ထိုင္းလွ်ပ္စစ္မီးသံုးေနသည့္ တာခ်ီလိတ္ၿမိဳ႕၏ ဓာတ္အားလိုအပ္ခ်က္ မိုင္းဟဲစက္ရံုမွ အျပည့္အဝ ေပးႏုိင္ဟုဆို

ထိုင္းလွ်ပ္စစ္မီးသံုးေနသည့္ တာခ်ီလိတ္ၿမိဳ႕၏ ဓာတ္အားလိုအပ္ခ်က္ မိုင္းဟဲစက္ရံုမွ အျပည့္အဝ ေပးႏုိင္ဟုဆို
မေ 30, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၃၀)ရက္
တာခ်ီလိတ္ၿမိဳ႕နယ္ ၊ မိုင္းဟဲေက်းရြာအုပ္စုအတြင္း တည္ေဆာက္ေနသည့္ ေက်ာက္မီးေသြး လွ်ပ္စစ္ဓာတ္အားေပး စက္ရံု တည္ေဆာက္ၿပီးစီးပါက ေဒသတြင္း လိုအပ္ခ်က္ျပည့္မီေအာင္ ေပးသြားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

"အခု တာခ်ီလိတ္ၿမိဳ႕မွာ မီးသံုးစြဲမႈ အေျခအေနနဲ႔ဆိုရင္ လံုလံုေလာက္ေလာက္ ေပးႏိုင္ပါတယ္။ ဓာတ္အားခြဲစက္ရံု မရွိတဲ့အတြက္ ၿမိဳ႕ထဲက လွ်ပ္စစ္မီးသံုးသေလာက္ပဲ စက္ကိုလည္ပတ္ရမွာပါ။ “ဟု ေက်ာက္မီးေသြးစက္ရံု တည္ေဆာက္ေရးစီမံကိန္းမွ အၾကံေပး ဦးေစာလြင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယခုလက္ရွိ အသံုးျပဳေနသည့္ လွ်ပ္စစ္မီးကို ၂၀၀၈  ခုႏွစ္ ေမလ(၁)ရက္ေန႔တြင္ ထုိင္းႏိုင္ငံမွ  တစ္ယူနစ္ (၃)ဘတ္ႏႈန္းျဖင့္  မီးလင္းေရးေကာ္မတီမွ ၀ယ္ယူကာ တစ္ယူနစ္(၆)ဘတ္ႏႈန္းျဖင့္ ျပန္လည္ ျဖန္႔ျဖဴးေရာင္းခ်ေနျခင္းျဖစ္ၿပီး မိုင္းဟဲလွ်ပ္စစ္ဓာတ္အားျဖန္႔ေဝခ်ိန္တြင္ လက္ရိွမီတာခ ေစ်းႏႈန္းႏွင့္ မည္သို႔ကြာျခားမည္ကို မသတ္မွတ္ရေသးေၾကာင္း သိရသည္။

"မီတာခနဲ႔ပတ္သက္ရင္ သတ္မွတ္ထားတာ မရွိေသးပါဘူး။ လုပ္ေဆာင္ရမယ့္အခ်က္ေတြ အမ်ားႀကီး က်န္ေသးတယ္။ စက္ရံုကလည္း အခုမွ ေျမတူးေဖာ္မႈေလာက္ပဲ လုပ္ေနတာဆိုေတာ့ စက္ရံုကေန မီးႀကိဳးသြယ္တန္းတာ အစိုးရက လုပ္ေပးရင္ေတာ့ ေစ်းတစ္မ်ိဳးျဖစ္မယ္။ ကၽြန္ေတာ္တို႔ကိုယ္တိုင္ အစအဆံုး လုပ္ရမယ္ ဆိုရင္ေတာ့ ေစ်းတစ္မ်ိဳးေပါ့"ဟု ေက်ာက္မီးေသြးစက္ရံု တည္ေဆာက္ေရးစီမံကိန္းမွ အၾကံေပး ဦးေစာလြင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ လက္ရွိလွ်ပ္စစ္မီးသံုးစြဲမႈမွာ ညပိုင္းတြင္ (၁၃)မဂၢါ၀ပ္ရိွၿပီး  ေန႔ပိုင္းတြင္ (၅)မဂၢါ၀ပ္ တစ္ရက္လွ်င္ လွ်ပ္စစ္သံုးစြဲမႈ စုစုေပါင္း ပ်မ္းမွ် (၁၈)မဂၢါ၀ပ္ ရွိေၾကာင္းနွင့္ ေက်ာက္မီးေသြးစက္ရံုမွ မဂၢါ၀ပ္(၂၀) ထုတ္ေပးႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါစက္ရံုမွာ တာခ်ီလိတ္ၿမိဳ႕ႏွင့္ (၁၄)မိုင္အကြာတြင္ရွိၿပီး ၂၀၁၂ ခုႏွစ္တြင္ ထုိင္းႏိုင္ငံမွ တည္ေဆာက္ေရးကုမၸဏီ Thai Nondestructive Testing Public Company Llimited(TNDT)ႏွင့္ ျမန္မာႏိုင္ငံမွ  မင္းေခတ္သစ္ကုမၸဏီတို႔ ပူးေပါင္းတည္ေဆာက္ရန္ ရွမ္းျပည္နယ္အစိုးရ ႏွင့္ MOU လက္မွတ္ေရးထိုးထားျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ဇြန္လအတြင္း အၿပီးတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
...........

