ကခ်င္တိုင္းရင္းသား အင္အား(၁၅၀၀)ခန္႔က မူးယစ္ေဆး၀ါးဆန္႔က်င္ေရးအျဖစ္ ၿငိမ္းခ်မ္းစြာ လမ္းေလွ်ာက္ကာ လားရိႈးၿမိဳ႕တြင္ ဆႏၵေဖာ္ထုတ္

ကခ်င္တိုင္းရင္းသား အင္အား(၁၅၀၀)ခန္႔က မူးယစ္ေဆး၀ါးဆန္႔က်င္ေရးအျဖစ္ ၿငိမ္းခ်မ္းစြာ လမ္းေလွ်ာက္ကာ လားရိႈးၿမိဳ႕တြင္ ဆႏၵေဖာ္ထုတ္
ဧပြီ 25, 2016
By Tachileik News Agency

လားရိႈး၊ ဧၿပီလ(၂၅)ရက္
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ကခ်င္လူထုအေျချပဳ မူးယစ္ေဆး၀ါး ဆန္႔က်င္တိုက္ဖ်က္ေရး အဖြဲ႕အစည္းအပါအဝင္ ကခ်င္တို္င္းရင္းသားအင္အား (၁၅၀၀)ခန္႔က ဧၿပီလ (၂၅)ရက္ေန႔က မူးယစ္ေဆးဝါး ဆန္႔က်င္ေရး ဆႏၵထုတ္ေဖာ္ၾကေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ အဓိကအေနနဲ႔ ျပည္သူလူထုကေရြးေကာက္တင္ေျမွာက္ခဲ့တဲ့ အစိုးရသစ္ကို ရွမ္းျပည္နယ္နဲ႔ တစ္ႏိုင္ငံလံုးမွာ ျဖစ္ေပၚေနတဲ့ မူးယစ္ေဆး၀ါးျပႆနာေတြ
မီးေမာင္းထိုးျပဖို႔ ဆႏၵထုတ္ေဖာ္ၿပီး ၀တ္ျပဳ ဆုေတာင္းတာပါ၊ ကခ်င္တိုင္းရင္းသားေတြအေနနဲ႔ ဧၿပီလ(၂၅)ရက္ေန႔ကို မူးယစ္ေဆး၀ါးကင္းစင္ေရးေန႔ အျဖစ္ သတ္မွတ္ထားတာ (၃)ႏွစ္ရွိပါၿပီ၊ အရင္က ဆုေတာင္းပြဲနဲ႔ တျခား လွဳပ္ရွားမႈေတြပဲလုပ္ခဲ့ေပမယ့္ ဒီႏွစ္ေတာ့ အစိုးရသစ္ကို High Light လုပ္တဲ့သေဘာမ်ိဳးနဲ႔လုပ္တာပါ"ဟု လားရွိဳးၿမိဳ႕ ကခ်င္စာေပႏွင့္ယဥ္ေက်းမွဳအသင္း ဥကၠဌ ဦးခြန္ေဇာ္က ေျပာသည္။

အဆိုပါ ဆႏၵထုတ္ေဖာ္မႈအား ကခ်င္စာေပႏွင့္ယဥ္ေက်းမႈအသင္းအဖြဲ႔မ်ား၊ ဘာသာေရးအသင္းအဖြဲ႕မ်ား၊ လားရိႈးၿမိဳ႕ႏွင့္ လားရိႈးၿမိဳ႕နယ္ ပတ္၀န္းက်င္ ေက်းရြာမ်ားမွ ကခ်င္တိုင္းရင္းသားမ်ားက ပူးေပါင္းပါဝင္ၾကၿပီး ကခ်င္တိုင္းရင္းသားေရးရာ၀န္ႀကီး ဒူ၀ါ ဇုတ္ေဒါင္ကလည္း ခြန္အားေပးစကားေျပာၾကားေပးျခင္းျဖင့္ ပူးေပါင္းပါဝင္ေၾကာင္း သိရသည္။

“ဒီမူးယစ္ေဆး၀ါးရဲ႕ ဆိုးက်ဳိး ေတြကို ကၽြန္မတို႔ ကခ်င္လူမ်ိဳးေတြ ပိုမိုခံစားရပါတယ္။ လားရိႈႈးမွာရွိတဲ့ ကခ်င္လူငယ္ရဲ႕ တစ္၀က္ေလာက္ဟာ ဘိန္းျဖဴ နဲ႔အျခား မူးယစ္ေဆး၀ါး ေတြကိုစြဲစြဲၿမဲၿမဲ ေသာက္သံုးေနႀကလို႕ အခုလို ကၽြန္မတို႔ကိုယ္တိုင္ လမ္းေပၚထြက္ျပီး မူးယစ္ေဆး၀ါးကို ဆန္႔က်င္ေၾကာင္းျပသရတာပါ”ဟု ဆႏၵေဖာ္ထုတ္ပြဲတြင္ ပါဝင္သည့္ ကခ်င္တိုင္းရင္းသူတစ္ဦးက ဆိုသည္။

