လဲချားတွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုအချို့ဖြစ်ပွား
လဲချားတွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုအချို့ဖြစ်ပွား
မေ 17, 2016
By Tachileik News Agency
လဲချား၊ မေလ (၁၇) ရက်
 ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြို့တွင် မေလ (၁၅)ရက် ညနေက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းကျရောက်မှုကြောင့် ဓာတ်တိုင်များနှင့် သစ်ပင်များလဲခြင်း၊ နေအိမ်အမိုးလန်ခြင်းများ ဖြစ်ပွားကြောင်း သိရသည်။
လေပြင်းကြောင့် ပျက်စီးမှုများ ပြန်လည်ရှင်းလင်း ပြုပြင်ရန် မြို့တွင်းလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခြင်းအား ခေတ္တရပ်နားထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မြို့တွင်းမှ သက်တမ်း (၇၅) နှစ်ကျော်ရှိသည့် ဝက်သစ်ချပင်များ အပါအဝင် သစ်ပင်များလဲပြိုခြင်း၊ ဓါတ်တိုင်များလဲခြင်း၊ အဆောက်အဦးများ အမိုးလန်ခြင်းတို့ ဖြစ်ပွားသွားကြောင်း သိရသည်။
“ဝက်သစ်ချပင်တွေက သက်တမ်းကလည်း ရင့်နေပြီး ပင်စည်မှာ အခေါင်းရှိတတ်တဲ့ အပင်မျိုးဖြစ်တော့ လမ်းပေါ်သွားနေသူတွေနဲ့ အပင်တန်းဘေးက လူနေအိမ်တွေအတွက် စိုးရိမ်ရတယ်” ဟုရပ်မိရပ်ဖ တဦးက ဆိုသည်။
လဲချားမြို့တွင် သက်တမ်းရင့် ဝက်သစ်ချပင်များရှိသဖြင့် လေပြင်းထပ်မံတိုက်ပါက စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း/ဓာတ်ပုံ။  ။ ဟံနိုင်
*****************
လဲချား၊ မေလ (၁၇) ရက်
 ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြို့တွင် မေလ (၁၅)ရက် ညနေက မိုးသည်းထန်စွာရွာသွန်းပြီး လပြေင်းကျရောက်မှုကြောင့် ဓာတ်တိုင်များနှင့် သစ်ပင်များလဲခြင်း၊ နေအိမ်အမိုးလန်ခြင်းများ ဖြစ်ပွားကြောင်း သိရသည်။
“မီးတိုင်ပေါင်း (၃) တိုင်အသစ်ပြန်လဲရမယ်။ ရပ်ကွက် (၄) နဲ့ရပ်ကွက်(၂) က လိုင်းကြိုးတွပြေန်ဆွဲရမယ်။ မီးလိုင်းအားလုံးကောင်းဖို့ တစ်ရက်လောက်တော့ အချိန်ပေးရမယ်။ ပိုင်းပြီးပေးလို့ရတဲ့နေရာတွေကို မီးလွှတ်ပေးမှာပါ”ဟု လျှပ်စစ်ဦးစီးမှူး ဦးကျော်မိုးအောင်က ပြောသည်။
လပြေင်းကြောင့် ပျက်စီးမှုများ ပြန်လည်ရှင်းလင်း ပြုပြင်ရန် မြို့တွင်းလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းအား ခေတ္တရပ်နားထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လပြေင်းတိုက်ခတ်မှုကြောင့် မြို့တွင်းမှ သက်တမ်း (၇၅) နှစ်ကျော်ရှိသည့် ဝက်သစ်ချပင်များ အပါအဝင် သစ်ပင်များလဲပြိုခြင်း၊ ဓာတ်တိုင်များလဲခြင်း၊ အဆောက်အဦးများ အမိုးလန်ခြင်းတို့ ဖြစ်ပွားသွားကြောင်း သိရသည်။
“ဝက်သစ်ချပင်တွေက သက်တမ်းကလည်း ရင့်နပြေီး ပင်စည်မှာ အခေါင်းရှိတတ်တဲ့ အပင်မျိုးဖြစ်တော့ လမ်းပေါ်သွားနေသူတွေနဲ့ အပင်တန်းဘေးက လူနေအိမ်တွေအတွက် စိုးရိမ်ရတယ်” ဟုရပ်မိရပ်ဖ တဦးက ဆိုသည်။
လဲချားမြို့တွင် သက်တမ်းရင့် ဝက်သစ်ချပင်များရှိသဖြင့် လပြေင်းထပ်မံတိုက်ပါက စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း/ဓာတ်ပုံ။ ဟံနိုင်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~