လိြဳင္ေကာ္ ကလလတ ၏ ေျခတုလုပ္ငန္းမွ ေျခတု လိုအပ္သူ ၆၀၀ ခန္႔ တပ္ဆင္ေပး

လိြဳင္ေကာ္ ကလလတ ၏ ေျခတုလုပ္ငန္းမွ ေျခတု လိုအပ္သူ ၆၀၀ ခန္႔ တပ္ဆင္ေပး
ဧပြီ 1, 2016
By Tachileik News Agency

လိြဳင္ေကာ္၊ ဧၿပီ (၁) ။   ။ကရင္နီျပည္လူမ်ိဳးေပါင္းစုံျပည္သူ ့လြတ္ေျမာက္ေရးတပ္ဦး(ကလလတ)မွ ဖြင့္လွစ္ထားေသာ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕၊ ပန္းကန္ရပ္ကြက္ရွိ လက္ျဖင့္ ျပဳလုပ္ေသာ ေျခတုလုပ္ငန္းတြင္ လာေရာက္တပ္ဆင္သူ (၆၀၀) ခန္႔ရိွၿပီျဖစ္ေၾကာင္း သိရသည္။

"အရင္ကၽြန္ေတာ္တို ့ရဲေဘာ္ေတြ ေျခတုလုပ္မယ္ဆုိရင္ ရန္ကုန္ဘက္ကေနမွာရတယ္။ သြားရတဲ့ အကုန္အက်မ်ားတာေၾကာင့္ အထက္လူၾကီးေတြက ကၽြန္ေတာ္တို႔ကို ထုိင္းမွာ သြားသင္ခိုင္းၿပီး ဒီမွာ ျပန္လာလုပ္တာပါ။ အခုေတာ့ ကုန္က်စရိတ္ေတြက သိသိသာသာ သက္သာေနတယ္။ ဒါေၾကာင့္ ျပည္နယ္မွာရွိတဲ့လူေတြ ေတာ္ေတာ္မ်ားမ်ားလာလုပ္ၾကတယ္"ဟု လုပ္ငန္းတာ၀န္ခံ ဦးရန္ေအာင္ ကေျပာသည္။

ျမန္မာတပ္မေတာ္မွ စစ္သည္မ်ား ေျခတုလာေရာက္တပ္ဆင္ပါက အထက္အရာရွိ၏ ေထာက္ခံခ်က္ လိုအပ္ေၾကာင္း သိရသည္။

"သူတို႔လည္း ကၽြန္ေတာ္တို႔နဲ႔ ဘ၀တူေတြပဲေလ။ တပ္ဆင္ခအေနနဲ႔ ေငြေၾကးေတာ့ မယူပါဘူး။ သူတို႔ ေစတနာရွိလို႔ေပးခဲ့တာေတာ့ယူတယ္။ မေပးလည္း ရပါတယ္"ဟု ဦးရန္ေအာင္က ေျပာသည္။

လက္ျဖင့္ျပဳလုပ္သည့္ ေျခတုသည္ စက္ရံုထုတ္ေျခတုထက္ ပိုမိုေပါ့ပါးသျဖင့္ တပ္ဆင္သူမ်ားအတြက္ ပိုမိုသက္သာေၾကာင္း သိရသည္။

"ဦးေလးက မေန႔ကေရာက္တယ္။ ဒီေန ့လုပ္ေပးတယ္။ ခ်က္ခ်င္းရတယ္။ ၿပီးေတာ့ ဒီေျခတုက အရင္ေျခတုထက္ ပိုၿပီး သက္ေတာင့္သက္သာရွိတယ္ "ဟု ေတာင္ႀကီးၿမိဳ႕မွ ေျခတုလာေရာက္တပ္ဆင္သူ ဦးေရႊြလင္းေအာင္က ေျပာသည္။

လက္ျဖင့္ ေျခတုျပဳလုပ္သည့္လုပ္ငန္းအား ထိုင္းႏိုင္ငံမွ (၃)ႏွစ္ၾကာ သင္ယူၿပီးေနာက္ ၂၀၀၇ ခုႏွစ္မွစတင္ကာ ကယားျပည္နယ္အတြင္း ေျမျမွွဳပ္မိုင္းႏွင့္ တိုက္ပြဲအတြင္း ထိခိုက္ဒဏ္ရာရေသာ သူမ်ားအတြက္ စတင္ျပဳေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေနေလး

...............

လွိုင်ကော်၊ ဧပြီ (၁)။ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)မှ ဖွင့်လှစ်ထားသော ကယားပြည်နယ် လွိုင်ကော်မြို့၊ ပန်းကန်ရပ်ကွက်ရှိ လက်ဖြင့် ပြုလုပ်သော ခြေတုလုပ်ငန်းတွင် လာရောက်တပ်ဆင်သူ (၆၀၀) ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

"အရင်ကျွန်တော်တို့ရဲဘော်တွေ ခြေတုလုပ်မယ်ဆိုရင် ရန်ကုန်ဘက်ကနေမှာရတယ်။ သွားရတဲ့ အကုန်အကျများတာကြောင့် အထက်လူကြီးတွေက ကျွန်တော်တို့ကို ထိုင်းမှာ သွားသင်ခိုင်းပြီး ဒီမှာ ပြန်လာလုပ်တာပါ။ အခုတော့ ကုန်ကျစရိတ်တွေက သိသိသာသာ သက်သာနေတယ်။ ဒါကြောင့် ပြည်နယ်မှာရှိတဲ့လူတွေ တော်တော်များများလာလုပ်ကြတယ်"ဟု လုပ်ငန်းတာဝန်ခံ ဦးရန်အောင် ကပြောသည်။

မြန်မာတပ်မတော်မှ စစ်သည်များ ခြေတုလာရောက်တပ်ဆင်ပါက အထက်အရာရှိ၏ ထောက်ခံချက် လိုအပ်ကြောင်း သိရသည်။

"သူတို့လည်း ကျွန်တော်တို့နဲ့ ဘဝတူတွေပဲလေ။ တပ်ဆင်ခအနေနဲ့ ငွေကြေးတော့ မယူပါဘူး။ သူတို့ စေတနာရှိလို့ပေးခဲ့တာတော့ယူတယ်။ မပေးလည်း ရပါတယ်"ဟု ဦးရန်အောင်က ပြောသည်။

လက်ဖြင့်ပြုလုပ်သည့် ခြေတုသည် စက်ရုံထုတ်ခြေတုထက် ပိုမိုပေါ့ပါးသဖြင့် တပ်ဆင်သူများအတွက် ပိုမိုသက်သာကြောင်း သိရသည်။

"ဦးလေးက မနေ့ကရောက်တယ်။ ဒီနေ့လုပ်ပေးတယ်။ ချက်ချင်းရတယ်။ ပြီးတော့ ဒီခြေတုက အရင်ခြေတုထက် ပိုပြီး သက်တောင့်သက်သာရှိတယ် "ဟု တောင်ကြီးမြို့မှ ခြေတုလာရောက်တပ်ဆင်သူ ဦးရွှေလင်းအောင်က ပြောသည်။

လက်ဖြင့် ခြေတုပြုလုပ်သည့်လုပ်ငန်းအား ထိုင်းနိုင်ငံမှ (၃)နှစ်ကြာ သင်ယူပြီးနောက် ၂၀၀၇ ခုနှစ်မှစတင်ကာ ကယားပြည်နယ်အတွင်း မြမြှေုပ်မိုင်းနှင့် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသော သူများအတွက် စတင်ပြုပေးနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း။ နေလေး

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~