ဆႏၵေဖာ္ထုတ္ျခင္းကို လားရိႈးၿမိဳ႕ေပၚရွိ လူစည္ကားရာ ကားလမ္းမမ်ား တစ္ေလွ်ာက္တြင္ လွည့္လည္ၿပီး လားရိႈးၿမိဳ႕နယ္ မူးယစ္ေဆး၀ါးကင္းစင္ေရး၊ လူသားမ်ိဳးႏြယ္တစ္ရပ္လံုးကို လူညြန္႔တံုးေစေသာ မူးယစ္ေဆး၀ါးပေပ်ာက္ေရး၊ လူမ်ိဳး၊ဘာသာ၊ သာသနာကို ညွိဳးႏြမ္းေစေသာ မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရး၊ ႏိုင္ငံေတာ္၏ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရး၊ လူမႈေရးကို ထိခိုက္ေစေသာ မူးယစ္ေဆး၀ါး ဆန္႕က်င္ေရး၊ ကိုယ္က်ိဳးအတြက္ မူးယစ္ေဆး၀ါး စိုက္ပ်ိဳး/ ေရာင္း/၀ယ္ / ျဖန္႔ျဖဴးသူ ဆန္႔က်င္ေရး အစရွိသည့္ ေၾကြးေၾကာ္သံ (၅)ခ်က္ ျဖင့္ လွည့္လည္ခဲ့ၾကသည္ကို ေတြ႔ရသည္။

“ ကၽြန္ေတာ္တို႔လားရိႈးမွာ ဘိန္းစြဲတဲ့ သူေတြေတာ္ေတာ္ေလးမ်ားလာ ပါတယ္။ ဘိန္းျဖဴအပါအ၀င္ အျခားမူးယစ္ေဆး၀ါးေတြကို လြယ္လြယ္နဲ႔ေပါေပါ ၀ယ္လို႔ရႏိုင္တဲ့အတြက္ေၾကာင့္ လူငယ္၊ လူလတ္မက လူႀကီးေတြအထိပါ ဘိန္းစားတဲ့အထိျဖစ္လာပါတယ္။ အထူးသျဖင့္ ကၽြန္ေတာ္တို႕ ကခ်င္လူမ်ိဳးေတြက အဲဒီမူးယစ္ေဆး၀ါးရဲ႕အႏၱရာယ္ကို ပိုခံစားရပါတယ္။”ဟု လားရိႈးၿမိဳ႕အေျခစိုက္ မူးယစ္ေဆး၀ါး သံုးစြဲသူမ်ားအား ျပန္လည္ထူေထာင္ေရးစခန္းတာ၀န္ခံ ကိုဆန္ေနာ္က ဆိုသည္။

ယင္းကဲ့သို႔ မူးယစ္ေဆး၀ါးဆန္႕က်င္ေၾကာင္း ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္ျခင္းကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕၊မူဆယ္ၿမိဳ႕ႏွင့္အတူ ကြတ္ခိုင္ၿမိဳ႕မ်ားတြင္ပါ တစ္ၿပဳိင္တည္း က်င္းပျပဳလုပ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု/သတင္း  ။   ။ ရဲႏိုင္
..................

လားရှိုး၊ ဧပြီလ(၂၅)ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကချင်လူထုအခြပြေု မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့အစည်းအပါအဝင် ကချင်တို်င်းရင်းသားအင်အား (၁၅၀၀)ခန့်က ဧပြီလ (၂၅)ရက်နေ့က မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

