ရွမ္း/အေရွ႕ က်ိဳင္းလပ္ၿမိဳ႕တြင္ တရုတ္ႏုိင္ငံမွ ဖရဲသီးစိုက္ခင္း ဧက (၁၀၀၀)ခန္႔ စိုက္ပ်ိဳးထား

ရွမ္း/အေရွ႕ က်ိဳင္းလပ္ၿမိဳ႕တြင္ တရုတ္ႏုိင္ငံမွ ဖရဲသီးစိုက္ခင္း ဧက (၁၀၀၀)ခန္႔ စိုက္ပ်ိဳးထား
မေ 22, 2016
By Tachileik News Agency

က်ဳိင္းလပ္၊ ေမလ(၂၂)ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ က်ိဳင္းလတ္ၿမိဳ႕အတြင္းရွိ လယ္ေျမဧက (၁၀၀၀)ခန္႔ အတြင္း တရုတ္ႏိုင္ငံမွ ဖရဲသီးမ်ားလာေရာက္ စိုက္ပ်ိဳးထားေၾကာင္း သိရပါတယ္။

ေဒသခံမ်ားထံမွ ေျမငွားရမ္းစိုက္ပ်ိဳးသည့္ အဆိုပါစုိက္ခင္းမ်ားမွ ထြက္ရိွသည့္ ဖရဲသီးမ်ားအား အဓိက တရုတ္ႏုိင္ငံသို႔ ျပန္လည္တင္သြင္းျခင္းျဖစ္ေၾကာင္း သိရသည္။

"တရုတ္ေတြက မယ္ေခါင္ျမစ္ေၾကာင္းကေန ၀င္လာၿပီး က်ိဳင္းလတ္ၿမိဳ႕ထဲမွာ ၀င္စိုက္တာ။ ေတာင္သူေတြနားက ေျမေတြငွါးၿပီးစိုက္ၾကတာ။ တစ္ဧကကို ဘတ္(၅)ေထာင္လည္းရွိတယ္။ (၁)ေသာင္းလည္းရွိတယ္ အမ်ိဳးမ်ိဳးပဲ။ ေျမငွါးရမ္းခေတာ့ ေစ်းႏွဳန္းပံုမွန္မရွိဘူး။ "ဟု ေတာင္သူတစ္ဦးျဖစ္သူ ကိုသန္႔ဇင္လတ္က ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းလတ္ၿမိဳ႕နယ္ခြဲအတြင္းစိုက္ပ်ိဳးေသာ ဖရဲသီးမ်ားအား အဓိက မယ္ေခါင္ျမစ္ေၾကာင္းျဖင့္ တရုတ္ႏုိင္ငံ ယူနန္ျပည္နယ္အတြင္းျပန္လည္သယ္ယူျခင္းျဖစ္ၿပီး အရည္အေသြးမျပည့္မွီေသာ ဖရဲသီးမ်ားအား ေဒသတြင္း ျပန္လည္ေရာင္းခ်ျခင္းျဖစ္ေၾကာင္း ေဒသခံေတာင္သူမ်ားထံမွ သိရသည္။

"ကၽြန္ေတာ္တို႔ ကုန္စည္ဒိုင္ေတြနဲ႔ အဓိက အခက္အခဲေတြ႕တာ သူတို႔စိုက္ပ်ိဳးတဲ့ သစ္သီးေတြကုန္မွ ကၽြန္ေတာ္တို႔ ေဒသခံေတာင္သူေတြစိုက္တဲ့ သစ္သီးေတြကို ၀ယ္ယူတဲ့ကိစၥ။ သစ္သီးဆိုတာက အခ်ိန္အၾကာႀကီးခံတာမဟုတ္ဘူးေလ။ ကၽြန္ေတာ္တို႔ဟာ ေနာက္က်မွ၀ယ္တယ္ဆိုေတာ့ အရွံဳးမခံႏိုင္လို႔ ခ်ေရာင္းလိုက္ရတာေတြရွိတယ္။ တရုတ္ေတြက နည္းေပါင္းစံုနဲ႔ညစ္တာ။ ကိုယ့္ေျမမွာ ၀င္လည္းစိုက္ေသးတယ္။ ေဒသခံေတာင္သူေတြ အက်ိဳးအျမတ္ထိခိုက္ေအာင္လည္း လုပ္တဲ့သေဘာေတြရွိတယ္"ဟု မူဆယ္ၿမိဳ႕ ခြာညိဳသစ္သီးပြဲရံုမွ ဦးစိုင္းမင္းသူႏိုင္က ေျပာသည္။

