ဗီယက္နမ္သတို႔သမီး ၁၄ ဦးကို ဝယ္ယူၿပီး ျပန္ေရာင္းသည့္ တရုတ္အမ်ိဳးသားအား ရဲတပ္ဖြဲ႕ဖမ္းဆီး

ဗီယက္နမ္သတို႔သမီး ၁၄ ဦးကို ဝယ္ယူၿပီး ျပန္ေရာင္းသည့္ တရုတ္အမ်ိဳးသားအား ရဲတပ္ဖြဲ႕ဖမ္းဆီး
ဧပြီ 29, 2016
By Tachileik News Agency

ဘာသာျပန္၊ ဧၿပီ(၂၉)
တရုတ္ႏုိင္ငံ အန္ေဟြးျပည္နယ္က တရုတ္အမ်ိဳးသားတစ္ေယာက္က ဗီယက္နမ္အမိ်ဳးသမီး (၁၄)ဦးကို သူ႔ရဲ႕သတို႔သမီးအျဖစ္ ဝယ္ယူခဲ့ၿပီး (၁၃) ဦးကို တျခားလူေတြရဲ႕ ဇနီးမ်ားအျဖစ္ ေရာင္းစား လိုက္တာေၾကာင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္ပါတယ္။

ဒီအမ်ိဳးသမီးေတြထဲက (၁၀)ဦးကိုေတာ့ ရဲတပ္ဖြဲ႕က ကယ္တင္လိုက္ႏုိင္ၿပီ ျဖစ္ပါတယ္။

ေရွာင္လို႔ အမည္ရတဲ့ ဒီတရုတ္အမ်ိဳးသားဟာ ၂၀၀၁ ခုႏွစ္ကတည္းက ေျခတစ္ဖက္ မသန္တာေၾကာင့္ ဇနီးမရႏိုင္ေတာ့ဘူးဆိုျပီး စိတ္ဓါတ္က်ေနခဲ့တာလို႔ သိရပါတယ္။

ယူနန္ျပည္နယ္ကလာတဲ့ သူ႔ သူငယ္ခ်င္းက ဗီယက္နမ္ကေန သတို႔သမီးေတြ အမ်ားႀကီးဝယ္လို႔ရတဲ့ အေၾကာင္း သူ႔ကို ေျပာျပခဲ့တာလို႔ ဆိုပါတယ္။

ဒါေၾကာင့္ ေရွာင္ဟာ ယူနန္ျပည္နယ္ကိုသြားၿပီး ဗီယက္နမ္အမ်ိဳးသမီးတစ္ေယာက္ကို ဇနီးအျဖစ္ ဝယ္ယူခဲ့တာပါ။ ဒီေနာက္မွာေတာ့ ေရွာင္ရဲ႕ သူငယ္ခ်င္းေတြ ေဆြမ်ိဳးေတြက သူ႔လို ဗီယက္နမ္ဇနီးသည္ကို ဝယ္ေပးဖို႔ ေတာင္းဆိုၾကတာေၾကာင့္ သူဟာ ယူနန္ျပည္နယ္ကေန ဗီယက္နမ္အမ်ိဳးသမီးေတြကို ဝယ္ၿပီး တစ္ဦးကို အေမရိကန္ေဒၚလာ (၉၀၀၀)ေလာက္နဲ႔ တျခားအမ်ိဳးသားေတြကို ေရာင္းခ်ေပးေနတာလို႔ သိရပါတယ္။

တရုတ္ႏုိင္ငံ ယူနန္ျပည္နယ္မွာ ဗီယက္နမ္အမ်ိဳးသမီးေတြ ဘာေၾကာင့္ေရာက္ေနသလဲဆိုတာ ေမးခြန္း ထုတ္စရာပါပဲ။ စီအန္အန္သတင္းအရေတာ့ ဗီယက္နမ္အမ်ိဳးသမီးမ်ားဟာ ႏွစ္တိုင္းပဲ တရုတ္ႏုိင္ငံမွာ ဇနီးေတြအျဖစ္ ေရာင္းစားခံေနရတယ္လို႔ ေဖၚျပထားပါတယ္။ ဒီအမ်ိဳးသမီးေတြမွာဆိုရင္ အသက္ (၁၃)ႏွစ္ေလာက္ ငယ္တဲ့ အရြယ္ေတြေတာင္ ပါတယ္လို႔ သိရပါတယ္။

