ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးရွာ (၁၉)ရွာတွင် သောက်သုံးရေရှားပါးမှု ပိုဆိုးလာ

ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးရွာ (၁၉)ရွာတွင် သောက်သုံးရေရှားပါးမှု ပိုဆိုးလာ
ဧပွီ 22, 2016
By Tachileik News Agency
ဓာတ်ပုံ။  ။ စိုင်းအောင်မြင့်ဦး

တာချီလိတ်၊ ဧပြီလ (၂၂) ရက်


ရေရှားပါးနှင့်ကြုံတွေ့နေရသော  မြို့နယ်(၃)ခုမှာ ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်များ အတွင်းရှိ ကျေးရွာ(၁၉)ရွာဖြစ်ပြီး တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းမှ အလှူရှင်များလှူဒါန်းမှုဖြင့် တစ်ရက်လျှင် ကျေးရွာ(၂)ရွာစီအား ရေဂါလံ(၁၂၀၀)ဆံ့ ရေကား(၄)စီးဖြင့် အလှည့်ကျလှူဒါန်းပေးနေကြောင်း သိရသည်။


ရေရှားပါးမှုနှင့်ကြုံတွေ့နေရသော ကျေးရွာများမှာ ပင်းတယမြို့နယ်အတွင်းရှိ တားကုန်းကျေးရွာအုပ်စု၊ ပွေးလှကျေးရွာအုပ်စု၊ သံဘီးကုန်းကျေးရွာအုပ်စုနှင့် ညောင်ရွှေမြို့နယ်အတွင်း လက်မောင်းကွေးကျေးရွာအုပ်စု အတွင်းရှိ ကျောက်ငှက်ရွာ၊ ရေချမ်းစင်ရွာ၊ ၀ါးကြီးမြောင်ရွာတို့ဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ကိုဇက်
...........................

တာချီလိတ်၊ ဧပြီလ (၂၂) ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်(၃)ခုအတွင်းရှိ ကျေးရွာပေါင်း(၁၉)ရွာတွင် ဧပြီလအတွင်း သောက်သုံးရေ ရှားပါးမှုများ ပိုမိုကြုံတွေ့နေရကြောင်း ရေရှားပါးသည့်ဒေသများကို ကူညီပေးနေသည့် တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

"အခုကျွန်တော်တို့ဒေသမှာ သင်္ကြန်မိုးလည်းမရွာတော့ ရေအခက်အခဲပိုဖြစ်လာတယ်။ ရေတွင်းရေကန်တွေ အကုန်ခန်းခြောက်ကုန်တာ။ ဒီလထဲမှာပိုဆိုးတာ ရေရှားပါးမှုနဲ့ ကြုံတွေ့ရတာတော့ ဇန်နဝါရီ လကတည်းကပါ" ဟု တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကိုအောင်ဆန်းက ပြောသည်။

ရေရှားပါးနှင့်ကြုံတွေ့နေရသော မြို့နယ်(၃)ခုမှာ ပင်းတယမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှမြေို့နယ်များ အတွင်းရှိ ကျေးရွာ(၁၉)ရွာဖြစ်ပြီး တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းမှ အလှူရှင်များလှူဒါန်းမှုဖြင့် တစ်ရက်လျှင် ကျေးရွာ(၂)ရွာစီအား ရေဂါလံ(၁၂၀၀)ဆံ့ ရေကား(၄)စီးဖြင့် အလှည့်ကျလှူဒါန်းပေးနေကြောင်း သိရသည်။

ရေရှားပါးနေသော ကျေးရွာများအတွက် ရှမ်းပြည်နယ် ကျေးလက်ဦးစီးဌာနမှ စက်ရေတွင်း(၅)တွင်း တူးပေးရန်စီစဉ်ထားပြီး စေတနာရှင် အလှူရှင်များမှလည်း အဝီစိတွင်း (၁၅)တွင်းတူးပေးရန်စီစဉ်ထားကြောင်း တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

ရေရှားပါးမှုနှင့်ကြုံတွေ့နေရသော ကျေးရွာများမှာ ပင်းတယမြို့နယ်အတွင်းရှိ တားကုန်းကျေးရွာအုပ်စု၊ ပွေးလှကျေးရွာအုပ်စု၊ သံဘီးကုန်းကျေးရွာအုပ်စုနှင့် ညောင်ရွှမြေို့နယ်အတွင်း လက်မောင်းကွေးကျေးရွာအုပ်စု အတွင်းရှိ ကျောက်ငှက်ရွာ၊ ရေချမ်းစင်ရွာ၊ ဝါးကြီးမြောင်ရွာတို့ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~