နမ့္စန္ ေက်ာက္မီးေသြး တူးေဖၚမႈေၾကာင့္ ေဒသခံမ်ား က်န္းမာေရး ထိခိုက္ဟုဆို

နမ့္စန္ ေက်ာက္မီးေသြး တူးေဖၚမႈေၾကာင့္ ေဒသခံမ်ား က်န္းမာေရး ထိခိုက္ဟုဆို
မေ 18, 2016
By Tachileik News Agency

နမ့္စန္၊ ေမလ (၁၈) ရက္
႐ွမ္းျပည္နယ္ေတာင္ပုိင္း နမ့္စန္ၿမိဳ႕နယ္ ဝပ္ပုံေက်းရြာအုပ္စု မီးေသြးကုန္းေက်းရြာအနီး ကေမၻာဇကုမၼဏီ၏ ေက်ာက္မီးေသြး တူေဖာ္ေရးလုပ္ငန္းမွ အမႈန္မ်ား၊ အနံ႔ဆိုးမ်ားေၾကာင့္ ပတ္ဝန္းက်င္ေက်းရြာမ်ား က်န္းမာေရး ထိခိုက္လာသည္ဟု ေဒသခံေက်းရြာမ်ားမွ သိရသည္။

“ပုပ္အဲ့အဲ့အနံ႔ေတြက အိမ္တံခါးပိတ္ထားလည္း မရဘူး။ ညဆို ေခါင္းၿမီးၿခဳံအိပ္လည္း မရဘူး။ အနံ႔ေၾကာင့္ ေျပးစရာေနရာလည္း မ႐ွိဘူး။ ေက်ာက္မီးေသြးတြင္းနဲ႔ အိမ္နဲ႔နီးေတာ့ အမႈန္ေတြလာတယ္။ ေရဆုိလည္း မေကာင္းေတာ့ဘူး။ ေက်ာက္စည္ထဲ ေရထည့္ထားရင္ ေနာက္ရက္ေတြဆုိ ေရကေသာက္သုံးေရလုပ္လုိ႔ မရေတာ့ဘူး။ အျပာေရာင္ေတြ ျဖစ္လာတယ္။ သုံးေရပဲလုပ္လုိ႔ရတယ္။ ျဖစ္ႏုိင္ရင္ ေက်ာက္မီးေသြး တူးတာကုိ အၿပီးရပ္နားေစခ်င္တယ္” ဟု ေဒသခံ ဦးေသာင္းတင္က ေျပာသည္။

ေက်ာက္မီးေသြးတူးေဖၚသည့္လုပ္ငန္းမ်ား လုပ္ေဆာင္လာၿပီးေနာက္ ေက်းရြာအတြင္းမွလူမ်ား က်န္းမာေရး ထိခိုက္လာသျဖင့္ ေဒသခံမ်ားက အစည္းအေဝးလုပ္ၿပီး တင္ျပထားေသာ္လည္း သက္ဆုိင္ရာမွ အေၾကာင္း ျပန္ၾကားျခင္း မရိွေၾကာင္း သိရသည္။

“ဒီနားမွာေနရတာ အရင္ကေနလုိ႔ ထုိင္လုိ႔ေကာင္းတယ္။ ေက်ာက္မီးေသြးတူးလာေတာ႔ အခုေနလုိ႔ထုိင္လုိ႔ မေကာင္းေတာ့ဘူး။ ေက်ာက္မီးေသြးနံ႔ေၾကာင့္ ကုိယ္၀န္ေဆာင္အမ်ဳိးသမီးေတြအတြက္လည္း ဒုကၡေရာက္တယ္။ အရင္က ဘုန္းႀကီးေက်ာင္းမွာ အစည္းအေ၀းလုပ္ၿပီး စာတင္တယ္။ ဘာမွျဖစ္မလာဘူး။ လူမုန္းတာပဲ အဖတ္တင္တယ္။ “ဟု ေဒသခံတစ္ဦးျဖစ္သူ မေအးလိႈင္က ဆိုသည္။

အဆိုပါလုပ္ငန္းမွ သက္ဆိုင္ရာမွ ခြင့္ျပဳခ်က္ျဖင့္ လုပ္ေဆာင္ျခင္းျဖစ္သည္ဟုဆိုေသာ္လည္း ေဒသခံမ်ား အတြက္ အဆင္မေျပျခင္းအား ထည့္သြင္းစဥ္းစားရန္ လိုအပ္သည္ဟု ေဒသခံမ်ားက ဆိုသည္။

“ေက်ာက္မီးေသြး မထုတ္တုန္းက ကေလးေတြလည္း မဖ်ားနာဘူး။ ေက်ာက္မီးေသြးတူးလာမွ ကေလးေတြပုိၿပီး ဖ်ားနာလာတယ္။ ၿပီးေတာ့အိမ္ေတြနဲ႔ ေက်ာက္မီေသြးေျမဇာပုံေတြက နီးတယ္။ မုိးမ်ားရင္ ၿပိဳက်မွာေတာင္စုိးရိမ္ရတယ္” ဟု မေအးလိႈင္က ဆိုသည္။

