တာခ်ီလိတ္၌ အူထြက္ၿပီး ေမြးဖြားလာသည့္ ကေလးငယ္၏ ေဆးကုသမႈအတြက္ ေစတနာရွင္မ်ားရဲ႕ အကူအညီမ်ား အေရးေပၚလိုအပ္ေန

တာခ်ီလိတ္၌ အူထြက္ၿပီး ေမြးဖြားလာသည့္ ကေလးငယ္၏ ေဆးကုသမႈအတြက္ ေစတနာရွင္မ်ားရဲ႕ အကူအညီမ်ား အေရးေပၚလိုအပ္ေန
မေ 25, 2016
By Tachileik News Agency
တာခ်ီလိတ္၊ ေမလ(၂၅)
တာခ်ီလိတ္ၿမိဳ႕တြင္ ဧၿပီလ (၂၄)ရက္ေန႔က လမေစ့ဘဲ အူအေခြလိုက္ထြက္လာသည့္ ေရာဂါႏွင့္အတူ ေမြးလာသည့္ ကေလးငယ္ကို ထိုင္းႏိုင္ငံ ခ်င္းရိုင္းျပည္သူ႔ေဆးရုံတြင္ ေမ လ ဒုတိယပတ္အတြင္းက ခြဲစိတ္ၿပီးစီး ေအာင္ျမင္သြားေသာ္လည္း ကေလးငယ္၏ ကုသကုန္က်စရိတ္အား ေပးေခ်ရန္ က်န္ရွိေနေသးေသာေၾကာင့္ ေစတနာရွင္မ်ား၏ အကူအညီမ်ားကို အေရးေပၚလိုအပ္ေနေၾကာင္း သိရသည္။
“အူထြက္တဲ့ကေလး ကုိ ခြဲစိတ္မွဳ (၃) ႀကိမ္ ပီးသြားပါျပီ။ ၁၀၀ ရာခိုင္နဳန္း ေသခ်ာသြားၿပီ။ ဒါေပမဲ့ ေဆး႐ုံဆင္းဖို ့ ရက္ပိုင္းဘဲ လိုေတာ့တာေၾကာင့္ ညေနက ခ်င္းရိုင္းေဆး႐ုံက ဖုန္းဆက္လာတယ္ (၂)သိန္းေက်ာ္ကုန္ မယ္ေျပာတယ္။ အဲဒါေၾကာင့္ အခုေလာေလာဆယ္မွာ အေရးေပၚအလွဴရွင္လိုအပ္ေနပါတယ္။”ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက ေျပာသည္။
ယင္းကေလးငယ္သည္ မိုင္းကိုးေက်းရြာအုပ္စု နမ့္တြန္း ကူေလာင္း ရြာမွာေနထိုင္ကာ (၇)လခြဲျဖင့္ (၁.၅)ကီလို ႏွင့္ ေမြးဖြားလာေသာေၾကာင့္ ကေလးငယ္ဟာ အလြန္ေသးငယ္ၿပီး ခြဲစိတ္ကုသမည္ဆိုပါက ရန္ကုန္ ၊ မႏၱေလးတို႔တြင္ ကုသရန္ အဆင္ေျပေသာ္လည္း အျမန္ဆုံးကုသရမည္ျဖစ္၍ အနီးဆုံးျဖစ္ေသာ ထိုင္းႏိုင္ငံ ခ်င္းရိုင္းဘက္သုိ႔ သြားေရာက္ ခြဲစိတ္ခဲ့ျခင္းျဖစ္သည္။
“ကေလးငယ္ကို အဆင့္ဆင့္ ခြဲစိတ္ရတယ္လို႔ သိရတယ္။ ေနာက္ၿပီး စအိုေပါက္ကလည္းက်ဥ္းေနေတာ့ စအိုေပါက္ကိုလည္း ခ်ဲ႕ရတယ္လို႔သိရသည္။ ကေလးကေတာ့ ခြဲစိတ္ေအာင္ျမင္သြားပါၿပီ တာခ်ီလိတ္ကို ျပန္ဆင္းလာဖို႔ ရက္ပိုင္းဘဲ လိုေတာ့တယ္။ ဆင္းလာရင္လည္း ကၽြန္ေတာ္တို႔အေနနဲ႔ ခြဲစိတ္ၿပီးသား ကေလးကို ခြဲစိတ္အနာမွာ တျခားပိုးမႊားေတြ မ၀င္ေအာင္လို႔လည္း မၾကာခဏေတာ့ ၾကည့္ေပးရမွာပါ။ ခုေလာေလာဆယ္မွာ ကေလးရဲ႔ မိဘေတြက ေငြေၾကးမတတ္ႏိုင္ေတာ့ ခ်င္းရိုင္းေဆးရုံကိုေပးဖို႔ ကုသစရိတ္က်န္ေသးတယ္လို႔သိရတယ္။ ဒါေၾကာင့္ အလွဴရွင္ေတြေတာ့ လိုအပ္ေနပါတယ္။”ဟု တာခ်ီလိတ္ျပည္သူ႔ေဆးရုံမွ ကေလးအထူးကုဆရာ၀န္ ေဒါက္တာ ေက်ာ္စြာျမင့္က ေျပာသည္။
ယင္းကေလးငယ္အား အေရးေပၚခြဲစိတ္ရန္အတြက္ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ခ်င္းရိုင္းေဆးရုံသို႔ တာ၀န္ယူပို႔ေဆာင္ေပးခဲ့ၿပီး ယခုကုသမႈကုန္က်စရိတ္ ဘတ္(၂)သိန္းေက်ာ္ ကုန္က်မည္ျဖစ္ေသာေၾကာင့္ အေရးေပၚ အလွဴရွင္မ်ား လိုအပ္ေနျခင္းျဖစ္ေၾကာင္း ႏွင့္ အလွဴေငြလွဴဒါန္းလိုပါက ေအာက္ပါတို႔သုိ႔
ဆက္သြယ္လွဴဒါန္းႏိုင္ေၾကာင္း သိရသည္။
ဦးလွမိုး
ဥကၠဌ
တာခ်ီလိတ္နာေရးကူညီမႈအသင္း
ထိုင္းဖုန္း - ၀၈၀၈၉၈၉၅၃၅ ၊ ၀၈၈၀၂၈၃၀၁၅ 
 ျမန္မာ - ၀၉ ၂၅၇၂၆၃၃၃၄ ၊ ၀၉ ၃၆၀၇၅၅၀၀ 
............
ေဒါက္တာ ေက်ာ္စြာျမင့္ ( ကေလးအထူးကုဆရာဝန္ )
တာခ်ီလိတ္ၿမိဳ႕။
ထိုင္းဖုန္း - ၀၉၀၀၅၂၄၈၀၁