ေရွာင္ရဲ႕အမႈကို ေနာက္ဆံုးမွာေတာ့ ေဒသတြင္းရဲတပ္ဖြဲ႕က သိသြားတာျဖစ္ပါတယ္။ ဒီျဖစ္ရပ္ကို ေဖၚထုတ္ဖို႔ တရုတ္ရဲအရာရိွ (၁၄၀)ေလာက္ အသံုးျပဳခဲ့ရၿပီး အမႈနဲ႔ ဆက္ႏႊယ္တယ္လို႔ သံသယရိွသူ (၂၄)ဦး ကိုလည္း ဖမ္းဆီးစစ္ေဆးခဲ့ရတယ္လို႔ သိရပါတယ္။

ရဲတပ္ဖြဲ႕က ျပန္လည္ကယ္တင္လိုက္ႏိုင္တဲ့ ဗီယက္နမ္အမ်ိဳးသမီး (၁၀) ဦးထဲက (၄)ဦးကေတာ့ ေနရပ္ျပန္ပို႔ေပးႏုိင္ၿပီး က်န္တဲ့ (၆)ဦးကိုေတာ့ ကူညီေစာင့္ေရွာက္ေပးတဲ့ မိသားစုေတြ အကူအညီနဲ႔ ေစာင့္ေရွာက္ေပးထားတယ္လို႔ သိရပါတယ္။

ေနာက္က်န္တဲ့ အမ်ိဳးသမီး (၃) ဦးကေတာ့ ေရာင္းခ်ခံထားရတဲ့ေနရာေတြမွာပဲ ရိွေနေသးတယ္လုိ႔ သိရပါတယ္။

ေရွာင္အပါအဝင္ ဒီအမႈနဲ႔ ဆက္စပ္တဲ့သူ (၂၁) ဦးကိုေတာ့ ဥပေဒအရ အျပစ္ေပးႏုိင္ဖို႔ ေဆာင္ရြက္ေနျပီလို႔ သိရပါတယ္။

၂၀၀၇ ခုႏွစ္ ဒီဇင္ဘာ ၁၃ ရက္မွာ တရုတ္အစိုးရက ကေလးႏွင့္အမ်ိဳးသမီးမ်ား လူကုန္ကူးခံရမႈ တိုက္ဖ်က္ေရး တရုတ္အမ်ိဳးသားအဆင့္စီမံကိန္း (၂၀၀၈-၂၀၁၂)ကို ေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။

ဘာသာျပန္။  ။ ဇာႏွင္းထိုက္
Ref; CCTVNews

....................

ဘာသာပြန်၊ ဧပြီ(၂၉)
တရုတ်နိုင်ငံ အန်ဟွေးပြည်နယ်က တရုတ်အမျိုးသားတစ်ယောက်က ဗီယက်နမ်အမျိုးသမီး (၁၄)ဦးကို သူ့ရဲ့သတို့သမီးအဖြစ် ဝယ်ယူခဲ့ပြီး (၁၃) ဦးကို တခြားလူတွေရဲ့ ဇနီးများအဖြစ် ရောင်းစား လိုက်တာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဒီအမျိုးသမီးတွေထဲက (၁၀)ဦးကိုတော့ ရဲတပ်ဖွဲ့က ကယ်တင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

ရှောင်လို့ အမည်ရတဲ့ ဒီတရုတ်အမျိုးသားဟာ ၂၀၀၁ ခုနှစ်ကတည်းက ခြေတစ်ဖက် မသန်တာကြောင့် ဇနီးမရနိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်ကျနေခဲ့တာလို့ သိရပါတယ်။

