ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံ ျပည္သူမ်ား ခ်စ္ၾကည္ေရးယဥ္ေက်းမႈ သႀကၤန္ႏွစ္သစ္ကူး ဖြင့္ပဲြက်င္းပ

ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံ ျပည္သူမ်ား ခ်စ္ၾကည္ေရးယဥ္ေက်းမႈ သႀကၤန္ႏွစ္သစ္ကူး ဖြင့္ပဲြက်င္းပ
ဧပြီ 14, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၁၄) ရက္
ျမန္မာ - ထုိင္း ႏွစ္ႏုိင္ငံျပည္သူမ်ား ခ်စ္ၾကည္ေရး ယဥ္ေက်းမႈသႀကၤန္ဖြင့္ပဲြကုိ သႀကၤန္အက်ေန႔ျဖစ္သည့္ ဧၿပီလ (၁၃) ရက္ ညေန ေလးနာရီခဲြက ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမဳိ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမဳိ႕တုိ႔ရိွ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ေရးတံတားအမွတ္(၁)တြင္ က်င္းပသည္။

အဆိုပါ ဖြင့္ပဲြအခမ္းအနားတြင္ ထုိင္းႏုိင္ငံ၊ ခ်င္းရုိင္းခရုိင္ ဟုိတယ္ခရီး သြားလာေရးႏွင့္ အားကစားဌာနမွ ညႊန္ၾကားေရးမွဴး မစၥတာထမ့္ပလမ္ပီးယားဖြန္ယင့္ႏွင့္ တာ၀န္ရွိသူမ်ားက ပဲြေတာ္က်င္းပရျခင္းႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းေျပာၾကားၿပီး၊ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က ႏွစ္ႏုိင္ငံျပည္သူမ်ား ခ်စ္ၾကည္ရင္းႏွီးမႈ ၾကာရွည္စြာ တည္ရွိေနမႈႏွင့္အတူ ကူးသန္းေရာင္း၀ယ္ေရး အဆင္ေျပေခ်ာေမြ႕ေနမႈ၊ ယဥ္ေက်းမႈ ဆုိင္ရာမ်ား အျပန္အလွန္ ဆက္စပ္တည္ရွိေနမႈတုိ႔ကုိ ရွင္းလင္းေျပာၾကားၾကသည္။

ယင္းေနာက္ ထိုင္းႏုိင္ငံမွ ကိုယ္စားလွယ္အဖြဲ႕သည္ တာခ်ီလိတ္ၿမဳိ႕၊ မကာဟုိခမ္းရပ္ကြက္ရွိ မီးေဘးသင့္ျပည္သူမ်ားအတြက္ စားေသာက္ဖြယ္ရာ မ်ား၊ အသံုးအေဆာင္ ပစၥည္းမ်ားအား လွဴဒါန္းၿပီး တာခ်ီလိတ္တပ္နယ္မွ ဗုိလ္မွဴးႀကီး ေဇာ္မင္းထြန္း ၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ခရုိင္ရဲတပ္ဖဲြ႕မွဴး ဒုတိယရဲမွဴးႀကီး ထိန္၀င္း ႏွင့္ ထုိင္းႏုိင္ငံ၊ လူ၀င္မႈႀကီးၾကပ္ေရးဗ်ဴရုိမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ နတ္တေဖာင္ဖေရာ့စြမ္ ေထာင့္ ၊ မယ္ဆုိင္ၿမဳိ႕အုပ္ခ်ဳပ္ေရးမွဴး မစၥတာ ႏုိင္ခ်ဴေဒ့ မီက်န္ ႏွင့္ တာ၀န္ရွိသူမ်ားက ေရပန္းမ်ားဖြင့္လွစ္ေပးကာ ျမန္မာ-ထုိင္းယဥ္ေက်းမႈ သၾကၤန္ႏွစ္သစ္ကူးပဲြေတာ္အား ဖြင့္လွစ္လိုက္သည္။

အဆုိပါ ယဥ္ေက်းမႈ သႀကၤန္ပဲြေတာ္၊ ဆြမ္ခရမ္ ထုိင္းရုိးရာေရသဘင္ ပဲြေတာ္တြင္ သဲပံုေစတီျပဳလုပ္ျခင္း၊ ဘုရားေရသပၸါယ္ျခင္း ႏွင့္ ႏွစ္ႏိုင္ငံ သႀကၤန္လွည့္လည္ၾကည့္ရႈလည္ပတ္ႏို္င္မည္ျဖစ္သည္။

သတင္း။  ။ ေ၀ယံလင္း
.................

တာချီလိတ်၊ ဧပြီလ (၁၄) ရက်
မြန်မာ - ထိုင်း နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရေး ယဉ်ကျေးမှုသင်္ကြန်ဖွင့်ပွဲကို သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ (၁၃) ရက် ညနေ လေးနာရီခွဲက မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တို့ရှိ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင် ဟိုတယ်ခရီး သွားလာရေးနှင့် အားကစားဌာနမှ ညွှန်ကြားရေးမှူး မစ္စတာထမ့်ပလမ်ပီးယားဖွန်ယင့်နှင့် တာဝန်ရှိသူများက ပွဲတော်ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရင်းနှီးမှု ကြာရှည်စွာ တည်ရှိနေမှုနှင့်အတူ ကူးသန်းရောင်းဝယ်ရေး အဆင်ပြေချောမွေ့နေမှု၊ ယဉ်ကျေးမှု ဆိုင်ရာများ အပြန်အလှန် ဆက်စပ်တည်ရှိနေမှုတို့ကို ရှင်းလင်းပြောကြားကြသည်။ 
ယင်းနောက် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာ များ၊ အသုံးအဆောင် ပစ္စည်းများအား လှူဒါန်းပြီး တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း နှင့် ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ညွှန်ကြားရေးမှူးချုပ် နတ်တဖောင်ဖရော့စွမ် ထောင့်၊ မယ်ဆိုင်မြို့အုပ်ချုပ်ရေးမှူး မစ္စတာ နိုင်ချူဒေ့ မီကျန် နှင့် တာဝန်ရှိသူများက ရေပန်းများဖွင့်လှစ်ပေးကာ မြန်မာ-ထိုင်းယဉ်ကျေးမှု သင်္ကြန်နှစ်သစ်ကူးပွဲတော်အား ဖွင့်လှစ်လိုက်သည်။ 
အဆိုပါ ယဉ်ကျေးမှု သင်္ကြန်ပွဲတော်၊ ဆွမ်ခရမ် ထိုင်းရိုးရာရေသဘင် ပွဲတော်တွင် သဲပုံစေတီပြုလုပ်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်း နှင့် နှစ်နိုင်ငံ သင်္ကြန်လှည့်လည်ကြည့်ရှုလည်ပတ်နို်င်မည်ဖြစ်သည်။
သတင်း။ေဝယံလင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net