က်ိဳင္းတံု၏ ရက္ (၁၀၀) စီမံခ်က္ျဖင့္ ထရန္စေဖာ္မာ (၅)လံုးတပ္ဆင္မည္

က်ိဳင္းတံု၏ ရက္ (၁၀၀) စီမံခ်က္ျဖင့္ ထရန္စေဖာ္မာ (၅)လံုးတပ္ဆင္မည္
မေ 24, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ေမလ (၂၄) ရက္
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ က်ိဳင္းတံုၿမိဳ႕တြင္ လွ်ပ္စစ္နွင္႔ စြမ္းအင္ဝန္ႀကီးဌာနမွ ရက္(၁၀၀)စီမံခ်က္ျဖင့္ ထရန္စေဖာ္မာ (၅)လုံးတပ္ဆင္ေပးသြားမည္ ျဖစ္ေၾကာင္းသိရသည္။

"ဝန္ႀကီးက ရက္(၁၀၀)စီမံခ်က္အတြင္းမွာ က်ိဳင္းတံုၿမိဳ႕ကို တစ္ခုခုလုပ္ျပပါလို႔ ကြၽန္ေတာ္တို႔ကို မွာပါတယ္။ ဒီေတာ႔ ကၽြန္ေတာ္တို႔ ဘတ္ဂ်က္ကို ၾကည့္လိုက္ေတာ႔ ခြဲတမ္းအရ ထရန္စေဖာ္မာ (၅)လုံး ခြဲတမ္းရပါတယ္။ ဒီ(၅)လုံးကို က်ိဳင္းတံုမွာ အရမ္းလိုအပ္တယ္လို႔ ယူဆရတဲ႔ေနရာေတြမွာ လိုက္တပ္သြားမွာပါ"ဟု ရွမ္း/အေရွ႕ ျပည္နယ္လွ်ပ္စစ္အင္ဂ်င္နီယာ ဦးသိန္းထြန္းဝင္းက ေျပာသည္။

က်ိဳင္းတံုၿမိဳ႕အတြင္း ထရန္စေဖာ္မာတပ္ဆင္ရန္ လိုအပ္ေသာေနရာမ်ားမွာ (၅)ေနရာထက္မနည္း ရိွေနေသာ္လည္း ဘတ္ဂ်တ္အေနအထားအရ လက္ရိွရရိွထားသည့္(၅)လုံးကို မီးအားနည္းသည့္ ေနရာမ်ားတြင္ ဦးစားေပးတပ္ဆင္ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"မူအရဆိုရင္ေတာ႔ ဘတ္ဂ်က္ ကြၽန္ေတာ္တို႔ လက္ထဲေရာက္မွ လုပ္ငန္းေတြကို အေကာင္အထည္ ေဖာ္ရမွာျဖစ္ပါတယ္။ ဒါေပမဲ့ ဝန္ႀကီးကလည္း ဆႏၵတအားေစာတယ္။ ဘာမွမေပးဘဲနဲ႔ နက္ျဖန္ၿပီးခ်င္တယ္ ေျပာေတာ႔ ကၽြန္ေတာ္တို႔မွာ တအားဒုကၡေရာက္ပါတယ္။ ဒီေတာ့ အခုေလာေလာဆယ္ ကြၽန္ေတာ္တို႔က က်ိဳင္းတံုလွ်ပ္စစ္စြမ္းအင္ကုမၸဏီကို အကူအညီေတာင္းၿပီးေတာ႔ တိုင္ေတြ ေထာင္ၿပီးတပ္ေနပါၿပီ။ ထရန္စေဖာ္မာေတြလည္း မႏၲေလးကေန ကားနဲ႔လာပို႔ဖို႔ မွာထားပါတယ္။"ဟု ဦးသိန္းထြန္းဝင္္းက ေျပာသည္။

အစိုးရသစ္လက္ထက္တြင္ ဧၿပီလ (၁)ရက္မွ စတင္၍ (၁၀၀)စီမံကိန္းမ်ားစတင္ အေကာင္အထည္ ေဖာ္ေနျခင္း ျဖစ္သည္။

သတင္း။  ။ ဇြဲျမတ္
............

ကျိုင်းတုံ၊ မေလ (၂၄) ရက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ထရန်စဖော်မာ (၅)လုံးတပ်ဆင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

"ဝန်ကြီးက ရက်(၁၀၀)စီမံချက်အတွင်းမှာ ကျိုင်းတုံမြို့ကို တစ်ခုခုလုပ်ပြပါလို့ ကျွန်တော်တို့ကို မှာပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘတ်ဂျက်ကို ကြည့်လိုက်တော့ ခွဲတမ်းအရ ထရန်စဖော်မာ (၅)လုံး ခွဲတမ်းရပါတယ်။ ဒီ(၅)လုံးကို ကျိုင်းတုံမှာ အရမ်းလိုအပ်တယ်လို့ ယူဆရတဲ့နေရာတွေမှာ လိုက်တပ်သွားမှာပါ"ဟု ရှမ်း/အရှေ့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းထွန်းဝင်းက ပြောသည်။

ကျိုင်းတုံမြို့အတွင်း ထရန်စဖော်မာတပ်ဆင်ရန် လိုအပ်သောနေရာများမှာ (၅)နေရာထက်မနည်း ရှိနေသော်လည်း ဘတ်ဂျတ်အနေအထားအရ လက်ရှိရရှိထားသည့်(၅)လုံးကို မီးအားနည်းသည့် နေရာများတွင် ဦးစားပေးတပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မူအရဆိုရင်တော့ ဘတ်ဂျက် ကျွန်တော်တို့ လက်ထဲရောက်မှ လုပ်ငန်းတွေကို အကောင်အထည် ဖော်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးကလည်း ဆန္ဒတအားစောတယ်။ ဘာမှမပေးဘဲနဲ့ နက်ဖြန်ပြီးချင်တယ် ပြောတော့ ကျွန်တော်တို့မှာ တအားဒုက္ခရောက်ပါတယ်။ ဒီတော့ အခုလောလောဆယ် ကျွန်တော်တို့က ကျိုင်းတုံလျှပ်စစ်စွမ်းအင်ကုမ္ပဏီကို အကူအညီတောင်းပြီးတော့ တိုင်တွေ ထောင်ပြီးတပ်နေပါပြီ။ ထရန်စဖော်မာတွေလည်း မန္တလေးကနေ ကားနဲ့လာပို့ဖို့ မှာထားပါတယ်။"ဟု ဦးသိန်းထွန်းဝင်းက ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဧပြီလ (၁)ရက်မှ စတင်၍ (၁၀၀)စီမံကိန်းများစတင် အကောင်အထည် ဖော်နခြေင်း ဖြစ်သည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~