ျမန္မာ - ထုိင္းနယ္စပ္ တာခ်ီလိတ္ခ်စ္ၾကည္ေရးတံတား(၁)တြင္ တံဆိပ္ထုေႏွာင့္ေႏွးသျဖင့္ ယာဥ္ေၾကာပိတ္ဆို႔မႈ ေန႔စဥ္ ျဖစ္ပြား

ျမန္မာ - ထုိင္းနယ္စပ္ တာခ်ီလိတ္ခ်စ္ၾကည္ေရးတံတား(၁)တြင္ တံဆိပ္ထုေႏွာင့္ေႏွးသျဖင့္ ယာဥ္ေၾကာပိတ္ဆို႔မႈ ေန႔စဥ္ ျဖစ္ပြား
ဧပြီ 9, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ(၉)
ျမန္မာ - ထိုင္း ႏွစ္ႏိုင္ငံနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတား(၁)ေပၚတြင္ ယာဥ္မ်ား ျဖတ္သန္းသြားလာခြင့္ တံဆိပ္္ထုရာတြင္ ေႏွာင့္ေႏွးၾကန္႔ၾကာသျဖင့္ တံတားမွ ၿမိဳ႕လမ္းမႀကီးအထိ ေန႔စဥ္ ယာဥ္လမ္းေၾကာပိတ္ဆို႔မႈမ်ား
မၾကာခဏျဖစ္ပြားေနေၾကာင္း သိရသည္။

“တံတားေပၚက လမ္းေၾကာင္းနဲ႔ ၿမိဳ႕လမ္းမႀကီးနဲ႔က တစ္ဆက္တည္းေလ။ တံတားေပၚမွာ လမ္းေၾကာင္းပိတ္ရင္ ၿမိဳ႕လမ္းမလည္း ပိတ္တယ္။ တံတားမွာ ယာဥ္ျဖတ္သန္းသြားလာခြင့္ တံဆိပ္ထုတဲ့ အခါ ၾကာသြားၿပီဆိုရင္ေတာ့ ယာဥ္ေၾကာကေတာ့ ပိတ္ဆို႔ေတာ့တာပဲ။ အခုလို ယာဥ္ေၾကာပိတ္ဆို႔ေတာ့ ခရီးသြားလာေရး ေႏွာင့္ေႏွးေစတယ္။”ဟု CNCMC လုပ္ငန္းအေကာင္အထည္ေဖာ္ေရးမွ အတြင္းေရးမွဴး ကိုစည္သူေမာင္က ေျပာသည္။

တံတားျဖတ္သန္းသြားလာခြင့္အတြက္ ထိုင္းႏိုင္ငံဘက္မွ တံဆိပ္ထုရာတြင္ ၾကန္႔ၾကာတတ္သျဖင့္ ယာဥ္ေၾကာမ်ား ပိတ္ေနတတ္ျခင္းကို သက္ဆိုင္ရာမ်ားက ေျဖရွင္းေပးရန္ လိုေၾကာင္း ၎ကေျပာသည္။

“ခါတိုင္းေတြမွာ  ျမိဳ႕လမ္းမ ယာဥ္ေၾကာပိတ္ဆို႔တယ္ဆို ရင္ သာေရးနာေရး ကိစၥေၾကာင့္ပဲ ပိတ္ဆို႔တာမ်ားတယ္။ အခုက ဒီႏွစ္ႏိုင္ငံခရီးသြားလာတဲ႔ ခ်စ္ၾကည္ေရးတံတားေပၚမွာ ပိတ္ၿပီဆို ရင္  ၿမိဳ႕လမ္းမပါ ယာဥ္ေၾကာပိတ္ၿပီ။”ဟု သံုးဘီဆိုင္ကယ္ျဖင့္ ခရီးသည္ပို႔ေဆာင္သူ ကိုေဇာ္လင္းက ေျပာသည္။

