ထိုင္းႏို္င္ငံေရာက္ ျမန္မာအလုပ္သမားမ်ားသို႔ ထိုင္းျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္

ထိုင္းႏို္င္ငံေရာက္ ျမန္မာအလုပ္သမားမ်ားသို႔ ထိုင္းျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္
မေ 20, 2016
By Tachileik News Agency
 ထိုင္းႏို္င္ငံေရာက္ ျမန္မာအလုပ္သမားမ်ားသို႔
(ထိုင္းျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္)

၁။ ဘတ္ကတ္၊ ပန္းေရာင္ကတ္၊ ေထာေလာ ၃၈၊ TR 38၊ ေရဘတ္၊ ကုန္းဘတ္ အစရွိတာေတြက ထိုင္းႏိုင္ငံထဲ ခိုး၀င္ အလုပ္လုပ္ေနတဲ့ လာအို - ျမန္မာ-ကေမၻာဒီးယားေတြကို ထုတ္ေပးတဲ့ မွတ္ပံုတင္(အေထာက္အထား) တစ္မ်ဳိးပါ၊ ဂဏန္း(၁၃)လံုးရွိတဲ့ ထိုင္းႏိုင္ငံက မွတ္ပံုတစ္အမ်ဳိးအစား တစ္မ်ဳိးပဲ။ အဲဒီမွတ္ပံုတင္သည္ ထိုင္း အစိုးရကထုတ္ေပးထားျခင္း ျဖစ္ျပီး ျမန္မာအစိုးရ နဲ႔ မသက္ဆိုင္ပါ။
ဒီမွတ္ပံုတင္ ကိုင္ထားသူအားလံုး မိခင္ႏိုင္ငံရဲ့ သက္ဆိုင္ရာဌာန မွာ ဖိဆု(တ္)ဆန္ခ်တ္လုပ္ကို လုပ္ရမယ္။ ဖိဆု(တ္)ဆန္ခ်တ္ဆိုတာ ျမန္မာေတြ အတြက္ေတာ့ ပတ္စပို႔အႀကီး(မနလ)ေလွ်ာက္ထားကိုင္ေဆာင္ျခင္းလို႔ပဲ မွတ္ယူပါ။

၂။ မွတ္ပံုတင္+သန္းေခါင္စာရင္း မျပႏိုင္ေတာ့ ဥပေဒလုပ္ထံုးလုပ္နည္းမ်ားအရ မနလ ေလွ်ာက္ထားကိုင္ေဆာင္ လို႔မရႏိုင္ဘူး၊ အဲဒါေၾကာင့္ အနီေရာင္၊ ခရမ္းေရာင္ ဆိုတဲ့ ယာယီႏိုင္ငံကူး လက္မွတ္ေတြ၊ CI (မည္သူမည္ ၀ါျဖစ္ေၾကာင္းေထာက္ခံစာအုပ္)လို႔ေခၚတာေတြကို ထုတ္ေပးျခင္း ျဖစ္ပါတယ္။ ထိုင္းအစိုးရက ထုတ္ေပးထားတဲ့ အေထာက္အထားရွိၿပီးသူကိုမွ ျမန္မာဘက္က ထုတ္ေပးတဲ့ အေထာက္အထားတစ္ခုလို႔မွတ္ပါ။

၃။ ထိုင္းစစ္အစိုးရက အပိုဒ္(၁)ပါ မွတ္ပံုတင္ကိုင္ထားတဲ့လူေတြ၊ ေသေနသူေတြ အားလံုးကို မွတ္ပံုတင္ စာရင္းအသစ္ျပန္သြင္း(ဘတ္ရိုက္)ေပးမယ္။ ဒါေပမဲ့ ခိုး၀င္လာတဲ့ သူေတြ အလည္ဗီဇာနဲ႔၀င္လာၿပီး အေသခံထားတဲ့လူေတြ၊ လူသစ္ေတြကို ထပ္ၿပီးမွတ္ပံုတင္(ဘတ္ရိုက္)ေပးဖို႔မရွိဘူး။ သက္တမ္းက်န္ေသးတဲ့ (၄)ႏွစ္ (၆)ႏွစ္သမားေတြ မကုန္မျခင္းဆက္ေနႏိုင္ပါတယ္၊ မွတ္ပံုတင္(ဘတ္ရိုက္)ကာလ ကေတာ့ ရက္ေပါင္း(၁၂၀)ေပးထားမယ္။ ႀကိဳက္တဲ့နည္းလမ္းကိုေရြးလို႔ရတယ္တဲ့။ အဲဒါ ထိုင္းအစိုးရရဲ့လက္ရွိမူ၀ါဒပဲ ျဖစ္ပါတယ္။

