မိုင္းျဖတ္ၿမိဳ႕ သႀကၤန္အၾကတ္ ေစ်းေန႔စည္ကား

မိုင္းျဖတ္ၿမိဳ႕ သႀကၤန္အၾကတ္ ေစ်းေန႔စည္ကား
ဧပြီ 14, 2016
By Tachileik News Agency

မိုင္းျဖတ္၊ ဧၿပီလ (၁၄) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ သႀကၤန္အၾကတ္ေစ်းေန႔တြင္ ေစ်းေရာင္းသူမ်ား၊ ေစ်းဝယ္သူမ်ားႏွင့္ စည္ကားေနေၾကာင္းေတြ႔ရသည္။

"ဒီေန႔ဆိုလို႔ရွိရင္ ကၽြန္ေတာ္တို႔ မုိင္းျဖတ္ၿမိဳ႕ေန ရွမ္းလူမ်ဳိးမ်ားအေနနဲ႔ အသားစိမ္းမ်ားျပဳလုပ္ၿပီး စားေသာက္ၾကသလို၊ လူႀကီးလူငယ္အားလံုး အိမ္တိုင္းလိုလို ဧည့္သည္မ်ားကို ဖိတ္ၾကားၿပီး ေပ်ာ္ပါးစြာ စားေသာက္ပြဲမ်ားျပဳလုပ္ ၾကပါတယ္။ မုန္႔ဖက္ထုပ္ေတြ ျပဳလုပ္ၿပီးေတာ့လည္း အလွဴလုပ္ၾကပါတယ္။ ဒီေန႔ေစ်းကို လာေရာက္ၿပီး အသားေတြ၊ အသီးအရြက္ေတြ၊ မုန္႔ဖက္ထုပ္ျပဳလုပ္ဖို႔အတြက္ ငွက္ေပ်ာရြက္ေတြ၊ မုန္႔လုပ္ဖို႔အတြက္ ပစၥည္းေတြ လာဝယ္တာပါ ”ဟု ေစ်းလာေရာက္ဝယ္သူ ကိုစိုင္းဆမ္မွ ဆိုသည္။

မိုင္းျဖတ္ၿမိဳ႕မွ ေဒသခံမ်ားသည္ သႀကၤန္အၾကတ္ေန႔တြင္ ဝမ္ယန္းရြာေခ်ာင္း၊ ဝမ္ပံုေခ်ာင္းမ်ားသို႔ အဖြဲ႔လိုက္ သြားေရာက္ စားေသာက္ေလ့ရိွၿပီး ဒုတိယအၾကတ္ေန႔ႏွင့္ အတက္ေန႔မ်ားတြင္ ဘုန္းႀကီးေက်ာင္းသို႔ သြားေရာက္ၿပီး ဥပုသ္သီလေဆာက္တည္ေလ့ရိွၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။  ။ ကိုသာ

.......................
မိုင်းဖြတ်၊ ဧပြီလ (၁၄) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သင်္ကြန်အကြတ်ဈေးနေ့တွင် ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားနေကြောင်းတွေ့ရသည်။
"ဒီနေ့ဆိုလို့ရှိရင် ကျွန်တော်တို့ မိုင်းဖြတ်မြို့နေ ရှမ်းလူမျိုးများအနေနဲ့ အသားစိမ်းများပြုလုပ်ပြီး စားသောက်ကြသလို၊ လူကြီးလူငယ်အားလုံး အိမ်တိုင်းလိုလို ဧည့်သည်များကို ဖိတ်ကြားပြီး ပျော်ပါးစွာ စားသောက်ပွဲများပြုလုပ် ကြပါတယ်။ မုန့်ဖက်ထုပ်တွေ ပြုလုပ်ပြီးတော့လည်း အလှူလုပ်ကြပါတယ်။ ဒီနေ့ဈေးကို လာရောက်ပြီး အသားတွေ၊ အသီးအရွက်တွေ၊ မုန့်ဖက်ထုပ်ပြုလုပ်ဖို့အတွက် ငှက်ပျောရွက်တွေ၊ မုန့်လုပ်ဖို့အတွက် ပစ္စည်းတွေ လာဝယ်တာပါ ”ဟု ဈေးလာရောက်ဝယ်သူ ကိုစိုင်းဆမ်မှ ဆိုသည်။
မိုင်းဖြတ်မြို့မှ ဒေသခံများသည် သင်္ကြန်အကြတ်နေ့တွင် ဝမ်ယန်းရွာချောင်း၊ ဝမ်ပုံချောင်းများသို့ အဖွဲ့လိုက် သွားရောက် စားသောက်လေ့ရှိပြီး ဒုတိယအကြတ်နေ့နှင့် အတက်နေ့များတွင် ဘုန်းကြီးကျောင်းသို့ သွားရောက်ပြီး ဥပုသ်သီလဆောက်တည်လေ့ရှိကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ကိုသာ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~