ရွမ္းျပည္နယ္ေတာင္ပိုင္း လူငယ္ကြန္ရက္က ေဒသခံမ်ား၏ လိုအပ္ခ်က္စစ္တမ္းအား အစိုးရထံေပးပို႔မည္

ရွမ္းျပည္နယ္ေတာင္ပိုင္း လူငယ္ကြန္ရက္က ေဒသခံမ်ား၏ လိုအပ္ခ်က္စစ္တမ္းအား အစိုးရထံေပးပို႔မည္
မေ 8, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ (၈) ရက္
ရွမ္းျပည္နယ္(ေတာင္ပိုင္း) လူငယ္ကြန္ရက္အေနျဖင့္ ေဒသခံမ်ား၏ လိုအပ္ခ်က္မ်ားကို စစ္တမ္းမ်ား ေကာက္ခံျခင္းႏွင့္ ေဒသခံမ်ား၏ အသံမ်ားကိုစုစည္းကာ အစိုးရအဖြဲ႕ထံေပးပို႔သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ကေတာ့ အဓိကအားျဖင့္ သုေတသနျပဳတယ္။ လူထုအသံေတြကို စုေဆာင္းတယ္။ ၿပီးရင္ လိုအပ္တဲ့ အခ်က္အလက္ေတြကို အစိုးရကိုေပးၿပီးေတာ့ ဖြံ ့ၿဖိဳးေရး၊ နိုင္ငံေရးဆိုင္ရာနဲ႔ မူ၀ါဒပိုင္း ဆိုင္ရာမွာလည္း ကၽြန္ေတာ္တို႔အေနနဲ ့အတတ္နိုင္ဆုံး ပံ့ပိုးကူညီသြားမွာပါ။ လူငယ္ပိုင္းဆိုင္ရာမွာဆိုလည္း လူငယ္ေတြရဲ ့ အေတြးအျမင္အသစ္ေတြ ၿပီးေတာ့ ေဒသကလူငယ္ေတြရဲ ့ အျမင္သေဘာထားေတြကို စုစည္းၿပီး အစိုးရကိုတင္ျပၿပီးေတာ့ အၿမဲတမ္းကူညီေပးသြားမွာပါ။"ဟု ရွမ္းျပည္နယ္(ေတာင္ပိုင္း) လူငယ္ကြန္ရက္မွ ကို၀င့္ထည္ေကာင္းျမတ္က ေျပာသည္။

၎တို႔ ကြန္ရက္အေနျဖင့္ လက္ရိွလုပ္ေဆာင္မႈအျဖစ္ လူဦးေရ ငါးေသာင္းေက်ာ္ရိွသည့္ မိုင္းရွဴးေတာင္ေပၚတြင္ မဲေပးပိုင္ခြင့္ရိွသူမွာ ရွစ္ေထာင္ေက်ာ္သာရိွသည့္ အတြက္ ၾကားျဖတ္ေရြးေကာက္ပြဲ မစတင္မီ အိမ္ေထာင္စု စာရင္း၊ မွတ္ပုံတင္ႏွင့္ မဲေပးခြင့္မ်ားရရိွရန္ အစိုးရထံ အခ်က္အလက္မ်ား ေပးပို႔ထားၿပီး မိုင္းရွဴးမွ ေက်ာက္ထုတ္လုပ္သည့္ ကုမၸဏီအခ်ိဳ႕ ပြင့္လင္းျမင္သာမႈ မရိွျခင္းႏွင့္ပတ္သက္၍  ျပည္နယ္အစိုးရထံ တင္ျပထားေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ အဖြဲ ့မွာ အဓိကလုပ္ငန္း(၃)ရပ္ ရိွပါတယ္။ နိုင္ငံေရးနဲ႔ ပတ္သက္တဲ့ လုပ္ငန္းေဆာင္တာေတြ ရိွတယ္။  ဖြံျဖိဳးေရးနဲ႔ပတ္သက္တဲ့ လုပ္ငန္းေဆာင္တာေတြရိွတယ္။ လူငယ့္ေရးရာလုပ္ငန္းေဆာင္တာ ဆိုၿပီးေတာ့ လုပ္ငန္းေဆာင္တာ(၃)ရပ္ရိွပါတယ္။ ဥပမာ ကၽြန္ေတာ္တုိ႔အေနနဲ ့ ေဒၚေအာင္ဆန္းစုၾကည္ ကေနၿပီးေတာ့ (၂၁) ရာစု ပင္လုံ ကဲ့သို႔ေသာ ကိစၥမ်ိဳးကို ဒီတစ္လ၊ ႏွစ္လအတြင္းမွာ လုပ္မယ္လို႔ သတင္းၾကားတယ္ေပါ့ေနာ္။ ဒါႀကီးက လုပ္သင့္တာလည္းၾကာၿပီ။ လုပ္တဲ့အခါမွာလည္း ခဏေလးပဲ လုပ္ၿပီးေတာ့ ျပန္ပ်က္သြားတယ္ဆိုတာမ်ိဳးကို မျဖစ္ေစခ်င္ပါဘူး။ တကယ့္ကို အက်ိဳးရိွရိွ ေရရွည္ လုပ္ေဆာင္ေပးဖို ့ ေမွ်ာ္လင့္ပါတယ္။ အဲဒီလိုလုပ္ေဆာင္တဲ့ အခ်ိန္မွာလည္း ကၽြန္ေတာ္တို ့အဖြဲ ့အေနနဲ ့ အခ်က္အလက္အားျဖင့္ျဖစ္ေစ ျငိမ္းခ်မ္းေရးနဲ ့ပတ္သက္ျပီး ေစာင့္ၾကည့္တဲ့ အပိုင္းမွာပဲျဖစ္ေစ၊ ၿငိမ္းခ်မ္းေရးနဲ ့ပတ္သက္ၿပီး ကမ္ပိန္းလုပ္ရာမွာျဖစ္ေစ၊ ေတာင္းဆိုရာမွာျဖစ္ေစ အၿမဲတမ္း ေစာင့္ၾကည့္ေလ့လာၿပီးေတာ့ လိုအပ္ရင္လိုအပ္သလို ေဆြးေႏြးပြဲေတြကို အၿမဲတမ္း ေစာင့္ၾကည့္သြားမယ္။ "ဟု ကို၀င့္ထည္ေကာင္းျမတ္က ေျပာသည္။

