တရားခံေျပးအား ဝင္ဖမ္းသည့္ ရဲတပ္ဖြဲ႕ကို ျပန္လည္ခုခံသျဖင့္ ပစ္ခတ္ ဖမ္းဆီးလိုက္ရ

တရားခံေျပးအား ဝင္ဖမ္းသည့္ ရဲတပ္ဖြဲ႕ကို ျပန္လည္ခုခံသျဖင့္ ပစ္ခတ္ ဖမ္းဆီးလိုက္ရ
မေ 19, 2016
By Tachileik News Agency

၀မ္းတြင္း၊ ေမလ(၁၉)ရက္
ေလာင္းကစားမႈျဖင့္ထြက္ေျပးတိမ္းေရွာင္ေနေသာ တရားခံေျပးအား အသုဘအိမ္တြင္ ဝင္ေရာက္ဖမ္းဆီးရာမွ ရဲတပ္ဖြဲ႕ဝင္မ်ားအား ဓါးျဖင့္ ျပန္လည္ထိုးသျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း သာစည္ၿမိဳ႕မရဲတပ္ဖြဲ႕စခန္းမွ သိရသည္။

မႏၱေလးတိုင္းေဒသႀကီး၊ မိထၱီလာခရိုင္၊ သာစည္ၿမိဳ႕မရဲစခန္းမွ ေလာင္းကစားမႈျဖင့္ အလိုရိွေနသည့္ တရားခံေျပး စိုးေမာင္ေမာင္အား ၿပီးခဲ့သည့္ ေမလ(၁၂)ရက္ေန႔က သာစည္ၿမိဳ႕နယ္၊ အမွတ္(၇)၇က္ကြက္ရိွ နာေရးအိမ္တြင္ ေရာက္ရွိေနသည္ဟု သတင္းအရ ရဲတပ္ဖြဲ႕မွ ၀င္ေရာက္ဖမ္းဆီးရာ ထြက္ေျပးသျဖင့္ ဒုရဲအုပ္ေမာင္ေမာင္၀င္းႏွင့္ တပ္သားတင္ထြန္းေအာင္တို႔က လံုးေထြးဖမ္းဆီးခဲ့ရာ တရားခံေျပးမွ ဓါးျဖင့္ထိုးသျဖင့္ ဒုရဲအုပ္ ဒဏ္ရာရရိွသြားေၾကာင္း သိရသည္။

"အခုေလာေလာဆယ္ေတာ့ သာစည္ျပည္သူ႔ေဆးရံုကေန မိထၱီလာျပည္သူ႕ေဆးရံုႀကီးကို ေျပာင္းတင္ထားပါတယ္။ ဓါးဒဏ္ရာေၾကာင့္ ဒုရဲအုပ္ ေမာင္ေမာင္၀င္းက ရင္အံုေအာက္မွာ ထိုးသြင္းဒဏ္ရာနဲ႔ ယာဘက္ေပါင္မွာ ထိုးသြင္းဒဏ္ရာေတြရခဲ့ပါတယ္။ တပ္သားတင္ထြန္းေအာင္ကေတာ့ ၀ဲနားထင္မွာ တစ္လက္မေလာက္ ျပတ္ရွဒဏ္ရာရရွိခဲ့ပါတယ္။ ျပန္လည္ခုခံလို႔ အဲဒီေန႔က ပစ္ခတ္ ဖမ္းဆီးခဲ့ရပါတယ္"ဟု သာစည္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ပစ္ခတ္ဖမ္းဆီးမႈေၾကာင့္ တရားခံေျပးေမာင္ေမာင္စိုးမွာ ဒဏ္ရာရရိွသြားၿပီး သာစည္ၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုအခ်ဳပ္တြင္ ေဆးကုသမႈခံယူလွ်က္ရွိေၾကာင္း သာစည္ၿမိဳ႕မရဲစခန္းမွ သိရသည္။

အဆိုပါ တရားခံေျပး စိုးေမာင္ေမာင္သည္ လြန္ခဲ့ေသာ (၂)ႏွစ္ခန္႔ ကတည္း ထြက္ေျပး တိမ္းေရွာင္ေနသူျဖစ္ၿပီး ၎အား သာစည္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၅၇/၂၀၁၄ ျပစ္မႈပုဒ္မ ၁၃(က)/၁၄(က) ေလာင္းကစားမႈျဖင့္ အလိုရိွေနသူျဖစ္ခဲ့ေၾကာင္း ႏွင့္ ယခုအခါမွာ ဖမ္းဆီးရမိထားၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုလင္း(၀မ္းတြင္း)

.....................
ဝမ်းတွင်း၊ မေလ(၁၉)ရက်
လောင်းကစားမှုဖြင့်ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးအား အသုဘအိမ်တွင် ဝင်ရောက်ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့် ပြန်လည်ထိုးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သာစည်မြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာခရိုင်၊ သာစည်မြို့မရဲစခန်းမှ လောင်းကစားမှုဖြင့် အလိုရှိနေသည့် တရားခံပြေး စိုးမောင်မောင်အား ပြီးခဲ့သည့် မေလ(၁၂)ရက်နေ့က သာစည်မြို့နယ်၊ အမှတ်(၇)၇က်ကွက်ရှိ နာရေးအိမ်တွင် ရောက်ရှိနေသည်ဟု သတင်းအရ ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးရာ ထွက်ပြေးသဖြင့် ဒုရဲအုပ်မောင်မောင်ဝင်းနှင့် တပ်သားတင်ထွန်းအောင်တို့က လုံးထွေးဖမ်းဆီးခဲ့ရာ တရားခံပြေးမှ ဓားဖြင့်ထိုးသဖြင့် ဒုရဲအုပ် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

"အခုလောလောဆယ်တော့ သာစည်ပြည်သူ့ဆေးရုံကနေ မိထ္တီလာပြည်သူ့ဆေးရုံကြီးကို ပြောင်းတင်ထားပါတယ်။ ဓားဒဏ်ရာကြောင့် ဒုရဲအုပ် မောင်မောင်ဝင်းက ရင်အုံအောက်မှာ ထိုးသွင်းဒဏ်ရာနဲ့ ယာဘက်ပေါင်မှာ ထိုးသွင်းဒဏ်ရာတွေရခဲ့ပါတယ်။ တပ်သားတင်ထွန်းအောင်ကတော့ ဝဲနားထင်မှာ တစ်လက်မလောက် ပြတ်ရှဒဏ်ရာရရှိခဲ့ပါတယ်။ ပြန်လည်ခုခံလို့ အဲဒီနေ့က ပစ်ခတ် ဖမ်းဆီးခဲ့ရပါတယ်"ဟု သာစည်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပစ်ခတ်ဖမ်းဆီးမှုကြောင့် တရားခံပြေးမောင်မောင်စိုးမှာ ဒဏ်ရာရရှိသွားပြီး သာစည်မြို့နယ် ပြည်သူ့ဆေးရုံအချုပ်တွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သာစည်မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ တရားခံပြေး စိုးမောင်မောင်သည် လွန်ခဲ့သော (၂)နှစ်ခန့် ကတည်း ထွက်ပြေး တိမ်းရှောင်နေသူဖြစ်ပြီး၎င်းအား သာစည်မြို့မရဲစခန်းတွင် (ပ)၂၅၇/၂၀၁၄ ပြစ်မှုပုဒ်မ ၁၃(က)/၁၄(က) လောင်းကစားမှုဖြင့် အလိုရှိနေသူဖြစ်ခဲ့ကြောင်း နှင့် ယခုအခါမှာ ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုလင်း(ဝမ်းတွင်း)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~