................

တာချီလိတ်၊ မေလ(၂၅)
တာချီလိတ်မြို့တွင် ဧပြီလ (၂၄)ရက်နေ့က လမစေ့ဘဲ အူအခွေလိုက်ထွက်လာသည့် ရောဂါနှင့်အတူ မွေးလာသည့် ကလေးငယ်ကို ထိုင်းနိုင်ငံ ချင်းရိုင်းပြည်သူ့ဆေးရုံတွင် မေ လ ဒုတိယပတ်အတွင်းက ခွဲစိတ်ပြီးစီး အောင်မြင်သွားသော်လည်း ကလေးငယ်၏ ကုသကုန်ကျစရိတ်အား ပေးချေရန် ကျန်ရှိနေသေးသောကြောင့် စေတနာရှင်များ၏ အကူအညီများကို အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“အူထွက်တဲ့ကလေး ကို ခွဲစိတ်မှု (၃) ကြိမ် ပီးသွားပါပြီ။ ၁၀၀ ရာခိုင်နုန်း သေချာသွားပြီ။ ဒါပေမဲ့ ဆေးရုံဆင်းဖို့ ရက်ပိုင်းဘဲ လိုတော့တာကြောင့် ညနေက ချင်းရိုင်းဆေးရုံက ဖုန်းဆက်လာတယ် (၂)သိန်းကျော်ကုန် မယ်ပြောတယ်။ အဲဒါကြောင့် အခုလောလောဆယ်မှာ အရေးပေါ်အလှူရှင်လိုအပ်နေပါတယ်။”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။

