လဲခ်ားၿမိဳ႕မွ ေရေပးေဝေရးစီမံကိန္း အစိုးရေထာက္ပံ့ေငြအျပည့္ခ်မေပးသျဖင့္ အၿပီးမသတ္ႏိုင္ေသး

လဲခ်ားၿမိဳ႕မွ ေရေပးေဝေရးစီမံကိန္း အစိုးရေထာက္ပံ့ေငြအျပည့္ခ်မေပးသျဖင့္ အၿပီးမသတ္ႏိုင္ေသး
မေ 1, 2016
By Tachileik News Agency

လဲခ်ား၊ ေမလ(၁)
႐ွမ္းျပည္နယ္(ေတာင္ပိုင္း) လိြဳင္လင္ခ႐ိုင္၊  လဲခ်ားၿမိဳ႕ရိွ ေရေပးေဝေရးစီမံကိန္းမွာ အစိုးရေထာက္ပံ့ေငြ အျပည့္အဝ မရသည့္ အတြက္ စီမံကိန္းကာလ(၂)ႏွစ္ေက်ာ္လာသည့္တိုင္ အၿပီးသတ္ တည္ေဆာက္ႏုိင္ျခင္း မရိွေသးေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနမွ သိရသည္။

"အစိုးရေထာက္ပံ့ေငြက ပထမ တစ္ရစ္နဲ႔ ဒုတိယတစ္ရစ္(၂)ႀကိမ္ပဲရေသးတယ္။ ခ်ေပးမယ္လို႔ သတ္မွတ္ထားတဲ့ ေထာက္ပံ့ေငြရဲ႕ တစ္၀က္ႏွဳန္းပဲ ရေသးတာေၾကာင့္ စီမံကိန္းလည္း အျပည့္အဝ အေကာင္အထည္ မေဖာ္ႏိုင္ေသးတာပါ"ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနမွ တာ၀န္ခံ အင္ဂ်င္နီယာ ဦးေဇာ္လင္းစုိးက ေျပာသည္။

အဆိုပါ ေရေပးေဝေရး စီမံကိန္းအား ၂၀၁၄ ခုႏွစ္တြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး အစိုးရမွ ခြင့္ျပဳေငြ က်ပ္သိန္းေပါင္း (၁၇၀၀)အနက္ က်ပ္သိန္း(၈၀၀)သာ ခ်ထားေပးျခင္းျဖစ္သျဖင့္ စီမံကိန္း၏ (၅၀) ရာခိုင္ႏႈန္းကိုသာ အေကာင္အထည္ေဖာ္ႏိုင္ေသးေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနမွ သိရသည္။

နမ့္ေတာင္းေခ်ာင္းေရကာတာမွ  အျမင့္ေပ(၅၀၀)ရွိ ေတာင္ေပၚမွ ေရဂါလံ(၁)သိန္းဆံ့ ေရေလွာင္ကန္အတြင္းသိို႔ စုေဆာင္း၍ ၿမိဳ႕တြင္း ေရခက္ခဲေသာ ေနာင္ေတာင္းရပ္ကြက္၊ ရဲေဘာ္ေဟာင္းရပ္ကြက္မ်ားသို႔ ျဖန္႔ေဝေပးသြားရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။  ။ ဟံႏိုင္

.................

လဲချား၊ ေမ(၁) ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လဲချားမြို့ရှိ ရေပေးဝေရေးစီမံကိန်းမှာ အစိုးရထောက်ပံ့ငွေ အပြည့်အဝ မရသည့် အတွက် စီမံကိန်းကာလ(၂)နှစ်ကျော်လာသည့်တိုင် အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။

"အစိုးရထောက်ပံ့ငွေက ပထမ တစ်ရစ်နဲ့ ဒုတိယတစ်ရစ်(၂)ကြိမ်ပဲရသေးတယ်။ ချပေးမယ်လို့ သတ်မှတ်ထားတဲ့ ထောက်ပံ့ငွေရဲ့ တစ်ဝက်နှုန်းပဲ ရသေးတာကြောင့် စီမံကိန်းလည်း အပြည့်အဝ အကောင်အထည် မဖော်နိုင်သေးတာပါ"ဟု မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဦးဇော်လင်းစိုးက ပြောသည်။

အဆိုပါ ရေပေးဝေရေး စီမံကိန်းအား ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အစိုးရမှ ခွင့်ပြုငွေ ကျပ်သိန်းပေါင်း (၁၇၀၀)အနက် ကျပ်သိန်း(၈၀၀)သာ ချထားပေးခြင်းဖြစ်သဖြင့် စီမံကိန်း၏ (၅၀) ရာခိုင်နှုန်းကိုသာ အကောင်အထည်ဖော်နိုင်သေးကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။

နမ့်တောင်းချောင်းရေကာတာမှ အမြင့်ပေ(၅၀၀)ရှိ တောင်ပေါ်မှ ရေဂါလံ(၁)သိန်းဆံ့ ရေလှောင်ကန်အတွင်းသို့ စုဆောင်း၍ မြို့တွင်း ရေခက်ခဲသော နောင်တောင်းရပ်ကွက်၊ ရဲဘော်ဟောင်းရပ်ကွက်များသို့ ဖြန့်ဝေပေးသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ဟံနိုင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~