ေရကန္၌ လာေရာက္အပန္းေျဖသူ လူငယ္တစ္ဦး ဓားခုတ္ခံရ

ေရကန္၌ လာေရာက္အပန္းေျဖသူ လူငယ္တစ္ဦး ဓားခုတ္ခံရ
မေ 20, 2016
By Tachileik News Agency

လားရႈိး၊ ေမလ(၂၀)ရက္
လားရိႈးၿမိဳ႕ ရပ္ကြက္ (၅) ေရကန္တြင္ လာေရာက္အပန္းေျဖေနသည့္ အသက္ (၁၅)ႏွစ္အရြယ္ လူငယ္တစ္ဦးအား လူငယ္ႏွစ္ဦးက ဓားျဖင့္ခုတ္၍ ဆိုင္ကယ္ျဖင့္ထြက္ေျပးသြားရာ ရပ္ကြက္ေန ျပည္သူမ်ား၏ သတင္းေပးခ်က္အရ ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

''ခုျဖစ္တာက ေက်ာင္းသားေလးေတြပါ။ ၿပီးခဲ႔တဲ့ ေက်ာင္းဖြင့္ရာသီကာလက စကားမ်ား ရန္ျဖစ္ၿပီး ရန္ၿငိႇဳးရွိတာကေန ဒီလိုဓားခုတ္မႈျဖစ္တာပါ။''ဟု ကိုယ္တ္ိုင္သြားေရာက္ဖမ္းဆီးခဲ့ေသာ ရဲအုပ္ရဲထြန္းက ေျပာသည္။

ေရကန္တြင္ ေမလ (၁၇) ရက္ ညေန (၆)နာရီ ဝန္းက်င္က ဓားခုတ္မႈျဖစ္ပြားသြားျခင္းျဖစ္ေၾကာင္း အနားမွ မ်က္ျမင္ေတြ႕သူတစ္ဦးက ေျပာသည္။

“ဆိုင္ကယ္နဲ႔ ေနာက္က ကပ္လိုက္လာၿပီး ဓားနဲ႔ခုတ္ၿပီး ထြက္ေျပးသြားတာပါ”ဟု မ်က္ျမင္ေတြ႕သူတစ္ဦးက ေျပာသည္။

ဓားခုတ္ထြက္ေျပးသြားေသာ လူငယ္နွစ္ဦးကို ရပ္ကြက္ျပည္သူမ်ားမွ သတင္းေပးပို႔ခ်က္အရ ရဲတပ္ဖြဲ႕က ပူးေပါင္းအဖြဲ႕ျဖင့္ လိုက္လံရွာေဖြဖမ္းဆီးရာ ရပ္ကြက္ (၅) နယ္ေျမ (၁၂) ဘံုေက်ာင္းလမ္းတြင္ အဆိုပါ လူငယ္ႏွစ္ဦးအား သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဓားခုတ္ခံရသည့္လူငယ္မွာ ဦးေခါင္းနွင့္လက္ေမာင္းတို႔တြင္ ဒဏ္ရာမ်ားရရွိၿပီး လားရႈိး ျပည္သူ႔ေဆးရံုႀကီးတြင္ အတြင္းလူနာအျဖစ္ ေဆးကုသခံယူေနရေသာ္လည္း အေျခအေန မစိုးရိမ္ရေၾကာင္း ႏွင့္ ဖမ္းဆီးရမိေသာလူငယ္ႏွစ္ဦးအား အမႈဖြင့္အေရးယူႏိုင္ရန္ ေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း။  ။ ေအာင္ျပည့္(လားရႈိး)
..........

လားရှိုး၊ မေလ(၂၀)ရက်
လားရှိုးမြို့ ရပ်ကွက် (၅) ရေကန်တွင် လာရောက်အပန်းဖြေနေသည့် အသက် (၁၅)နှစ်အရွယ် လူငယ်တစ်ဦးအား လူငယ်နှစ်ဦးက ဓားဖြင့်ခုတ်၍ ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားရာ ရပ်ကွက်နေ ပြည်သူများ၏ သတင်းပေးချက်အရ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

''ခုဖြစ်တာက ကျောင်းသားလေးတွေပါ။ ပြီးခဲ့တဲ့ ကျောင်းဖွင့်ရာသီကာလက စကားများ ရန်ဖြစ်ပြီး ရန်ငြှိုးရှိတာကနေ ဒီလိုဓားခုတ်မှုဖြစ်တာပါ။''ဟု ကိုယ်တို်င်သွားရောက်ဖမ်းဆီးခဲ့သော ရဲအုပ်ရဲထွန်းက ပြောသည်။

ရေကန်တွင် မေလ (၁၇) ရက် ညနေ (၆)နာရီ ဝန်းကျင်က ဓားခုတ်မှုဖြစ်ပွားသွားခြင်းဖြစ်ကြောင်း အနားမှ မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

“ဆိုင်ကယ်နဲ့ နောက်က ကပ်လိုက်လာပြီး ဓားနဲ့ခုတ်ပြီး ထွက်ပြေးသွားတာပါ”ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

ဓားခုတ်ထွက်ပြေးသွားသော လူငယ်နှစ်ဦးကို ရပ်ကွက်ပြည်သူများမှ သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံရှာဖွေဖမ်းဆီးရာ ရပ်ကွက် (၅) နယ်မြေ (၁၂) ဘုံကျောင်းလမ်းတွင် အဆိုပါ လူငယ်နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဓားခုတ်ခံရသည့်လူငယ်မှာ ဦးခေါင်းနှင့်လက်မောင်းတို့တွင် ဒဏ်ရာများရရှိပြီး လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသခံယူနေရသော်လည်း အခြေအနေ မစိုးရိမ်ရကြောင်း နှင့် ဖမ်းဆီးရမိသောလူငယ်နှစ်ဦးအား အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း။ အောင်ပြည့်(လားရှိုး)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~