ကျိုင်းတုံဒေသခံများမှ လျှပ်စစ်မီး (၂၄)နာရီ အမြန်ရလိုသော်လည်း ရေအားလျှပ်စစ်လုပ်ငန်းဘက်မှ အခက်အခဲဖြစ်နေဟုဆို
ကျိုင်းတုံဒေသခံများမှ လျှပ်စစ်မီး (၂၄)နာရီ အမြန်ရလိုသော်လည်း ရေအားလျှပ်စစ်လုပ်ငန်းဘက်မှ အခက်အခဲဖြစ်နေဟုဆို
မေ 15, 2016
By Tachileik News Agency
ကျိုင်းတုံ၊ မေလ(၁၅)
ကျိုင်းတုံစွမ်းအင်ကုမ္ပဏီအနေဖြင့် ဒီဇယ်နှင့် မီးပေးဝေနေသော အပိုင်းများကိုမူ မနက်(၅)နာရီမှ (၉)နာရီထိ တစ်ကြိမ်၊ ည(၅)နာရီမှ (၁၁)နာရီထိ တစ်ကြိမ် လျှပ်စစ်မီးပေးနေသော်လည်း ရေအားလျှပ်စစ်ဖြင့် မီးပေးသော အပိုင်းများတွင် ရေအရင်းအမြစ် အလုံအလောက်မရှိသည့်အတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။
လက်ရှိတွင် တည်ဆောက်ပြီးစီးနေပြီဖြစ်သော နမ့်စိုဓာတ်အားပေးစက်ရုံကို စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်ရင်း လျှပ်စစ်ဓာတ်အား စမ်းသပ်ပေးဝေနေသော်လည်း ရေအားလျှပ်စစ်( ၃) ခုမှ ထုတ်လွှတ်သော ဓာတ်အားများ မတူညီသောကြောင့် နည်းပညာပိုင်း အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။
ကျိုင်းတုံစွမ်းအင်ကုမ္ပဏီအနေဖြင့် ကျိုင်းတုံမြို့တွင်း မီးပေးဝေရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ် ဧပြီ လမှ စတင်ကာ အစိုးရထံမှ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။
ကျိုင်းတုံစွမ်းအင် ကုမ္ပဏီအနေဖြင့် ကျိုင်းတုံမြို့တွင်း မီးပေးဝေရေးလုပ်ငန်းကို ၂၀၁၄ ဧပြီလမှစတင်ကာ အစိုးရထံမှ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်းနှင့် (၂၀၁၅)ခုနှစ်တွင် (၂၄)နာရီမီးရရှိရန် ဆောင်ရွက်မည်ဖြစ်ပြီး၊ ၂၀၁၆ခုနှစ်အတွင်းတွင် ကျိုင်းတုံမြို့ကို (၂၄)နာရီ လျှပ်စစ်မီးပေးဝေမည်ဟု ကတိပြုထားသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရှိရသည်။
သတင်း။  ။ ဇွဲမြတ်
.........................
ကျိုင်းတုံ၊ မေလ(၁၅)
ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ကို ဒီဇယ်စက်၊ ရေအားလျှပ်စစ်စက်တို့ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရာတွင် ရေအားလျှပ်စစ်ဖြင့် မီးပေးဝေရသော အပိုင်းများ၌ အခက်အခဲများရှိနေကြောင်း ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ သိရသည်။
"ရေအား လျှပ်စစ်နဲ့ပေးနေတဲ့ အပိုင်းတွေကို မီးပေးရာမှာ အခက်အခဲတွေရှိနေပါတယ်။ ဘယ်လို ခက်ခဲနေလဲဆိုတော့ အခုလက်ရှိ လုပ်ငန်းလည်ပတ်နေတဲ့ ရေအားလျှပ်စစ် နှစ်ခုမှာ ရေအရင်းအမြစ် လုံလုံလောက်လောက် မရှိတဲ့အတွက် ရေအားလျှပ်စစ်နဲ့ မီးပေးတဲ့အပိုင်းတွေကို ဒီနေ့မနက် မီးလာရင် ညဘက် မီးပျက်မယ်။ နောက်တစ်နေ့ကျတော့ မနက် မီးပျက်မယ်။ ဒါပေမဲ့ ညဘက်မီးလာမယ်။ ကျွန်တော်တို့မှာ ရေအလုံအလောက် မရှိတဲ့အတွက် ဒီပုံစံနဲ့ မီးပေးနေရပါတယ်။"ဟု ကျိုင်းတုံစွမ်းအင် ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမြင့်နိုင်က ပြောသည်။
