လိပ္ကၽြန္းလူသတ္မႈႏွင့္ ပတ္သက္၍ ျမန္မာႏုိင္ငံသားႏွစ္ဦးအတြက္ ျမန္မာ-ထုိင္းေရွ႕ေနေကာင္စီ အယူခံဝင္ရန္ျပင္ဆင္

လိပ္ကၽြန္းလူသတ္မႈႏွင့္ ပတ္သက္၍ ျမန္မာႏုိင္ငံသားႏွစ္ဦးအတြက္ ျမန္မာ-ထုိင္းေရွ႕ေနေကာင္စီ အယူခံဝင္ရန္ျပင္ဆင္
ဧပြီ 29, 2016
By Tachileik News Agency
တာခ်ီလိတ္၊ ဧၿပီလ (၂၇)ရက္

ထိုင္းႏိုင္ငံ၊ လိပ္ကၽြန္းလူသတ္မႈႏွင့္ပတ္သက္၍  အယူခံဝင္ႏုိင္ရန္ ျမန္မာ - ထုိင္း ေရွ႕ေနေကာင္စီမွ ဥပေဒပညာရွင္မ်ား ပူးေပါင္းျပင္ဆင္လွ်က္ရွိေၾကာင္း ျမန္မာသံရံုးအလုပ္သမား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီအဖြဲ႕၀င္( Myanmar Association in Thailand)မွ သိရသည္။


"ကၽြန္ေတာ္တို႔ဘက္ကေတာ့ အယူခံတင္ဖို႔အတြက္  အဆင္သင့္ျဖစ္သေလာက္ရိွေနပါၿပီ။ သူတို႔ နိုင္ငံမွာေနတဲ့ ကိုယ့္နိုင္ငံက အလုပ္သမားေတြရဲ႕ အမႈကိစၥျဖစ္တဲ့အတြက္ သူတို ့နိုင္ငံရဲ႕ အခ်ဳပ္အျခာနဲ ့ ဥပေဒအရ ေဆာင္ရြက္မွာပါ။ အယူခံတင္ဖို႔အတြက္ကုိလည္း တတ္နိုင္သမွ် အားလုံးျပည့္စုံေအာင္ လုပ္ထားၿပီးပါၿပီ။ ျမန္မာဘက္က ဥပေဒပညာရွင္ေတြနဲ႔ ထုိင္း ေရွ႕ေနခ်ဳပ္ရံုးက ဥပေဒပညာရွင္ေတြရဲ႕ အၾကံဥာဏ္ေတြပူးေပါင္းျပီး အယူခံ၀င္ဖို႔ျပင္ဆင္ေနပါတယ္"ဟု ျမန္မာသံရုံးအလုပ္သမားမ်ား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ(MAT)မွ ဦးေအာင္မ်ိဳးသန္႔က ေျပာသည္။


ထိုင္းႏိုင္ငံေတာင္ပိုင္း ဆူရတ္ဌာနီခရိုင္အတြင္းရိွ လိပ္ကၽြန္းတြင္ ၂၀၁၄ ခုႏွစ္ကျဖစ္ပြားခဲ့ေသာ ၿဗိတိန္ႏိုင္ငံသား (၂) ဦး အသတ္ခံရမႈနဲ႔ ပတ္သတ္၍ ေသဒဏ္အျပစ္ေပးခံထားေသာ ျမန္မာနိုင္ငံသား ႏွစ္ဦးျဖစ္သည့္ ေမာင္ေဇာ္လင္းနဲ႔ ေမာင္၀င္းေဇာ္ထြန္းတို႔ႏွစ္ဦးအတြက္ အယူခံ၀င္ႏိုင္ရန္ ျမန္မာအစိုးရဘက္မွ ဖြဲ ့စည္းေပးထားေသာ ဥပေဒပညာရွင္မ်ားမွလည္း မည္သည့္အေၾကာင္းျပခ်က္မ်ားကို ျပဳျပင္သင့္ေၾကာင္းကို (၂)ႀကိမ္တိုင္တိုင္ ထုိင္းေရွ႕ေနေကာင္စီသို႔ ေပးပို ့ထားၿပီးျဖစ္ေၾကာင္း သိရသည္။


