ကာရာအိုေကဆိုင္ ဝန္ထမ္းအမ်ိဳးသမီးအား ဆံပင္ကိုင္ကာ တရြတ္တိုက္ဆြဲ၍ လက္ကိုင္ဖုန္းလုသူကို တာခ်ီလိတ္ရဲစခန္း၌ ဖမ္းဆီးထား

ကာရာအိုေကဆိုင္ ဝန္ထမ္းအမ်ိဳးသမီးအား ဆံပင္ကိုင္ကာ တရြတ္တိုက္ဆြဲ၍ လက္ကိုင္ဖုန္းလုသူကို တာခ်ီလိတ္ရဲစခန္း၌ ဖမ္းဆီးထား
ဧပြီ 27, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၂၇) ရက္
ကာရာအိုေကဆိုင္၀န္ထမ္း အမ်ိဳးသမီးတစ္ဦးအား ဆံပင္ကိုင္၍ တရြတ္တိုက္  ေဆာင့္ဆြဲၿပီး လက္ကိုင္ဖုန္း လုယက္သူ ႏွစ္ဦးကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ ဖမ္းဆီးထိန္းသိမ္းကာ အမႈဖြင့္ထားေၾကာင္း သိရသည္။

"မနက္ (၄)နာရီေလာက္မွာ မယ္ေခါင္ရပ္ကြက္ထဲက ကာရာအိုေကဆိုင္မွာရွိတဲ့ ေကာင္မေလး တစ္ေယာက္ကို လမ္းမေပၚ အတင္းအဓမၼ ဆြဲေခၚၿပီး ဖုန္းလုသြားတာပါ။ ေကာင္မေလးမွာ ပြန္းပဲ့ဒဏ္ရာေတြနဲ႔ လာတိုင္ထားတာ။ အျပစ္က်ဴးလြန္တဲ့ ေကာင္ေလးေတြကိုေတာ့ ဖမ္းထားၿပီးၿပီ"ဟု တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးေက်ာ္သန္းက ေျပာသည္။

အမ်ိဳးသား(၂)ဦးသည္ မယ္ေခါင္ရပ္ကြက္ရွိ ေတာင္ဇလပ္ ကာရာအိုေကဆိုင္သို႔ ဧၿပီ(၂၅)ရက္ေန႔ ညဦးပိုင္းတြင္ ကာရာအိုေက လာေရာက္သီဆိုၿပီး၊ က်သင့္ေငြ ထိုင္းဘတ္(၃,၄၄၀)ဘတ္အနက္ ဘတ္(၂၀၀၀)သာရွင္း၍ ျပန္သြားခဲ့ၿပီးေနာက္ ဆိုင္၀န္ထမ္းေကာင္မေလးမ်ား အိပ္ယာ၀င္ရန္ျပင္ဆင္ေနစဥ္ ဖုန္းဆက္၍ လက္က်န္ေငြအား ေနအိမ္တြင္ လိုက္ယူရန္ေခၚျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးက လိုက္လံယူေဆာင္ရန္ ျငင္းပယ္သျဖင့္ လက္ကိုင္ဖုန္းအားလုယူ၍ ဆံပင္အား ကိုင္ဆြဲကာ တရြက္တိုက္ဆြဲၿပီး တစ္ဖက္ လွိဳင္ ကာရာအိုေကဆိုင္ဘက္သို႔ ဆြဲေခၚသြားျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မ ရဲတပ္ဖြဲ႕စခန္း၏ မွတ္တမ္းမ်ားအရ သိရသည္။

ကာရာအိုေကဆိုင္၀န္ထမ္းအမ်ိဳးသမီးအား ကိုယ္ထိလက္ေရာက္ က်ဴးလြန္သည့္ ခိုင္ေက်ာ္လင္းဆိုသူက အမ်ိဳးသမီး၏ လက္ကိုင္ဖုန္းအားလုယူ၍ "ဖုန္းလိုခ်င္လွ်င္ ေနအိမ္လိုင္းခန္းသို႔ လိုက္ခဲ့ရန္"ေျပာျပီး ဆိုင္ကယ္ေမာင္းႏွင္၍ ေနအိမ္ျပန္သြားခဲ့သျဖင့္ ထိခိုက္နစ္နာသူ မစုစုစႏၵီမွ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ အမႈဖြင့္လွစ္တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ကိုင္ဖုန္းအား လုယက္ယူသြားသည့္အျပင္ ကာရာအိုေက၀န္ထမ္းအမ်ိဳးသမီးအား နာက်င္ေအာင္ျပဳလုပ္ခဲ့သူ ခိုင္ေက်ာ္လင္းႏွင့္ ဗညားတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္း (ပ)၉၅/၂၀၁၅၊ ျပစ္မႈပုဒ္မ ၃၈၂ ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
...........