ကျိုင်းတုံစွမ်းအင်ကုမ္ပဏီအနဖြေင့် ဒီဇယ်နှင့် မီးပေးဝေနေသော အပိုင်းများကိုမူ မနက်(၅)နာရီမှ (၉)နာရီထိ တစ်ကြိမ်၊ ည(၅)နာရီမှ (၁၁)နာရီထိ တစ်ကြိမ် လျှပ်စစ်မီးပေးနေသော်လည်း ရေအားလျှပ်စစ်ဖြင့် မီးပေးသော အပိုင်းများတွင် ရေအရင်းအမြစ် အလုံအလောက်မရှိသည့်အတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။
လက်ရှိတွင် တည်ဆောက်ပြီးစီးနပြေီဖြစ်သော နမ့်စိုဓာတ်အားပေးစက်ရုံကို စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်ရင်း လျှပ်စစ်ဓာတ်အား စမ်းသပ်ပေးဝေနေသော်လည်း ရေအားလျှပ်စစ်( ၃) ခုမှ ထုတ်လွှတ်သော ဓာတ်အားများ မတူညီသောကြောင့် နည်းပညာပိုင်း အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။
"မီးက ဘယ်လိုပေးနေတာလဲ မသိပါဘူးဗျာ။ ဟိုတစ်ပတ်တုန်းကဆို (၃)ရက်ဆက်တိုက်ကြီးကို မီးမလာဘူး။ အခုကျတော့ မနက်မီးလာရင် ညမီးမလာဘူး။ ညလာရင် မနက်မီးမလာဘူး။ ကျွန်တော်က တစ်ယောက်ထဲသမား ဆိုတော့ အခက်အခဲ အရမ်းမဖြစ်ပေမဲ့ မိသားစုရှိတဲ့ သူတွေအတွက်ကျတော့ ချက်ပြုတ်စားသောက်ဖို့က မီးလာမှဖြစ်မှာလေ။ နေ့ခင်းဘက်တွေ မီးမပေးနိုင်ရင်တောင် မနက်နဲ့ ညနေဘက်တွေတော့ ပုံမှန်မီးပေးစေချင်ပါတယ်"ဟု ကျိုင်းတုံမြို့ ကန်းနားရပ်ကွက်နပြေည်သူတစ်ဦးက ပြောသည်။
"မြို့တစ်မြို့မှာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လျှပ်စစ်မီးကလည်း အရေးပါတယ်ဗျ၊ အခုက ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရဲ့ မြို့တော်ဖြစ်ပြီး လျှပ်စစ်မီးက မမှန်ဘူး၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားတဲ့ ကျွန်တော်တို့ ကျိုင်းတုံမြို့ လျှပ်စစ်မီး (၂၄)နာရီ မြန်မြန်ရစေချင်ပြီဗျာ၊ သက်ဆိုင်ရာတွေကလည်း တာဝန်ရှိသူတွေကို ဖိအားပေးဖို့ လိုနေပါပြီ"ဟု နောင်တုံကန်အနီးနေ ကိုစိုင်းအောင်က ပြောသည်။
ကျိုင်းတုံစွမ်းအင်ကုမ္ပဏီအနဖြေင့် ကျိုင်းတုံမြို့တွင်း မီးပေးဝေရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ် ဧပြီ လမှ စတင်ကာ အစိုးရထံမှ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။
ကျိုင်းတုံစွမ်းအင် ကုမ္ပဏီအနဖြေင့် ကျိုင်းတုံမြို့တွင်း မီးပေးဝေရေးလုပ်ငန်းကို ၂၀၁၄ ဧပြီလမှစတင်ကာ အစိုးရထံမှ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်းနှင့် (၂၀၁၅)ခုနှစ်တွင် (၂၄)နာရီမီးရရှိရန် ဆောင်ရွက်မည်ဖြစ်ပြီး၊ ၂၀၁၆ခုနှစ်အတွင်းတွင် ကျိုင်းတုံမြို့ကို (၂၄)နာရီ လျှပ်စစ်မီးပေးဝေမည်ဟု ကတိပြုထားသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရှိရသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~