ၿမိဳ႕တြင္း လမ္းမ၌ အေၾကာင္းအမ်ိဳးမ်ဳိးေၾကာင့္ ယာဥ္ပိတ္ဆို႔သည့္ အခါတြင္လည္း ယာဥ္ထိန္းရဲမ်ားမွ မၾကာခဏ ရွင္းလင္းေပးရလွ်က္ရွိေၾကာင္း သက္ဆိုင္ရာ ယာဥ္ထိန္းရဲက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕သည္ ယခင္က လမ္းမ်ားက်ဥ္းေနသျဖင့္  ၿမိဳ႕ေပၚရွိ ယာဥ္အေရအတြက္ႏွင့္ လမ္းအက်ယ္အ၀န္းမွာ မမွ်တဘဲရွိရာ  ယခုလက္ရွိတြင္ လမ္းမႀကီးကို ျမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ တစ္ဘက္ (၆ )ေပစီ ထိ တိုးခ်ဲ႕ေနလွ်က္ရွိေၾကာင္း သည္။

သတင္း။  ။ #ေဇာင္းညီ
**************

တာချီလိတ်၊ ဧပြီလ(၉)
မြန်မာ - ထိုင်း နှစ်နိုင်ငံနယ်စပ် တာချီလိတ်မြို့ ချစ်ကြည်ရေးတံတား(၁)ပေါ်တွင် ယာဉ်များ ဖြတ်သန်းသွားလာခွင့် တံဆိပ်ထုရာတွင် နှောင့်နှေးကြန့်ကြာသဖြင့် တံတားမှ မြို့လမ်းမကြီးအထိ နေ့စဉ် ယာဉ်လမ်းကြောပိတ်ဆို့မှုများ
မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

“တံတားပေါ်က လမ်းကြောင်းနဲ့ မြို့လမ်းမကြီးနဲ့က တစ်ဆက်တည်းလေ။ တံတားပေါ်မှာ လမ်းကြောင်းပိတ်ရင် မြို့လမ်းမလည်း ပိတ်တယ်။ တံတားမှာ ယာဉ်ဖြတ်သန်းသွားလာခွင့် တံဆိပ်ထုတဲ့ အခါ ကြာသွားပြီဆိုရင်တော့ ယာဉ်ကြောကတော့ ပိတ်ဆို့တော့တာပဲ။ အခုလို ယာဉ်ကြောပိတ်ဆို့တော့ ခရီးသွားလာရေး နှောင့်နှေးစေတယ်။”ဟု CNCMC လုပ်ငန်းအကောင်အထည်ဖော်ရေးမှ အတွင်းရေးမှူး ကိုစည်သူမောင်က ပြောသည်။

တံတားဖြတ်သန်းသွားလာခွင့်အတွက် ထိုင်းနိုင်ငံဘက်မှ တံဆိပ်ထုရာတွင် ကြန့်ကြာတတ်သဖြင့် ယာဉ်ကြောများ ပိတ်နေတတ်ခြင်းကို သက်ဆိုင်ရာများက ဖြေရှင်းပေးရန် လိုကြောင်း၎င်းကပြောသည်။

“ခါတိုင်းတွေမှာ မြို့လမ်းမ ယာဉ်ကြောပိတ်ဆို့တယ်ဆို ရင် သာရေးနာရေး ကိစ္စကြောင့်ပဲ ပိတ်ဆို့တာများတယ်။ အခုက ဒီနှစ်နိုင်ငံခရီးသွားလာတဲ့ ချစ်ကြည်ရေးတံတားပေါ်မှာ ပိတ်ပြီဆို ရင် မြို့လမ်းမပါ ယာဉ်ကြောပိတ်ပြီ။”ဟု သုံးဘီဆိုင်ကယ်ဖြင့် ခရီးသည်ပို့ဆောင်သူ ကိုဇော်လင်းက ပြောသည်။

မြို့တွင်း လမ်းမ၌ အကြောင်းအမျိုးမျိုးကြောင့် ယာဉ်ပိတ်ဆို့သည့် အခါတွင်လည်း ယာဉ်ထိန်းရဲများမှ မကြာခဏ ရှင်းလင်းပေးရလျှက်ရှိကြောင်း သက်ဆိုင်ရာ ယာဉ်ထိန်းရဲက ပြောသည်။

တာချီလိတ်မြို့သည် ယခင်က လမ်းများကျဉ်းနေသဖြင့် မြို့ပေါ်ရှိ ယာဉ်အရေအတွက်နှင့် လမ်းအကျယ်အဝန်းမှာ မမျှတဘဲရှိရာ ယခုလက်ရှိတွင် လမ်းမကြီးကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တစ်ဘက် (၆ )ပေစီ ထိ တိုးချဲ့နေလျှက်ရှိကြောင်း သည်။

သတင်း။ #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~