ရွမ္းျပည္(ေတာင္ပိုင္း) လူငယ္ကြန္ရက္အဖြဲ ့သည္ ၿငိမ္းခ်မ္းေရးႏွင့္ စစ္ပြဲမ်ားရပ္တန္႔ေရးလုပ္ငန္းမ်ားအျပင္ အျခားေသာ အက်ိဳးျပဳလုပ္ငန္းမ်ားကို လုပ္ေဆာင္လွ်က္ရိွၿပီး မိုင္းရွဴးၿမိဳ႕နယ္ေဒသ စစ္တမ္း၊ ဟိုက္ပါ စစ္ေဘးဒုကၡသည္ စခန္းမွ လူဦးေရစာရင္းနွင့္ လိုအပ္ခ်က္မ်ား၊ မိုင္းရွဴးၿမိဳ ့နယ္ ဟိုက္ပါဒုကၡသည္ စခန္းမွ ဒုကၡသည္မ်ား၏ ထိခိုက္ဆုံးရွံဳးမႈစာရင္းႏွင့္ အျခားေသာ အေၾကာင္းအရာမ်ားအပါအဝင္ အေၾကာင္းအရာ(၆)ခုပါ စာတမ္း(၆)ေစာင္ကို ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ထံ ေပးပို႔ထားေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္

...............

တာချီလိတ်၊ မေလ (၈) ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) လူငယ်ကွန်ရက်အနဖြေင့် ဒေသခံများ၏ လိုအပ်ချက်များကို စစ်တမ်းများ ကောက်ခံခြင်းနှင့် ဒေသခံများ၏ အသံများကိုစုစည်းကာ အစိုးရအဖွဲ့ထံပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ကတော့ အဓိကအားဖြင့် သုတေသနပြုတယ်။ လူထုအသံတွေကို စုဆောင်းတယ်။ ပြီးရင် လိုအပ်တဲ့ အချက်အလက်တွေကို အစိုးရကိုပေးပြီးတော့ ဖွံ့ဖြိုးရေး၊ နိုင်ငံရေးဆိုင်ရာနဲ့ မူဝါဒပိုင်း ဆိုင်ရာမှာလည်း ကျွန်တော်တို့အနေနဲ့အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားမှာပါ။ လူငယ်ပိုင်းဆိုင်ရာမှာဆိုလည်း လူငယ်တွေရဲ့ အတွေးအမြင်အသစ်တွေ ပြီးတော့ ဒေသကလူငယ်တွေရဲ့ အမြင်သဘောထားတွေကို စုစည်းပြီး အစိုးရကိုတင်ပြပြီးတော့ အမြဲတမ်းကူညီပေးသွားမှာပါ။"ဟု ရှမ်းပြည်နယ်(တောင်ပိုင်း) လူငယ်ကွန်ရက်မှ ကိုဝင့်ထည်ကောင်းမြတ်က ပြောသည်။