မူဆယ္ကုန္သြယ္ေရးစခန္းမွ ၂၀၁၅ - ၂၀၁၆ ဘ႑ာႏွစ္အတြင္း တရုတ္ႏိုင္ငံသို႔ သစ္သီးတင္ပို႔ႏိုင္မႈမွာ ဖရဲသီးတန္ခ်ိန္ေပါင္း (၅၃၃၁၄၁.၅)တန္၊ သခြါးေမႊးတန္ခ်ိန္မွာ (၉၆၈၆၇၄.၅)တန္ႏွင့္ သရက္သီး တန္ခ်ိန္ေပါင္း (၂၇၃၄၀.၅)တန္တို႔အား တင္ပို႔ႏိုင္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလမွ စတင္ကာ ေမလ(၁၃)ရက္ေန႔ထိ သရက္သီးတန္ခ်ိန္ (၈၂၄၉)တန္အား တရုတ္ႏုိင္ငံသို႔ တင္ပို႔ႏိုင္ခဲ့ေၾကာင္း မူဆယ္(၁၀၅)မိုင္ သစ္သီး၀လံကုန္စည္ဒိုင္မ်ား သစ္သီးတန္ခ်ိန္စာရင္းမ်ားအရသိရသည္။

သတင္း။  ။ ကိုဇက္

...................

ကျိုင်းလပ်၊ မေလ(၁၉)ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလတ်မြို့အတွင်းရှိ လယ်မြေဧက (၁၀၀၀)ခန့် အတွင်း တရုတ်နိုင်ငံမှ ဖရဲသီးများလာ ရောက်စိုက်ပျိုးနေကြောင်း သိရပါတယ်။

ဒေသခံများထံမှ မြေငှါးရမ်းစိုက်ပျိုးသည့် အဆိုပါစိုက်ခင်းများမှ ထွက်ရှိသည့် ဖရဲသီးများအား အဓိက တရုတ်နိုင်ငံသို့ ပြန်လည်တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

"တရုတ်တွေက မယ်ခေါင်မြစ်ကြောင်းကနေ ဝင်လာပြီး ကျိုင်းလတ်မြို့ထဲမှာ ဝင်စိုက်တာ။ တောင်သူတွေနားက မြေတွေငှါးပြီးစိုက်ကြတာ။ တစ်ဧကကို ဘတ်(၅)ထောင်လည်းရှိတယ်။ (၁)သောင်းလည်းရှိတယ် အမျိုးမျိုးပဲ။ မြေငှါးရမ်းခတော့ ဈေးနှုန်းပုံမှန်မရှိဘူး။ "ဟု တောင်သူတစ်ဦးဖြစ်သူ ကိုသန့်ဇင်လတ်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းလတ်မြို့နယ်ခွဲအတွင်းစိုက်ပျိုးသော ဖရဲသီးများအား အဓိက မယ်ခေါင်မြစ်ကြောင်းဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းပြန်လည်သယ်ယူခြင်းဖြစ်ပြီး အရည်အသွေးမပြည့်မှီသော ဖရဲသီးများအား ဒေသတွင်း ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

"ကျွန်တော်တို့ ကုန်စည်ဒိုင်တွေနဲ့ အဓိက အခက်အခဲတွေ့တာ သူတို့စိုက်ပျိုးတဲ့ သစ်သီးတွေကုန်မှ ကျွန်တော်တို့ ဒေသခံတောင်သူတွေစိုက်တဲ့ သစ်သီးတွေကို ဝယ်ယူတဲ့ကိစ္စ။ သစ်သီးဆိုတာက အချိန်အကြာကြီးခံတာမဟုတ်ဘူးလေ။ ကျွန်တော်တို့ဟာ နောက်ကျမှဝယ်တယ်ဆိုတော့ အရှုံးမခံနိုင်လို့ ချရောင်းလိုက်ရတာတွေရှိတယ်။ တရုတ်တွေက နည်းပေါင်းစုံနဲ့ညစ်တာ။ ကိုယ့်မြေမှာ ဝင်လည်းစိုက်သေးတယ်။ ဒေသခံတောင်သူတွေ အကျိုးအမြတ်ထိခိုက်အောင်လည်း လုပ်တဲ့သဘောတွေရှိတယ်"ဟု မူဆယ်မြို့ ခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းမင်းသူနိုင်က ပြောသည်။

မူဆယ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့နိုင်မှုမှာ ဖရဲသီးတန်ချိန်ပေါင်း (၅၃၃၁၄၁.၅)တန်၊ သခွားမွှေးတန်ချိန်မှာ (၉၆၈၆၇၄.၅)တန်နှင့် သရက်သီး တန်ချိန်ပေါင်း (၂၇၃၄၀.၅)တန်တို့အား တင်ပို့နိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ မေလ(၁၃)ရက်နေ့ထိ သရက်သီးတန်ချိန် (၈၂၄၉)တန်အား တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်စည်ဒိုင်များ သစ်သီးတန်ချိန်စာရင်းများအရသိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~