အဆိုပါေက်းရြာအနီး ေက်ာက္မီးေသြးတူးျခင္းလုပ္ေဆာင္လာသည္မွာ (၃)ႏွစ္ခန္႔ရိွၿပီျဖစ္ၿပီး ေန႔စဥ္ (၁၂)ဘီးကားအစီး (၂၀)ခန္႔ျဖင့္ ေတာင္ႀကီးၿမိဳ႕သို႔ တင္ပို႔ေနေၾကာင္း သိရသည္။

သတင္း။  ။  သန္းစိုးေအာင္(နမ့္စန္)
................

နမ့်စန်၊ မေလ (၁၈) ရက်
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ဝပ်ပုံကျေးရွာအုပ်စု မီးသွေးကုန်းကျေးရွာအနီး ကမ္ဘောဇကုမ္မဏီ၏ ကျောက်မီးသွေး တူဖော်ရေးလုပ်ငန်းမှ အမှုန်များ၊ အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင်ကျေးရွာများ ကျန်းမာရေး ထိခိုက်လာသည်ဟု ဒေသခံကျေးရွာများမှ သိရသည်။

“ပုပ်အဲ့အဲ့အနံ့တွေက အိမ်တံခါးပိတ်ထားလည်း မရဘူး။ ညဆို ခေါင်းမြီးခြုံအိပ်လည်း မရဘူး။ အနံ့ကြောင့် ပြေးစရာနေရာလည်း မရှိဘူး။ ကျောက်မီးသွေးတွင်းနဲ့ အိမ်နဲ့နီးတော့ အမှုန်တွေလာတယ်။ ရေဆိုလည်း မကောင်းတော့ဘူး။ ကျောက်စည်ထဲ ရေထည့်ထားရင် နောက်ရက်တွေဆို ရေကသောက်သုံးရေလုပ်လို့ မရတော့ဘူး။ အပြာရောင်တွေ ဖြစ်လာတယ်။ သုံးရေပဲလုပ်လို့ရတယ်။ ဖြစ်နိုင်ရင် ကျောက်မီးသွေး တူးတာကို အပြီးရပ်နားစေချင်တယ်” ဟု ဒေသခံ ဦးသောင်းတင်က ပြောသည်။

ကျောက်မီးသွေးတူးဖော်သည့်လုပ်ငန်းများ လုပ်ဆောင်လာပြီးနောက် ကျေးရွာအတွင်းမှလူများ ကျန်းမာရေး ထိခိုက်လာသဖြင့် ဒေသခံများက အစည်းအဝေးလုပ်ပြီး တင်ပြထားသော်လည်း သက်ဆိုင်ရာမှ အကြောင်း ပြန်ကြားခြင်း မရှိကြောင်း သိရသည်။

“ဒီနားမှာနေရတာ အရင်ကနေလို့ ထိုင်လို့ကောင်းတယ်။ ကျောက်မီးသွေးတူးလာတော့ အခုနေလို့ထိုင်လို့ မကောင်းတော့ဘူး။ ကျောက်မီးသွေးနံ့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်လည်း ဒုက္ခရောက်တယ်။ အရင်က ဘုန်းကြီးကျောင်းမှာ အစည်းအေဝးလုပ်ပြီး စာတင်တယ်။ ဘာမှဖြစ်မလာဘူး။ လူမုန်းတာပဲ အဖတ်တင်တယ်။ “ဟု ဒေသခံတစ်ဦးဖြစ်သူ မအေးလှိုင်က ဆိုသည်။

အဆိုပါလုပ်ငန်းမှ သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသော်လည်း ဒေသခံများ အတွက် အဆင်မပြခြေင်းအား ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု ဒေသခံများက ဆိုသည်။

“ကျောက်မီးသွေး မထုတ်တုန်းက ကလေးတွေလည်း မဖျားနာဘူး။ ကျောက်မီးသွေးတူးလာမှ ကလေးတွေပိုပြီး ဖျားနာလာတယ်။ ပြီးတော့အိမ်တွေနဲ့ ကျောက်မီသွေးမြေဇာပုံတွေက နီးတယ်။ မိုးများရင် ပြိုကျမှာတောင်စိုးရိမ်ရတယ်” ဟု မအေးလှိုင်က ဆိုသည်။

အဆိုပါကျေးရွာအနီး ကျောက်မီးသွေးတူးခြင်းလုပ်ဆောင်လာသည်မှာ (၃)နှစ်ခန့်ရှိပြီဖြစ်ပြီး နေ့စဉ် (၁၂)ဘီးကားအစီး (၂၀)ခန့်ဖြင့် တောင်ကြီးမြို့သို့ တင်ပို့နေကြောင်း သိရသည်။

သတင်း။ သန်းစိုးအောင်(နမ့်စန်)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~