ယင်းကလေးငယ်သည် မိုင်းကိုးကျေးရွာအုပ်စု နမ့်တွန်း ကူလောင်း ရွာမှာနေထိုင်ကာ (၇)လခွဲဖြင့် (၁.၅)ကီလို နှင့် မွေးဖွားလာသောကြောင့် ကလေးငယ်ဟာ အလွန်သေးငယ်ပြီး ခွဲစိတ်ကုသမည်ဆိုပါက ရန်ကုန်၊ မန္တလေးတို့တွင် ကုသရန် အဆင်ပြေသော်လည်း အမြန်ဆုံးကုသရမည်ဖြစ်၍ အနီးဆုံးဖြစ်သော ထိုင်းနိုင်ငံ ချင်းရိုင်းဘက်သို့ သွားရောက် ခွဲစိတ်ခဲ့ခြင်းဖြစ်သည်။

“ကလေးငယ်ကို အဆင့်ဆင့် ခွဲစိတ်ရတယ်လို့ သိရတယ်။ နောက်ပြီး စအိုပေါက်ကလည်းကျဉ်းနေတော့ စအိုပေါက်ကိုလည်း ချဲ့ရတယ်လို့သိရသည်။ ကလေးကတော့ ခွဲစိတ်အောင်မြင်သွားပါပြီ တာချီလိတ်ကို ပြန်ဆင်းလာဖို့ ရက်ပိုင်းဘဲ လိုတော့တယ်။ ဆင်းလာရင်လည်း ကျွန်တော်တို့အနေနဲ့ ခွဲစိတ်ပြီးသား ကလေးကို ခွဲစိတ်အနာမှာ တခြားပိုးမွှားတွေ မဝင်အောင်လို့လည်း မကြာခဏတော့ ကြည့်ပေးရမှာပါ။ ခုလောလောဆယ်မှာ ကလေးရဲ့ မိဘတွေက ငွေကြေးမတတ်နိုင်တော့ ချင်းရိုင်းဆေးရုံကိုပေးဖို့ ကုသစရိတ်ကျန်သေးတယ်လို့သိရတယ်။ ဒါကြောင့် အလှူရှင်တွေတော့ လိုအပ်နေပါတယ်။”ဟု တာချီလိတ်ပြည်သူ့ဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ ကျော်စွာမြင့်က ပြောသည်။

ယင်းကလေးငယ်အား အရေးပေါ်ခွဲစိတ်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းမှ ချင်းရိုင်းဆေးရုံသို့ တာဝန်ယူပို့ဆောင်ပေးခဲ့ပြီး ယခုကုသမှုကုန်ကျစရိတ် ဘတ်(၂)သိန်းကျော် ကုန်ကျမည်ဖြစ်သောကြောင့် အရေးပေါ် အလှူရှင်များ လိုအပ်နခြေင်းဖြစ်ကြောင်း နှင့် အလှူငွေလှူဒါန်းလိုပါက အောက်ပါတို့သို့
ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဦးလှမိုး
ဥက္ကဌ
တာချီလိတ်နာရေးကူညီမှုအသင်း
ထိုင်းဖုန်း - ဝ၈၀၈၉၈၉၅၃၅၊ ဝ၈၈၀၂၈၃၀၁၅
 မြန်မာ - ဝ၉ ၂၅၇၂၆၃၃၃၄၊ ဝ၉ ၃၆၀၇၅၅၀၀
............

ဒေါက်တာ ကျော်စွာမြင့် ( ကလေးအထူးကုဆရာဝန် )
တာချီလိတ်မြို့။
ထိုင်းဖုန်း - ဝ၉၀၀၅၂၄၈၀၁

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~