ရဲေတြရဲ႕ လွည့္ကြက္ထဲ ဝင္သြားမိတဲ့ သုဝဏၰဘူမိ မွ ဖုန္းခိုးသူ

ရဲေတြရဲ႕ လွည့္ကြက္ထဲ ဝင္သြားမိတဲ့ သုဝဏၰဘူမိ မွ ဖုန္းခိုးသူ
မေ 14, 2016
By Tachileik News Agency

ဘာသာျပန္၊ ေမလ(၁၄)
ထိုင္းႏိုင္ငံ သုဝဏၰဘူမိမွာ ေလဆိပ္အာဏာပိုင္ေတြဟာ သူခိုးတစ္ေယာက္ကို လွည့္ကြက္ဆင္ၿပီး ဖမ္းဆီးႏုိင္လိုက္ပါတယ္။

ထုိင္းလူမ်ိဳးတစ္ဦးဆီက မိုဘိုင္းဖုန္းအပါအ၀င္ ယူဂန္ဒါခရီးသြားတစ္ဦးဆီက ဖုန္းနဲ႔အေမရိကန္ေဒၚလာ ၃၀၀ ခိုးယူခဲ့တဲ့သူကို ေလဆိပ္ရဲေတြက ခရီးသည္ဟန္ေဆာင္ၿပီး ဖမ္းဆီးႏုိင္လိုက္တာပါ။

ေလဆိပ္မွာ ဒီခရီးသြားႏွစ္ေယာက္လံုးက သူတို႔အိပ္ေပ်ာ္သြားစဥ္မွာ ပစၥည္းေတြ ေပ်ာက္သြားတာျဖစ္တယ္လုိ႔ တိုင္ၾကားထားတာျဖစ္ျပီး ေလဆိပ္ကင္မရာေတြက မွတ္တမ္းေတြအရလည္း သူတို႔ေျပာတဲ့အတိုင္း ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ေလဆိပ္ရဲေတြဟာ ခရီးသြားေတြလို ဝတ္စားၿပီး ေလဆိပ္ၾကမ္းျပင္မွာ အိပ္ခ်င္ဟန္ေဆာင္ၿပီး ဖုန္းကို ေဘးနားခ်ထားလိုက္တာ ျဖစ္ပါတယ္။

ဒီမွာပဲ အသက္ (၄၀)ႏွစ္အရြယ္ ဆူရာဆဝပ္ဆိုတဲ့ မိုဘိုင္းဖုန္းေတြ ခိုးယူသူကို အေယာင္ေဆာင္ထားတဲ့ ရဲဆီက မိုဘိုင္းဖုန္းကို ခိုးယူစဥ္မွာ ဖမ္းဆီးလို္က္တာပါ။

မိုဘိုင္းေတြ ခိုးယူတယ္လုိ႔ ယူဆရသူဟာ သူခိုးယူထားသမွ်အားလံုးကို ရန္ဆစ္နယ္ေျမအတြင္းက သူ႔အိမ္မွာ ဒါမွမဟုတ္ ဇီယာရန္ဆစ္ေရွာ့ပင္းစင္တာေတြမွာ ပို႔ထားတယ္လို႔ ေလဆိပ္လံုၿခံဳေရးအႀကီးအကဲ ကကီပြန္ကစ္တီကခရြန္ဆီက သိရပါတယ္။

သူတို႔ေတြဟာ သုဝဏၰဘူမိနဲ႔ ဒြန္ေမာင္းေလဆိပ္ေတြမွာ ခရီးသည္ေတြဆီက ခိုးယူေလ့ရိွတယ္လို႔ ရဲအရာရိွေတြက ဆိုပါတယ္။

လက္ရိွမွာေတာ့ ဖမ္းဆီးရမိတဲ့ခိုးယူသူဟာ ေထာင္ဒဏ္ငါးႏွစ္နဲ႕ ဒဏ္ေငြ ဘတ္ (၂၀၀၀)ကေန ဘတ္ (၁၀၀၀၀)အထိ က်ခံရႏုိင္တယ္လို႔ သိရပါတယ္။

ဘာသာျပန္၊ ဇာႏွင္းထိုက္
Ref:bangkokpost

.........................

ဘာသာပြန်၊ မေလ(၁၄)
ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိမှာ လေဆိပ်အာဏာပိုင်တွေဟာ သူခိုးတစ်ယောက်ကို လှည့်ကွက်ဆင်ပြီး ဖမ်းဆီးနိုင်လိုက်ပါတယ်။

ထိုင်းလူမျိုးတစ်ဦးဆီက မိုဘိုင်းဖုန်းအပါအဝင် ယူဂန်ဒါခရီးသွားတစ်ဦးဆီက ဖုန်းနဲ့အမေရိကန်ဒေါ်လာ ၃၀၀ ခိုးယူခဲ့တဲ့သူကို လေဆိပ်ရဲတွေက ခရီးသည်ဟန်ဆောင်ပြီး ဖမ်းဆီးနိုင်လိုက်တာပါ။

လေဆိပ်မှာ ဒီခရီးသွားနှစ်ယောက်လုံးက သူတို့အိပ်ပျော်သွားစဉ်မှာ ပစ္စည်းတွေ ပျောက်သွားတာဖြစ်တယ်လို့ တိုင်ကြားထားတာဖြစ်ပြီး လေဆိပ်ကင်မရာတွေက မှတ်တမ်းတွေအရလည်း သူတို့ပြောတဲ့အတိုင်း တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် လေဆိပ်ရဲတွေဟာ ခရီးသွားတွေလို ဝတ်စားပြီး လေဆိပ်ကြမ်းပြင်မှာ အိပ်ချင်ဟန်ဆောင်ပြီး ဖုန်းကို ဘေးနားချထားလိုက်တာ ဖြစ်ပါတယ်။

ဒီမှာပဲ အသက် (၄၀)နှစ်အရွယ် ဆူရာဆဝပ်ဆိုတဲ့ မိုဘိုင်းဖုန်းတွေ ခိုးယူသူကို အယောင်ဆောင်ထားတဲ့ ရဲဆီက မိုဘိုင်းဖုန်းကို ခိုးယူစဉ်မှာ ဖမ်းဆီးလို်က်တာပါ။

မိုဘိုင်းတွေ ခိုးယူတယ်လို့ ယူဆရသူဟာ သူခိုးယူထားသမျှအားလုံးကို ရန်ဆစ်နယ်မြေအတွင်းက သူ့အိမ်မှာ ဒါမှမဟုတ် ဇီယာရန်ဆစ်ရှော့ပင်းစင်တာတွေမှာ ပို့ထားတယ်လို့ လေဆိပ်လုံခြုံရေးအကြီးအကဲ ကကီပွန်ကစ်တီကခရွန်ဆီက သိရပါတယ်။

သူတို့တွေဟာ သုဝဏ္ဏဘူမိနဲ့ ဒွန်မောင်းလေဆိပ်တွေမှာ ခရီးသည်တွေဆီက ခိုးယူလေ့ရှိတယ်လို့ ရဲအရာရှိတွေက ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ခိုးယူသူဟာ ထောင်ဒဏ်ငါးနှစ်နဲ့ ဒဏ်ငွေ ဘတ် (၂၀၀၀)ကနေ ဘတ် (၁၀၀၀၀)အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။

ဘာသာပြန်၊ ဇာနှင်းထိုက်
Ref:bangkokpost

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~