တာချီလိတ်၊ ဧပြီလ (၂၇) ရက်
ကာရာအိုကေဆိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦးအား ဆံပင်ကိုင်၍ တရွတ်တိုက် ဆောင့်ဆွဲပြီး လက်ကိုင်ဖုန်း လုယက်သူ နှစ်ဦးကို တာချီလိတ်မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းကာ အမှုဖွင့်ထားကြောင်း သိရသည်။

"မနက် (၄)နာရီလောက်မှာ မယ်ခေါင်ရပ်ကွက်ထဲက ကာရာအိုကေဆိုင်မှာရှိတဲ့ ကောင်မလေး တစ်ယောက်ကို လမ်းမပေါ် အတင်းအဓမ္မ ဆွဲခေါ်ပြီး ဖုန်းလုသွားတာပါ။ ကောင်မလေးမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ လာတိုင်ထားတာ။ အပြစ်ကျူးလွန်တဲ့ ကောင်လေးတွေကိုတော့ ဖမ်းထားပြီးပြီ"ဟု တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက ပြောသည်။

အမျိုးသား(၂)ဦးသည် မယ်ခေါင်ရပ်ကွက်ရှိ တောင်ဇလပ် ကာရာအိုကေဆိုင်သို့ ဧပြီ(၂၅)ရက်နေ့ ညဦးပိုင်းတွင် ကာရာအိုကေ လာရောက်သီဆိုပြီး၊ ကျသင့်ငွေ ထိုင်းဘတ်(၃,၄၄၀)ဘတ်အနက် ဘတ်(၂၀၀၀)သာရှင်း၍ ပြန်သွားခဲ့ပြီးနောက် ဆိုင်ဝန်ထမ်းကောင်မလေးများ အိပ်ယာဝင်ရန်ပြင်ဆင်နေစဉ် ဖုန်းဆက်၍ လက်ကျန်ငွေအား နေအိမ်တွင် လိုက်ယူရန်ခေါ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးက လိုက်လံယူဆောင်ရန် ငြင်းပယ်သဖြင့် လက်ကိုင်ဖုန်းအားလုယူ၍ ဆံပင်အား ကိုင်ဆွဲကာ တရွက်တိုက်ဆွဲပြီး တစ်ဖက် လှိုင် ကာရာအိုကေဆိုင်ဘက်သို့ ဆွဲခေါ်သွားခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မ ရဲတပ်ဖွဲ့စခန်း၏ မှတ်တမ်းများအရ သိရသည်။

ကာရာအိုကေဆိုင်ဝန်ထမ်းအမျိုးသမီးအား ကိုယ်ထိလက်ရောက် ကျူးလွန်သည့် ခိုင်ကျော်လင်းဆိုသူက အမျိုးသမီး၏ လက်ကိုင်ဖုန်းအားလုယူ၍ "ဖုန်းလိုချင်လျှင် နေအိမ်လိုင်းခန်းသို့ လိုက်ခဲ့ရန်"ပြောပြီး ဆိုင်ကယ်မောင်းနှင်၍ နေအိမ်ပြန်သွားခဲ့သဖြင့် ထိခိုက်နစ်နာသူ မစုစုစန္ဒီမှ တာချီလိတ်မြို့မရဲစခန်းသို့ အမှုဖွင့်လှစ်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ကိုင်ဖုန်းအား လုယက်ယူသွားသည့်အပြင် ကာရာအိုကေဝန်ထမ်းအမျိုးသမီးအား နာကျင်အောင်ပြုလုပ်ခဲ့သူ ခိုင်ကျော်လင်းနှင့် ဗညားတို့အား တာချီလိတ်မြို့မရဲစခန်း (ပ)၉၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net