တာချီလိတ်၊ မေလ(၃၀)ရက်
တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စုအတွင်း တည်ဆောက်နေသည့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ပြီးစီးပါက ဒေသတွင်း လိုအပ်ချက်ပြည့်မီအောင် ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

"အခု တာချီလိတ်မြို့မှာ မီးသုံးစွဲမှု အခြေအနေနဲ့ဆိုရင် လုံလုံလောက်လောက် ပေးနိုင်ပါတယ်။ ဓာတ်အားခွဲစက်ရုံ မရှိတဲ့အတွက် မြို့ထဲက လျှပ်စစ်မီးသုံးသလောက်ပဲ စက်ကိုလည်ပတ်ရမှာပါ။ “ဟု ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းမှ အကြံပေး ဦးစောလွင်က ပြောသည်။

တာချီလိတ်မြို့တွင် ယခုလက်ရှိ အသုံးပြုနေသည့် လျှပ်စစ်မီးကို ၂၀၀၈ ခုနှစ် မေလ(၁)ရက်နေ့တွင် ထိုင်းနိုင်ငံမှ တစ်ယူနစ် (၃)ဘတ်နှုန်းဖြင့် မီးလင်းရေးကော်မတီမှ ဝယ်ယူကာ တစ်ယူနစ်(၆)ဘတ်နှုန်းဖြင့် ပြန်လည် ဖြန့်ဖြူးရောင်းချနခြေင်းဖြစ်ပြီး မိုင်းဟဲလျှပ်စစ်ဓာတ်အားဖြန့်ဝေချိန်တွင် လက်ရှိမီတာခ ဈေးနှုန်းနှင့် မည်သို့ကွာခြားမည်ကို မသတ်မှတ်ရသေးကြောင်း သိရသည်။

"မီတာခနဲ့ပတ်သက်ရင် သတ်မှတ်ထားတာ မရှိသေးပါဘူး။ လုပ်ဆောင်ရမယ့်အချက်တွေ အများကြီး ကျန်သေးတယ်။ စက်ရုံကလည်း အခုမှ မြေတူးဖော်မှုလောက်ပဲ လုပ်နေတာဆိုတော့ စက်ရုံကနေ မီးကြိုးသွယ်တန်းတာ အစိုးရက လုပ်ပေးရင်တော့ ဈေးတစ်မျိုးဖြစ်မယ်။ ကျွန်တော်တို့ကိုယ်တိုင် အစအဆုံး လုပ်ရမယ် ဆိုရင်တော့ ဈေးတစ်မျိုးပေါ့"ဟု ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းမှ အကြံပေး ဦးစောလွင်က ပြောသည်။

တာချီလိတ်မြို့တွင် လက်ရှိလျှပ်စစ်မီးသုံးစွဲမှုမှာ ညပိုင်းတွင် (၁၃)မဂ္ဂါဝပ်ရှိပြီး နေ့ပိုင်းတွင် (၅)မဂ္ဂါဝပ် တစ်ရက်လျှင် လျှပ်စစ်သုံးစွဲမှု စုစုပေါင်း ပျမ်းမျှ (၁၈)မဂ္ဂါဝပ် ရှိကြောင်းနှင့် ကျောက်မီးသွေးစက်ရုံမှ မဂ္ဂါဝပ်(၂၀) ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံမှာ တာချီလိတ်မြို့နှင့် (၁၄)မိုင်အကွာတွင်ရှိပြီး ၂၀၁၂ ခုနှစ်တွင် ထိုင်းနိုင်ငံမှ တည်ဆောက်ရေးကုမ္ပဏီ Thai Nondestructive Testing Public Company Llimited(TNDT)နှင့် မြန်မာနိုင်ငံမှ မင်းခေတ်သစ်ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ရန် ရှမ်းပြည်နယ်အစိုးရ နှင့် MOU လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~