တာခ်ီလိတ္ မီးေဘးသင့္ ျပည္သူမ်ားအတြက္ ေစတနာရွင္မ်ားမွ ဘတ္(၅၀,၀၀၀)ေက်ာ္ တန္ဖိုးရွိ ပစၥည္းမ်ား ေထာက္ပံ့

တာခ်ီလိတ္ မီးေဘးသင့္ ျပည္သူမ်ားအတြက္ ေစတနာရွင္မ်ားမွ ဘတ္(၅၀,၀၀၀)ေက်ာ္ တန္ဖိုးရွိ ပစၥည္းမ်ား ေထာက္ပံ့
ဧပြီ 23, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ဧၿပီ(၂၃)
တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ မီးေဘးသင့္ ျပည္သူမ်ားအတြက္ တာခ်ီလိတ္ရွိ ေစတနာရွင္မ်ားမွ တန္ဖိုးေငြ ဘတ္(၅၀,၀၀၀)ေက်ာ္ရွိ မီးဖိုေခ်ာင္သံုး ပစၥည္းမ်ားကို ယေန႔ ဧၿပီလ(၂၃)ရက္ ညေနပိုင္းက လက္၀ယ္အေရာက္ လွဴဒါန္းလိုက္ေၾကာင္း သိရသည္။

ဒန္အိုး၊ ဒန္ခြက္မ်ား၊ ပန္းကန္ျပားမ်ား စသည့္ မီးဖိုေခ်ာင္သံုးပစၥည္းမ်ားႏွင့္ ၿခံဳေစာင္မ်ား စုစုေပါင္းတန္ဖိုးေငြ (၅၂,၅၀၀)ဘတ္ရွိ ပစၥည္းမ်ားႏွင့္ ေငြသား(၃၀၀၀)ဘတ္တုိ႔ကို တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ေန ဦးစိုင္းႏြံေက်ာက္ + ေဒၚနန္းခမ္းလူ ( သစ္သီးမ်ဳိးစံု ေရာင္း၀ယ္ေရး )၊ ဦးစိုင္းဟန္လင္း + ေဒၚနန္းခမ္းလူ ( ေရႊေရအိုး ေရခဲမုန္႔ဆိုင္ )၊ ဦးစိုင္းလွ၀င္း + ေဒၚနန္းစီေထာင္း ႏွင့္ ကိုစိုင္းသီဟ + မနန္းဦးဆာ မိသားစုတို႔မွ လွဴဒါန္းေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မီးေဘးသင့္ ျပည္သူမ်ားအတြက္ သက္ဆိုင္ရာမွ (၆)ရက္တိတိ အလွဴခံဌာနဖြင့္လွစ္ေပးခဲ့ၿပီး ထပ္မံ၍ လက္၀ယ္အေရာက္ လွဴဒါန္းႏိုင္ရန္အတြက္ သႀကၤန္အၿပီး၌ အလွဴခံဌာနအား ရုပ္သိမ္းခဲ့ေၾကာင္း သိရသည္။

၂၀၁၆ခုႏွစ္ ဧၿပီလ(၉)ရက္ေန႔ ည(၇)နာရီ၀န္းက်င္မွ စ၍ အခ်ိန္(၂)နာရီေက်ာ္အၾကာ ေလာင္ကြ်မ္းခဲ့ေသာ အဆိုပါ မီးေလာင္မႈေၾကာင့္ ၀ါးထရံအိမ္(၉)လံုး၊ ပ်ဥ္ေထာင္အိမ္ (၁၅)လံုး ႏွင့္ အုတ္ညႇပ္အိမ္ (၅)လံုး စုစုေပါင္း အိမ္ေျခ (၂၉)လံုး ျပာက်သြားခဲ့ရၿပီး က်ား(၇၆)ဦး ႏွင့္ မ (၈၉)ဦး စုစုေပါင္း (၁၆၅)ဦး အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရေၾကာင္း သိရွိရသည္။

ဓာတ္ပံု။ ။ #စိုးေက်ာ္ေအာင္

.................
တာချီလိတ်မြို့၊ ဧပြီ(၂၃)
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မီးဘေးသင့် ပြည်သူများအတွက် တာချီလိတ်ရှိ စေတနာရှင်များမှ တန်ဖိုးငွေ ဘတ်(၅၀,ဝဝဝ)ကျော်ရှိ မီးဖိုချောင်သုံး ပစ္စည်းများကို ယနေ့ ဧပြီလ(၂၃)ရက် ညနေပိုင်းက လက်ဝယ်အရောက် လှူဒါန်းလိုက်ကြောင်း သိရသည်။

ဒန်အိုး၊ ဒန်ခွက်များ၊ ပန်းကန်ပြားများ စသည့် မီးဖိုချောင်သုံးပစ္စည်းများနှင့် ခြုံစောင်များ စုစုပေါင်းတန်ဖိုးငွေ (၅၂,၅၀၀)ဘတ်ရှိ ပစ္စည်းများနှင့် ငွေသား(၃၀၀၀)ဘတ်တို့ကို တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်နေ ဦးစိုင်းနွံကျောက် + ဒေါ်နန်းခမ်းလူ ( သစ်သီးမျိုးစုံ ရောင်းဝယ်ရေး )၊ ဦးစိုင်းဟန်လင်း + ဒေါ်နန်းခမ်းလူ ( ရွှေရေအိုး ရေခဲမုန့်ဆိုင် )၊ ဦးစိုင်းလှဝင်း + ဒေါ်နန်းစီထောင်း နှင့် ကိုစိုင်းသီဟ + မနန်းဦးဆာ မိသားစုတို့မှ လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးဘေးသင့် ပြည်သူများအတွက် သက်ဆိုင်ရာမှ (၆)ရက်တိတိ အလှူခံဌာနဖွင့်လှစ်ပေးခဲ့ပြီး ထပ်မံ၍ လက်ဝယ်အရောက် လှူဒါန်းနိုင်ရန်အတွက် သင်္ကြန်အပြီး၌ အလှူခံဌာနအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၁၆ခုနှစ် ဧပြီလ(၉)ရက်နေ့ ည(၇)နာရီဝန်းကျင်မှ စ၍ အချိန်(၂)နာရီကျော်အကြာ လောင်ကျွမ်းခဲ့သော အဆိုပါ မီးလောင်မှုကြောင့် ဝါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ။ #စိုးကျော်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~