ကျိုင်းတုံ၌ ယာဉ်တိုက်မှု ဖြစ်ပွား

ကျိုင်းတုံ၌ ယာဉ်တိုက်မှု ဖြစ်ပွား
ဧပြီ 8, 2016
By Tachileik News Agency

ဧပြီလ (၈) ရက်၊ ည (၈) နာရီကျော်အချိန်ခန့်က ကျိုင်းတုံ ကားကြီးကွင်းအဝင်လမ်းမှ ထွက်လာသည့် ဆိုင်ကယ်နှင့် တောင်ကြီးလမ်းဘက်မှ မြို့ဘက်သို့ ဦးတည် မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီး အရှိန်မထိန်းနိုင်ဘဲ ပြင်းထန်စွာတိုက်မိရာမှ ဆိုင်ကယ်ပေါ်ပါ လူ(၃)မှာ ဒဏ်ရာများရရှိလျှက် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ထားကြောင်း နှင့် ယာဉ်တိုက်မှုနှင့် ပက်သက်၍ ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

သတင်း ။  ။ #ဇင်အောင်
ဓာတ်ပုံ။  ။ #ကိုခန့်မောင် #ဇင်အောင် ၊

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net