"ကျွန်တော်တို့ အဓိကအနေနဲ့ ပြည်သူလူထုကရွေးကောက်တင်မြှောက်ခဲ့တဲ့ အစိုးရသစ်ကို ရှမ်းပြည်နယ်နဲ့ တစ်နိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါးပြဿနာတွေ
မီးမောင်းထိုးပြဖို့ ဆန္ဒထုတ်ဖော်ပြီး ဝတ်ပြု ဆုတောင်းတာပါ၊ ကချင်တိုင်းရင်းသားတွေအနေနဲ့ ဧပြီလ(၂၅)ရက်နေ့ကို မူးယစ်ဆေးဝါးကင်းစင်ရေးနေ့ အဖြစ် သတ်မှတ်ထားတာ (၃)နှစ်ရှိပါပြီ၊ အရင်က ဆုတောင်းပွဲနဲ့ တခြား လှုပ်ရှားမှုတွေပဲလုပ်ခဲ့ပေမယ့် ဒီနှစ်တော့ အစိုးရသစ်ကို High Light လုပ်တဲ့သဘောမျိုးနဲ့လုပ်တာပါ"ဟု လားရှိုးမြို့ ကချင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးခွန်ဇော်က ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအား ကချင်စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လားရှိုးမြို့နှင့် လားရှိုးမြို့နယ် ပတ်ဝန်းကျင် ကျေးရွာများမှ ကချင်တိုင်းရင်းသားများက ပူးပေါင်းပါဝင်ကြပြီး ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူဝါ ဇုတ်ဒေါင်ကလည်း ခွန်အားပေးစကားပြောကြားပေးခြင်းဖြင့် ပူးပေါင်းပါဝင်ကြောင်း သိရသည်။

“ဒီမူးယစ်ဆေးဝါးရဲ့ ဆိုးကျိုး တွေကို ကျွန်မတို့ ကချင်လူမျိုးတွေ ပိုမိုခံစားရပါတယ်။ လားရှိုးမှာရှိတဲ့ ကချင်လူငယ်ရဲ့ တစ်ဝက်လောက်ဟာ ဘိန်းဖြူ နဲ့အခြား မူးယစ်ဆေးဝါး တွေကိုစွဲစွဲမြဲမြဲ သောက်သုံးနကြေလို့ အခုလို ကျွန်မတို့ကိုယ်တိုင် လမ်းပေါ်ထွက်ပြီး မူးယစ်ဆေးဝါးကို ဆန့်ကျင်ကြောင်းပြသရတာပါ”ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သည့် ကချင်တိုင်းရင်းသူတစ်ဦးက ဆိုသည်။

ဆန္ဒဖော်ထုတ်ခြင်းကို လားရှိုးမြို့ပေါ်ရှိ လူစည်ကားရာ ကားလမ်းမများ တစ်လျှောက်တွင် လှည့်လည်ပြီး လားရှိုးမြို့နယ် မူးယစ်ဆေးဝါးကင်းစင်ရေး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးစေသော မူးယစ်ဆေးဝါးပပျောက်ရေး၊ လူမျိုး၊ဘာသာ၊ သာသနာကို ညှိုးနွမ်းစေသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ နိုင်ငံတော်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကို ထိခိုက်စေသော မူးယစ်ဆေးဝါး ဆန့်ကျင်ရေး၊ ကိုယ်ကျိုးအတွက် မူးယစ်ဆေးဝါး စိုက်ပျိုး/ ရောင်း/ဝယ် / ဖြန့်ဖြူးသူ ဆန့်ကျင်ရေး အစရှိသည့် ကြွေးကြော်သံ (၅)ချက် ဖြင့် လှည့်လည်ခဲ့ကြသည်ကို တွေ့ရသည်။

“ ကျွန်တော်တို့လားရှိုးမှာ ဘိန်းစွဲတဲ့ သူတွေတော်တော်လေးများလာ ပါတယ်။ ဘိန်းဖြူအပါအဝင် အခြားမူးယစ်ဆေးဝါးတွေကို လွယ်လွယ်နဲ့ပေါပေါ ဝယ်လို့ရနိုင်တဲ့အတွက်ကြောင့် လူငယ်၊ လူလတ်မက လူကြီးတွေအထိပါ ဘိန်းစားတဲ့အထိဖြစ်လာပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ကချင်လူမျိုးတွေက အဲဒီမူးယစ်ဆေးဝါးရဲ့အန္တရာယ်ကို ပိုခံစားရပါတယ်။”ဟု လားရှိုးမြို့အခြေစိုက် မူးယစ်ဆေးဝါး သုံးစွဲသူများအား ပြန်လည်ထူထောင်ရေးစခန်းတာဝန်ခံ ကိုဆန်နော်က ဆိုသည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊မူဆယ်မြို့နှင့်အတူ ကွတ်ခိုင်မြို့များတွင်ပါ တစ်ပြိုင်တည်း ကျင်းပပြုလုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ္ပံု/သတင်း။ ရဲနိုင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~