ယူနန်ပြည်နယ်ကလာတဲ့ သူ့ သူငယ်ချင်းက ဗီယက်နမ်ကနေ သတို့သမီးတွေ အများကြီးဝယ်လို့ရတဲ့ အကြောင်း သူ့ကို ပြောပြခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် ရှောင်ဟာ ယူနန်ပြည်နယ်ကိုသွားပြီး ဗီယက်နမ်အမျိုးသမီးတစ်ယောက်ကို ဇနီးအဖြစ် ဝယ်ယူခဲ့တာပါ။ ဒီနောက်မှာတော့ ရှောင်ရဲ့ သူငယ်ချင်းတွေ ဆွေမျိုးတွေက သူ့လို ဗီယက်နမ်ဇနီးသည်ကို ဝယ်ပေးဖို့ တောင်းဆိုကြတာကြောင့် သူဟာ ယူနန်ပြည်နယ်ကနေ ဗီယက်နမ်အမျိုးသမီးတွေကို ဝယ်ပြီး တစ်ဦးကို အမေရိကန်ဒေါ်လာ (၉၀၀၀)လောက်နဲ့ တခြားအမျိုးသားတွေကို ရောင်းချပေးနေတာလို့ သိရပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဗီယက်နမ်အမျိုးသမီးတွေ ဘာကြောင့်ရောက်နေသလဲဆိုတာ မေးခွန်း ထုတ်စရာပါပဲ။ စီအန်အန်သတင်းအရတော့ ဗီယက်နမ်အမျိုးသမီးများဟာ နှစ်တိုင်းပဲ တရုတ်နိုင်ငံမှာ ဇနီးတွေအဖြစ် ရောင်းစားခံနေရတယ်လို့ ဖော်ပြထားပါတယ်။ ဒီအမျိုးသမီးတွေမှာဆိုရင် အသက် (၁၃)နှစ်လောက် ငယ်တဲ့ အရွယ်တွေတောင် ပါတယ်လို့ သိရပါတယ်။

ရှောင်ရဲ့အမှုကို နောက်ဆုံးမှာတော့ ဒေသတွင်းရဲတပ်ဖွဲ့က သိသွားတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ဖော်ထုတ်ဖို့ တရုတ်ရဲအရာရှိ (၁၄၀)လောက် အသုံးပြုခဲ့ရပြီး အမှုနဲ့ ဆက်နွှယ်တယ်လို့ သံသယရှိသူ (၂၄)ဦး ကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ရတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က ပြန်လည်ကယ်တင်လိုက်နိုင်တဲ့ ဗီယက်နမ်အမျိုးသမီး (၁၀) ဦးထဲက (၄)ဦးကတော့ နေရပ်ပြန်ပို့ပေးနိုင်ပြီး ကျန်တဲ့ (၆)ဦးကိုတော့ ကူညီစောင့်ရှောက်ပေးတဲ့ မိသားစုတွေ အကူအညီနဲ့ စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

နောက်ကျန်တဲ့ အမျိုးသမီး (၃) ဦးကတော့ ရောင်းချခံထားရတဲ့နေရာတွေမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

ရှောင်အပါအဝင် ဒီအမှုနဲ့ ဆက်စပ်တဲ့သူ (၂၁) ဦးကိုတော့ ဥပဒေအရ အပြစ်ပေးနိုင်ဖို့ ဆောင်ရွက်နပြေီလို့ သိရပါတယ်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ တရုတ်အစိုးရက ကလေးနှင့်အမျိုးသမီးများ လူကုန်ကူးခံရမှု တိုက်ဖျက်ရေး တရုတ်အမျိုးသားအဆင့်စီမံကိန်း (၂၀၀၈-၂၀၁၂)ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဘာသာပြန်။ ဇာနှင်းထိုက်
Ref; CCTVNews

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~