ ဘာသာစကားပေါ့နော်။ လာရောက်ကုသမှု ခံယူတဲ့လူနာက တိုင်းရင်းသားတွေများပါတယ်။ အာခါ၊ လားဟူ၊ ရှမ်း၊ လီဆူ၊ ဝ ဆိုတော့ စကားပြန် နှစ်ဆင့် သုံးဆင့်လောက်ပြန်ရပါတယ်။ ပြီးတော့ တိုင်းရင်းသားလူနာတွေများတော့ အတော်လေး အခက်အခဲရှိပါတယ်။”ဟု Myanmar Project Coordinator မနန်းအိအိဖြူက ပြောသည်။

မွေးရာပါ နှုတ်ခမ်းကွဲခြင်း၊ အာခေါင်ကွဲခြင်းများ ခွဲစိတ်ပြုပြင်ပေးခြင်းလုပ်ငန်းစီမံချက်အရ ဆောင်ရွက်နေသည့် သုံးနိုင်ငံအနက် မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရကြောင်း အဆိုပါစီမံချက်၏ တာဝန်ရှိသူထံမှ သိရသည်။

“မွေးရာပါနှုတ်ခမ်းကွဲအာခေါင်ကွဲ ကလေးတွေကို ခွဲစိတ်တာတစ်ခုတည်း မဟုတ်ပါဘူး။ ခွဲစိတ်ပြီးတဲ့နောက်ပိုင်းမှာ ပြန်လည်ပြုပြင်ပေးပါတယ်။ အဲဒီအခါကျတော့ မြန်မာနိုင်ငံမှာနေထိုင်တဲ့ လူနာတော်တော်များများက ခွဲစိတ်ပြီးပြန်မလာကြတာတို့ ဆက်သွယ်လို့မရတာတို့ အတော်များပါတယ်။ အဲဒါကြောင့် အောင်မြင်မှုဟာ ၂၀ ရာခိုင်နှုန်းလောက်ပဲရနိုင်ပါတယ်။”ဟု မနန်းအိအိဖြူက ပြောသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှ လူနာ(၂၃၅)ဦးကို စီမံချက်မှ အခမဲ့ခွဲစိတ်ပေးခဲ့ပြီး ခွဲစိတ်ကုသစရိတ်အဖြစ် လူနာတစ်ဦးလျှင် (၁၅၀၀၀)ဘတ်မှ (၃၀၀၀၀)ဘတ်အထိ စီမံချက်အနဖြေင့် ကုန်ကျခံကြောင်း သိရသည်။

ယင်းစီမံချက်အတွက် YMCA၊ NWDF နှင့် အခြားအဖွဲ့စည်းများက ထောက်ပံ့ပေးခဲ့ပြီး ခွဲစိတ်ရေးကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Overbrook Hospital တွင် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ‪#‎ဇောင်းညီ‬
Photo: Give a brighter smile for cleft children ' Facebook

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~