၄။ ဘတ္ရိုက္ဖို႔ပဲစဥ္းစားၾကေစလိုပါတယ္။ ဘတ္ရိုက္ကာလၿပီးသြားရင္ ဖိဆု(တ္)ဆန္ခ်တ္ အျမန္လုပ္ဖို႔ သူတို႔ေၾကညာခ်က္ ထုတ္လိမ့္မယ္။ အဲဒီအခ်ိန္က်ရင္ မနလ(စာအုပ္အႀကီး) လုပ္ဖို႔ပဲစဥ္းစားသင့္ပါတယ္။ စီအိုင္ေတြ အနီေတြ ခရမ္းေတြ လုပ္မေနသင့္ပါ။ (၄)ႏွစ္၊ (၆)ႏွစ္သမားေတြ လည္း ပန္းေရာင္ကတ္နဲ႔ သက္တမ္းရွိေသးတဲ့စာအုပ္နဲ႔ တြဲကိုင္ထားလို႔ရပါတယ္။ အဲဒါ မိမိရဲ့ ရပိုင္ခြင့္ပင္ ျဖစ္ပါတယ္။ ဘယ္ပုလိပ္ကမွ ျငင္းဆိုလို႔မရဘူး။ ပန္းေရာင္ကတ္ကို ဖိဆု(တ္)ဆန္ခ်တ္ မျဖစ္မေနသြားလုပ္ရေတာ့မယ္ ဆိုမွ မနလ (စာအုပ္အႀကီး)ေလွ်ာက္ဖို႔ စဥ္းစားသင့္ပါတယ္။

Source - ျမန္မာႏိုင္ငံသံရုံး၊ ဘန္ေကာက္ ( Felix Soe )

.........................

 ထိုင်းနို်င်ငံရောက် မြန်မာအလုပ်သမားများသို့
(ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်)

၁။ ဘတ်ကတ်၊ ပန်းရောင်ကတ်၊ ထောလော ၃၈၊ TR 38၊ ရေဘတ်၊ ကုန်းဘတ် အစရှိတာတွေက ထိုင်းနိုင်ငံထဲ ခိုးဝင် အလုပ်လုပ်နေတဲ့ လာအို - မြန်မာ-ကမ္ဘောဒီးယားတွေကို ထုတ်ပေးတဲ့ မှတ်ပုံတင်(အထောက်အထား) တစ်မျိုးပါ၊ ဂဏန်း(၁၃)လုံးရှိတဲ့ ထိုင်းနိုင်ငံက မှတ်ပုံတစ်အမျိုးအစား တစ်မျိုးပဲ။ အဲဒီမှတ်ပုံတင်သည် ထိုင်း အစိုးရကထုတ်ပေးထားခြင်း ဖြစ်ပြီး မြန်မာအစိုးရ နဲ့ မသက်ဆိုင်ပါ။
ဒီမှတ်ပုံတင် ကိုင်ထားသူအားလုံး မိခင်နိုင်ငံရဲ့ သက်ဆိုင်ရာဌာန မှာ ဖိဆု(တ်)ဆန်ချတ်လုပ်ကို လုပ်ရမယ်။ ဖိဆု(တ်)ဆန်ချတ်ဆိုတာ မြန်မာတွေ အတွက်တော့ ပတ်စပို့အကြီး(မနလ)လျှောက်ထားကိုင်ဆောင်ခြင်းလို့ပဲ မှတ်ယူပါ။