၎င်းတို့ ကွန်ရက်အနဖြေင့် လက်ရှိလုပ်ဆောင်မှုအဖြစ် လူဦးရေ ငါးသောင်းကျော်ရှိသည့် မိုင်းရှူးတောင်ပေါ်တွင် မဲပေးပိုင်ခွင့်ရှိသူမှာ ရှစ်ထောင်ကျော်သာရှိသည့် အတွက် ကြားဖြတ်ရွေးကောက်ပွဲ မစတင်မီ အိမ်ထောင်စု စာရင်း၊ မှတ်ပုံတင်နှင့် မဲပေးခွင့်များရရှိရန် အစိုးရထံ အချက်အလက်များ ပေးပို့ထားပြီး မိုင်းရှူးမှ ကျောက်ထုတ်လုပ်သည့် ကုမ္ပဏီအချို့ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရထံ တင်ပြထားကြောင်း သိရသည်။

"ကျွန်တော်တို့ အဖွဲ့မှာ အဓိကလုပ်ငန်း(၃)ရပ် ရှိပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေ ရှိတယ်။ ဖွံဖြိုးရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေရှိတယ်။ လူငယ့်ရေးရာလုပ်ငန်းဆောင်တာ ဆိုပြီးတော့ လုပ်ငန်းဆောင်တာ(၃)ရပ်ရှိပါတယ်။ ဥပမာ ကျွန်တော်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကနပြေီးတော့ (၂၁) ရာစု ပင်လုံ ကဲ့သို့သော ကိစ္စမျိုးကို ဒီတစ်လ၊ နှစ်လအတွင်းမှာ လုပ်မယ်လို့ သတင်းကြားတယ်ပေါ့နော်။ ဒါကြီးက လုပ်သင့်တာလည်းကြာပြီ။ လုပ်တဲ့အခါမှာလည်း ခဏလေးပဲ လုပ်ပြီးတော့ ပြန်ပျက်သွားတယ်ဆိုတာမျိုးကို မဖြစ်စေချင်ပါဘူး။ တကယ့်ကို အကျိုးရှိရှိ ရေရှည် လုပ်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်။ အဲဒီလိုလုပ်ဆောင်တဲ့ အချိန်မှာလည်း ကျွန်တော်တို့အဖွဲ့အနေနဲ့ အချက်အလက်အားဖြင့်ဖြစ်စေ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စောင့်ကြည့်တဲ့ အပိုင်းမှာပဲဖြစ်စေ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကမ်ပိန်းလုပ်ရာမှာဖြစ်စေ၊ တောင်းဆိုရာမှာဖြစ်စေ အမြဲတမ်း စောင့်ကြည့်လေ့လာပြီးတော့ လိုအပ်ရင်လိုအပ်သလို ဆွေးနွေးပွဲတွေကို အမြဲတမ်း စောင့်ကြည့်သွားမယ်။ "ဟု ကိုဝင့်ထည်ကောင်းမြတ်က ပြောသည်။

ရှမ်းပြည်(တောင်ပိုင်း) လူငယ်ကွန်ရက်အဖွဲ့သည် ငြိမ်းချမ်းရေးနှင့် စစ်ပွဲများရပ်တန့်ရေးလုပ်ငန်းများအပြင် အခြားသော အကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိပြီး မိုင်းရှူးမြို့နယ်ဒေသ စစ်တမ်း၊ ဟိုက်ပါ စစ်ဘေးဒုက္ခသည် စခန်းမှ လူဦးရေစာရင်းနှင့် လိုအပ်ချက်များ၊ မိုင်းရှူးမြို့နယ် ဟိုက်ပါဒုက္ခသည် စခန်းမှ ဒုက္ခသည်များ၏ ထိခိုက်ဆုံးရှုံးမှုစာရင်းနှင့် အခြားသော အကြောင်းအရာများအပါအဝင် အကြောင်းအရာ(၆)ခုပါ စာတမ်း(၆)စောင်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့ထားကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~