က်ဳိင္းတံုခရိုင္ မီးသတ္စခန္းတည္ေဆာက္ရန္ ဘတ္ဂ်က္ရရိွၿပီးျဖစ္၍ မီးသတ္စက္ပစၥည္းမ်ားကို ျပည္နယ္သို႔ တင္ျပထား

က်ဳိင္းတံုခရိုင္ မီးသတ္စခန္းတည္ေဆာက္ရန္ ဘတ္ဂ်က္ရရိွၿပီးျဖစ္၍ မီးသတ္စက္ပစၥည္းမ်ားကို ျပည္နယ္သို႔ တင္ျပထား
မေ 15, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ (၁၅) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံခရိုင္ မီးသတ္စခန္းတည္ေဆာက္ရန္ ဘတ္ဂ်က္ခ်ထားေပးၿပီးျဖစ္သျဖင့္ စခန္းအတြက္ လိုအပ္သည့္ မီးသတ္စက္ပစၥည္းမ်ားကို ျပည္နယ္မီးသတ္ဦးစီးဌာနသို႔ တင္ျပေတာင္းခံထားေၾကာင္း သိရသည္။

"ခရိုင္မီးသတ္စခန္းကို ဒီဘ႑ာနွစ္အတြင္း တည္ေဆာက္မွာျဖစ္ၿပီးေတာ႔  စခန္းအတြက္လိုအပ္တဲ႔ ဝန္ထမ္းအင္အားေတြလည္္း ရထားၿပီ။ ဝန္ထမ္းအင္အားဆိုရာမွာ တပ္သားအဆင့္ေတြေပါ့။ ေနာက္ၿပီး အရာရိွအဆင့္ အေနနဲ႔ တစ္ပြင္႔နဲ႔တစ္ေယာက္ ေရာက္ေနပါၿပီ။ ဒါေပမဲ႔ ခရိုင္မီးသတ္စခန္းအတြက္ မီးသတ္စက္ပစၥည္း ကိရိယာေတြကေတာ႔ မခ်ေပးေသးပါဘူး။ ဒါေတြကိုလည္း ျပည္နယ္မီးသတ္ဦးစီးဌာန (ေတာင္ႀကီး)ကို တင္ျပထားၿပီးပါၿပီ။ သူတို႔ကေနတဆင္႔ အစိုးရအဖြဲ႔နဲ႔ဆက္ၿပီးေတာ့ ညႇိႏိႈင္း ေဆာင္ရြက္သြားမွာပါ"ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တြဲဖက္ျပည္နယ္မီးသတ္ဦးစီးမွဴး ရဲသူရိန္သိန္းျမင္႔က ေျပာသည္။

ခရိုင္မီးသတ္စခန္းအျဖစ္ တည္ေဆာင္ရန္ ယခုဘ႑ာနွစ္အတြင္း ဘတ္ဂ်တ္ခ်ေပးခဲ႔ကာ အေဆာက္အဦ တည္ေဆာက္ရန္ ၿမိဳ႕သစ္ရပ္ကြက္တြင္ ေျမႏွစ္ဧကသတ္မွတ္ေပးျပီး ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ (အေရွ႕ ပိုင္း)တြင္ ခရိုင္မီးသတ္စခန္း (၃)ခု၊ ၿမိဳ႕နယ္မီးသတ္စခန္း (၁၀)ခုနွင့္ နယ္ေျမမီးသတ္စခန္း (၅)ခုရိွၿပီး တာခ်ီလိတ္ခရိုင္ႏွင့္မိုင္းဆတ္ခရိုင္တို႔တြင္ ခရိုင္ရုံးတည္ေဆာက္ရန္ ေျမေနရာရရိွထားၿပီး ျဖစ္ေသာ္လည္း အဆိုပါေျမေနရာမ်ားကို အစိုးရပိုင္ဆိုင္မႈနွင့္ ဌာနပိုင္ဆိုင္မႈမ်ားရရွိေအာင္ ဆက္လက္ေဆာင္ရြက္လွ်က္ရိွျပီး ရုံးေဆာက္ရန္ လိုအပ္သည္႔ ဘတ္ဂ်က္ကို ဆက္လက္တင္ျပ ေတာင္းခံထားေၾကာင္းသိရသည္။

သတင္း။  ။ ဇြဲျမတ္

..................

တာချီလိတ်၊ မေလ (၁၅) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မီးသတ်စခန်းတည်ဆောက်ရန် ဘတ်ဂျက်ချထားပေးပြီးဖြစ်သဖြင့် စခန်းအတွက် လိုအပ်သည့် မီးသတ်စက်ပစ္စည်းများကို ပြည်နယ်မီးသတ်ဦးစီးဌာနသို့ တင်ပြတောင်းခံထားကြောင်း သိရသည်။

"ခရိုင်မီးသတ်စခန်းကို ဒီဘဏ္ဍာနှစ်အတွင်း တည်ဆောက်မှာဖြစ်ပြီးတော့ စခန်းအတွက်လိုအပ်တဲ့ ဝန်ထမ်းအင်အားတွေလည်း ရထားပြီ။ ဝန်ထမ်းအင်အားဆိုရာမှာ တပ်သားအဆင့်တွေပေါ့။ နောက်ပြီး အရာရှိအဆင့် အနေနဲ့ တစ်ပွင့်နဲ့တစ်ယောက် ရောက်နေပါပြီ။ ဒါပေမဲ့ ခရိုင်မီးသတ်စခန်းအတွက် မီးသတ်စက်ပစ္စည်း ကိရိယာတွေကတော့ မချပေးသေးပါဘူး။ ဒါတွေကိုလည်း ပြည်နယ်မီးသတ်ဦးစီးဌာန (တောင်ကြီး)ကို တင်ပြထားပြီးပါပြီ။ သူတို့ကနေတဆင့် အစိုးရအဖွဲ့နဲ့ဆက်ပြီးတော့ ညှိနှိုင်း ဆောင်ရွက်သွားမှာပါ"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဖက်ပြည်နယ်မီးသတ်ဦးစီးမှူး ရဲသူရိန်သိန်းမြင့်က ပြောသည်။

ခရိုင်မီးသတ်စခန်းအဖြစ် တည်ဆောင်ရန် ယခုဘဏ္ဍာနှစ်အတွင်း ဘတ်ဂျတ်ချပေးခဲ့ကာ အဆောက်အဦ တည်ဆောက်ရန် မြို့သစ်ရပ်ကွက်တွင် မြေနှစ်ဧကသတ်မှတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့ ပိုင်း)တွင် ခရိုင်မီးသတ်စခန်း (၃)ခု၊ မြို့နယ်မီးသတ်စခန်း (၁၀)ခုနှင့် နယ်မြေမီးသတ်စခန်း (၅)ခုရှိပြီး တာချီလိတ်ခရိုင်နှင့်မိုင်းဆတ်ခရိုင်တို့တွင် ခရိုင်ရုံးတည်ဆောက်ရန် မြေနေရာရရှိထားပြီး ဖြစ်သော်လည်း အဆိုပါမြေနေရာများကို အစိုးရပိုင်ဆိုင်မှုနှင့် ဌာနပိုင်ဆိုင်မှုများရရှိအောင် ဆက်လက်ဆောင်ရွက်လျှက်ရှိပြီး ရုံးဆောက်ရန် လိုအပ်သည့် ဘတ်ဂျက်ကို ဆက်လက်တင်ပြ တောင်းခံထားကြောင်းသိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~