ဆိတ္ေသကို ခ်က္ျပဳတ္စားေသာက္ရာမွ အနာေပါက္ဖ်ားနာ၍ ေသဆံုး

ဆိတ္ေသကို ခ်က္ျပဳတ္စားေသာက္ရာမွ အနာေပါက္ဖ်ားနာ၍ ေသဆံုး
ဧပြီ 5, 2016
By Tachileik News Agency
ပခုကၠဴ၊ ဧၿပီလ (၅) ရက္ ။    ။မေကြးတိုင္းေဒသႀကီး ပခုကၠဴၿမိဳ႕နယ္ ရွင္မကန္ေက်းရြာတြင္ ဆိတ္ေသကို ခ်က္ျပဳတ္စားေသာက္ရာမွ အနာေပါက္ဖ်ားနာ၍ လူတစ္ဦးေသဆံုးသြားမႈအား စစ္ေဆးေနေၾကာင္း ပခုကၠဴ ၿမိဳ႕နယ္ ကမၼနယ္ေျမရဲစခန္းမွ သိရိွရသည္။
ပခုကၠဴၿမိဳ႕နယ္ ရွင္မကန္ေက်းရြာေန အသက္ (၃၂)ႏွစ္အရြယ္ ဦးေအာင္မင္းသည္ ၎၏ ေနအိမ္တြင္ ေမြးျမဴထားေသာ ဆိတ္ေသဆံုးသြားသျဖင့္ ခ်က္ျပဳတ္စားေသာက္ၿပီးေနာက္ လက္ဆစ္မ်ားတြင္ အနာမ်ား ေပါက္ကာ ဖ်ားနာၿပီး မတ္လ(၃၁)ရက္ နံနက္ (၁၀)နာရီအခ်ိန္တြင္ ေနအိမ္ေအာက္ထပ္ရိွ ကုတင္ေပၚသို႔ လဲက်သြားခဲ႔သျဖင္႔ ယင္းေန႔ညေန (၅)နာရီအခ်ိန္တြင္ ပခုကၠဴ ေဆးရံုသို႔ ပို႔ေဆာင္လိုက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

“ပခုကၠဴေဆးရံုမွာ အစာအဆိပ္သင့္ လူနာတစ္ဦးေရာက္ရိွ ေဆးကုသမႈခံယူေနစဥ္မွာ ေသဆံုးသြား တယ္လို႔ ေဆးရံုက အေၾကာင္းၾကားတဲ႔အတြက္ သြားေရာက္စစ္ေဆးခဲ႔တာပါ။ အျခားျပင္ပဒဏ္ရာ မတြ႔ရ တာေၾကာင္႔ ဧၿပီလ(၁)ရက္ေန႔ မွာ ရဲမႈခင္းေဆးစာေရးသားေပးပို႔ၿပီး ဓမၼတာအတိုင္းေသဆံုးရျခင္း ဟုတ္၊ မဟုတ္စစ္ေဆးႏိုင္ဖို႔အတြက္ ေသမႈေသခင္းေရးဖြင္႔ေဆာင္ရြက္ထားပါတယ္”ဟု ကမၼ နယ္ေျမရဲစခန္းမွ ရဲ တပ္ဖဲြ႔ဝင္တစ္ဦးကေျပာၾကားသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဧၿပီ (၁)ရက္ ည(၁၀နာရီ၁၅မိနစ္)အခ်ိန္တြင္  ဒုရဲအုပ္တိုးႏိုင္ေအာင္ က တရားလိုျပဳလုပ္တိုင္တန္းသျဖင္႔ ပခုကၠဴၿမိဳ႕နယ္ ကမၼနယ္ေျမရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္ ၂/ ၂၀၁၆ ျဖင္႔ အမႈေရးဖြင္႔ ေဆာင္ရြက္ထားေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရသည္။


သတင္း။  ။ ဖီးနစ္(မေကြး)
....................

ပခုက္ကူ၊ ဧပြီလ (၅) ရက်။မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ရှင်မကန်ကျေးရွာတွင် ဆိတ်သေကို ချက်ပြုတ်စားသောက်ရာမှ အနာပေါက်ဖျားနာ၍ လူတစ်ဦးသေဆုံးသွားမှုအား စစ်ဆေးနေကြောင်း ပခုက္ကူ မြို့နယ် ကမ္မနယ်မြေရဲစခန်းမှ သိရှိရသည်။
ပခုက္ကူမြို့နယ် ရှင်မကန်ကျေးရွာနေ အသက် (၃၂)နှစ်အရွယ် ဦးအောင်မင်းသည်၎င်း၏ နေအိမ်တွင် မွေးမြူထားသော ဆိတ်သေဆုံးသွားသဖြင့် ချက်ပြုတ်စားသောက်ပြီးနောက် လက်ဆစ်များတွင် အနာများ ပေါက်ကာ ဖျားနာပြီး မတ်လ(၃၁)ရက် နံနက် (၁၀)နာရီအချိန်တွင် နေအိမ်အောက်ထပ်ရှိ ကုတင်ပေါ်သို့ လဲကျသွားခဲ့သဖြင့် ယင်းနေ့ညနေ (၅)နာရီအချိန်တွင် ပခုက္ကူ ဆေးရုံသို့ ပို့ဆောင်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
“ပခုက္ကူဆေးရုံမှာ အစာအဆိပ်သင့် လူနာတစ်ဦးရောက်ရှိ ဆေးကုသမှုခံယူနေစဉ်မှာ သေဆုံးသွား တယ်လို့ ဆေးရုံက အကြောင်းကြားတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တာပါ။ အခြားပြင်ပဒဏ်ရာ မတွ့ရ တာကြောင့် ဧပြီလ(၁)ရက်နေ့ မှာ ရဲမှုခင်းဆေးစာရေးသားပေးပို့ပြီး ဓမ္မတာအတိုင်းသေဆုံးရခြင်း ဟုတ်၊ မဟုတ်စစ်ဆေးနိုင်ဖို့အတွက် သေမှုသေခင်းရေးဖွင့်ဆောင်ရွက်ထားပါတယ်”ဟု ကမ္မ နယ်မြေရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဧပြီ (၁)ရက် ည(၁၀နာရီ၁၅မိနစ်)အချိန်တွင် ဒုရဲအုပ်တိုးနိုင်အောင် က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပခုက္ကူမြို့နယ် ကမ္မနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၂/ ၂၀၁၆ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။
သတင်း။ ဖီးနစ်(မကွေး)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~