၂။ မှတ်ပုံတင်+သန်းခေါင်စာရင်း မပြနိုင်တော့ ဥပဒေလုပ်ထုံးလုပ်နည်းများအရ မနလ လျှောက်ထားကိုင်ဆောင် လို့မရနိုင်ဘူး၊ အဲဒါကြောင့် အနီရောင်၊ ခရမ်းရောင် ဆိုတဲ့ ယာယီနိုင်ငံကူး လက်မှတ်တွေ၊ CI (မည်သူမည် ဝါဖြစ်ကြောင်းထောက်ခံစာအုပ်)လို့ခေါ်တာတွေကို ထုတ်ပေးခြင်း ဖြစ်ပါတယ်။ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ အထောက်အထားရှိပြီးသူကိုမှ မြန်မာဘက်က ထုတ်ပေးတဲ့ အထောက်အထားတစ်ခုလို့မှတ်ပါ။

၃။ ထိုင်းစစ်အစိုးရက အပိုဒ်(၁)ပါ မှတ်ပုံတင်ကိုင်ထားတဲ့လူတွေ၊ သေနေသူတွေ အားလုံးကို မှတ်ပုံတင် စာရင်းအသစ်ပြန်သွင်း(ဘတ်ရိုက်)ပေးမယ်။ ဒါပေမဲ့ ခိုးဝင်လာတဲ့ သူတွေ အလည်ဗီဇာနဲ့ဝင်လာပြီး အသေခံထားတဲ့လူတွေ၊ လူသစ်တွေကို ထပ်ပြီးမှတ်ပုံတင်(ဘတ်ရိုက်)ပေးဖို့မရှိဘူး။ သက်တမ်းကျန်သေးတဲ့ (၄)နှစ် (၆)နှစ်သမားတွေ မကုန်မခြင်းဆက်နေနိုင်ပါတယ်၊ မှတ်ပုံတင်(ဘတ်ရိုက်)ကာလ ကတော့ ရက်ပေါင်း(၁၂၀)ပေးထားမယ်။ ကြိုက်တဲ့နည်းလမ်းကိုရွေးလို့ရတယ်တဲ့။ အဲဒါ ထိုင်းအစိုးရရဲ့လက်ရှိမူဝါဒပဲ ဖြစ်ပါတယ်။

၄။ ဘတ်ရိုက်ဖို့ပဲစဉ်းစားကြစေလိုပါတယ်။ ဘတ်ရိုက်ကာလပြီးသွားရင် ဖိဆု(တ်)ဆန်ချတ် အမြန်လုပ်ဖို့ သူတို့ကြေညာချက် ထုတ်လိမ့်မယ်။ အဲဒီအချိန်ကျရင် မနလ(စာအုပ်အကြီး) လုပ်ဖို့ပဲစဉ်းစားသင့်ပါတယ်။ စီအိုင်တွေ အနီတွေ ခရမ်းတွေ လုပ်မနေသင့်ပါ။ (၄)နှစ်၊ (၆)နှစ်သမားတွေ လည်း ပန်းရောင်ကတ်နဲ့ သက်တမ်းရှိသေးတဲ့စာအုပ်နဲ့ တွဲကိုင်ထားလို့ရပါတယ်။ အဲဒါ မိမိရဲ့ ရပိုင်ခွင့်ပင် ဖြစ်ပါတယ်။ ဘယ်ပုလိပ်ကမှ ငြင်းဆိုလို့မရဘူး။ ပန်းရောင်ကတ်ကို ဖိဆု(တ်)ဆန်ချတ် မဖြစ်မနေသွားလုပ်ရတော့မယ် ဆိုမှ မနလ (စာအုပ်အကြီး)လျှောက်ဖို့ စဉ်းစားသင့်ပါတယ်။

Source - မြန်မာနိုင်ငံသံရုံး၊ ဘန်ကောက် ( Felix Soe )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net