ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဖမ္းဆီးေပးထားသည့္ ေလာင္းကစားဝိုင္း ရက္(၂၀)ေက်ာ္သည္ အထိ အမႈ မဖြင့္ႏုိင္ေသး

ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဖမ္းဆီးေပးထားသည့္ ေလာင္းကစားဝိုင္း ရက္(၂၀)ေက်ာ္သည္ အထိ အမႈ မဖြင့္ႏုိင္ေသး
မေ 7, 2016
By Tachileik News Agency

၀မ္းတြင္း၊ ေမလ(၄)ရက္
မႏၱေလးတိုင္းေဒသႀကီး ၀မ္းတြင္းၿမိဳ႕နယ္ ဆူးပန္းေက်းရြာအနီးမွ ဂုန္းကင္းေလာင္းကစားခံုအား ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက ဖမ္းဆီးထားၿပီး ရက္ေပါင္း(၂၀)ေက်ာ္ၾကာသည္အထိ အမႈဖြင့္လွစ္ အေရးယူ ေဆာင္ရြက္ႏိုင္ျခင္း မရွိေသးေၾကာင္း ၀မ္းတြင္းၿမိဳ႕မရဲစခန္းမွ သိရသည္။

"အဓိက (ပ)နံပါတ္ဖြင့္ၿပီး အမႈမဖြင့္ရေသးဘူးဆိုတာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရဲ႕ ခြင့္ျပဳမိန္႔ မရေသးလို႔ပါ။ ဒီအမႈကို ေလာင္းကစားေက်ာ္ေဇာ ဥပေဒပုဒ္မျဖစ္တဲ့ (၂၁)နဲ႔စြဲဆိုတာပါ။ ဒါကိုအမႈဖြင့္ဖို႔ဆိုရင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရဲ႕ ခြင့္ျပဳမိန္႔ေတာင္းဆိုထားဆဲမို႔ပါ"ဟု ၀မ္းတြင္းၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး သိန္းလွိဳင္ဦးက ေျပာသည္။

မိတၳီလာခရိုင္၊ ၀မ္းတြင္းၿမိဳ႕နယ္ ဆူးပန္းေက်းရြာအနီး ရြာအစြန္ေျမာက္ဖ်ားတြင္ ဂုန္းကင္းေလာင္းကစား ျပဳလုပ္ေနေၾကာင္း သတင္းရရွိသျဖင့္ ဧၿပီလ(၁၄)ရက္ေန႔တြင္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဆယ္အိမ္မွဴးမ်ား ပူးေပါင္း၍ ဖမ္းဆီးၿပီး ၀မ္းတြင္းၿမိဳ႕မစခန္းသို႔ အေၾကာင္းၾကားကာ လႊဲအပ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဆယ္အိမ္မွဴးမ်ားက ေလာင္စားျပဳလုပ္ရာသို႔ ၀င္ေရာက္ဖမ္းဆီးစဥ္ လူဦးေရ(၄၀)ခန္႔ ထြက္ေျပးတိမ္းေရွာင္သြားၿပီး တရားခံတစ္ဦးသာ ေလာင္းကစားရာတြင္ အသံုးျပဳေသာ အန္စာတံုးလွိမ့္သည့္ ေသတၱာ၊ ႀကိဳးႏွင့္ ဆင္၊ က်ား၊ ပုဇြန္၊ လိပ္၊ ငါးအေကာင္မ်ား၀င္သည့္ ဇယားကြက္တို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

သိမ္းဆည္းရမိသည့္ သက္ေသခံပစၥည္းမ်ားႏွင့္ ဖမ္းဆီးရမိေသာ တရားခံတစ္ဦးအား ၀မ္းတြင္းၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းအပ္ႏွံခဲ့ေသာ္လည္း၊ ယေန႔အခ်ိန္ထိ တရားစြဲဆို အမႈဖြင့္လွစ္ျခင္းမရွိေသးေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးျမသင္းထံမွ သိရသည္။

သတင္း။  ။ ကိုလင္း(၀မ္းတြင္း)

..................

ဝမ်းတွင်း၊ မေလ(၄)ရက်
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဆူးပန်းကျေးရွာအနီးမှ ဂုန်းကင်းလောင်းကစားခုံအား ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖမ်းဆီးထားပြီး ရက်ပေါင်း(၂၀)ကျော်ကြာသည်အထိ အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ဝမ်းတွင်းမြို့မရဲစခန်းမှ သိရသည်။

"အဓိက (ပ)နံပါတ်ဖွင့်ပြီး အမှုမဖွင့်ရသေးဘူးဆိုတာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုမိန့် မရသေးလို့ပါ။ ဒီအမှုကို လောင်းကစားကျော်ဇော ဥပဒေပုဒ်မဖြစ်တဲ့ (၂၁)နဲ့စွဲဆိုတာပါ။ ဒါကိုအမှုဖွင့်ဖို့ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုမိန့်တောင်းဆိုထားဆဲမို့ပါ"ဟု ဝမ်းတွင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းလှိုင်ဦးက ပြောသည်။

မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ဆူးပန်းကျေးရွာအနီး ရွာအစွန်မြောက်ဖျားတွင် ဂုန်းကင်းလောင်းကစား ပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် ဧပြီလ(၁၄)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများ ပူးပေါင်း၍ ဖမ်းဆီးပြီး ဝမ်းတွင်းမြို့မစခန်းသို့ အကြောင်းကြားကာ လွှဲအပ်ခဲ့ခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက လောင်စားပြုလုပ်ရာသို့ ဝင်ရောက်ဖမ်းဆီးစဉ် လူဦးရေ(၄၀)ခန့် ထွက်ပြေးတိမ်းရှောင်သွားပြီး တရားခံတစ်ဦးသာ လောင်းကစားရာတွင် အသုံးပြုသော အန်စာတုံးလှိမ့်သည့် သေတ္တာ၊ ကြိုးနှင့် ဆင်၊ ကျား၊ ပုဇွန်၊ လိပ်၊ ငါးအကောင်များဝင်သည့် ဇယားကွက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများနှင့် ဖမ်းဆီးရမိသော တရားခံတစ်ဦးအား ဝမ်းတွင်းမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့သော်လည်း၊ ယနေ့အချိန်ထိ တရားစွဲဆို အမှုဖွင့်လှစ်ခြင်းမရှိသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြသင်းထံမှ သိရသည်။

သတင်း။ ကိုလင်း(ဝမ်းတွင်း)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~