"သူတို ့ရဲ႕ က်န္းမာေရး အေျခအေနက ေကာင္းပါတယ္။ ၿပီးရင္သူတို ့ အားကစားေတြဘာေတြလည္း လုပ္ေနၾကပါတယ္။ သူတို ့လည္း ေျပာပါတယ္။ သူတို ့ အမႈနဲ ့ပတ္သက္ၿပီးေတာ့ အမွန္တရားကို ရရိွဖို ့ အတြက္ သူတို ့ က်န္းမာေအာင္ေနၿပီးေတာ့ ေစာင့္ေမွ်ာ္ေနတယ္ေပါ့ေလ။ ၿပီးရင္ ျမန္မာႏိုင္ငံက သူတို႔အတြက္ အကူအညီေပးခဲ့ၾကတဲ့ ႏိုင္ငံသားအေပါင္းနဲ ့ သတင္းမီဒီယာမ်ားကိုလည္း သူတို ့အေနနဲ ့ ေက်းဇူးတင္စကား ေျပာလိုက္ပါတယ္။"ဟု ဦးေအာင္မ်ိဳးသန္႔က ဆိုသည္။

ထိုင္းႏိုင္ငံေတာင္ပိုင္း ဆူရတ္ဌာနီခရိုင္အတြင္းရိွ ခိုေတာင္ကၽြန္း (လိပ္ကၽြန္း)တြင္ ၂၀၁၄ ခုႏွစ္ကုန္ပိုင္းက ၿဗိတိန္ႏိုင္ငံသား (၂) ဦး အသတ္ခံရမႈႏွင့္ ပတ္သက္ၿပီး ျမန္မာလူငယ္ (၂) ဦးျဖစ္သည့္ ကိုေဇာ္လင္းႏွင့္ ကို၀င္းေဇာ္ထြန္းတို ့အား ေကာ္စမြီခ႐ုိင္တရား႐ုံးက ၂၀၁၅ ဒီဇင္ဘာလ ၂၄ ရက္ေန႔က ေသဒဏ္ စီရင္ခ်က္ခ်လိုက္ၿပီးေနာက္ ထိုင္းႏိုင္ငံ ႏြန္ထဘူရီခရိုင္ အတြင္းရိွ ဘန္ခြမ္အက်ဥ္းေထာင္တြင္ အက်ဥ္းခ်ထားျခင္းျဖစ္သည္။



သတင္း။  ။ ဇြဲျမတ္

.................

တာချီလိတ်၊ ဧပြီလ (၂၇)ရက်
ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ အယူခံဝင်နိုင်ရန် မြန်မာ - ထိုင်း ရှေ့နေကောင်စီမှ ဥပဒေပညာရှင်များ ပူးပေါင်းပြင်ဆင်လျှက်ရှိကြောင်း မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင်( Myanmar Association in Thailand)မှ သိရသည်။

"ကျွန်တော်တို့ဘက်ကတော့ အယူခံတင်ဖို့အတွက် အဆင်သင့်ဖြစ်သလောက်ရှိနေပါပြီ။ သူတို့ နိုင်ငံမှာနေတဲ့ ကိုယ့်နိုင်ငံက အလုပ်သမားတွေရဲ့ အမှုကိစ္စဖြစ်တဲ့အတွက် သူတို့နိုင်ငံရဲ့ အချုပ်အခြာနဲ့ ဥပဒေအရ ဆောင်ရွက်မှာပါ။ အယူခံတင်ဖို့အတွက်ကိုလည်း တတ်နိုင်သမျှ အားလုံးပြည့်စုံအောင် လုပ်ထားပြီးပါပြီ။ မြန်မာဘက်က ဥပဒေပညာရှင်တွေနဲ့ ထိုင်း ရှေ့နေချုပ်ရုံးက ဥပဒေပညာရှင်တွေရဲ့ အကြံဉာဏ်တွေပူးပေါင်းပြီး အယူခံဝင်ဖို့ပြင်ဆင်နေပါတယ်"ဟု မြန်မာသံရုံးအလုပ်သမားများ ကူညီစောင့်ရှောက်ရေး ကော်မတီ(MAT)မှ ဦးအောင်မျိုးသန့်က ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းရှိ လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ်ကဖြစ်ပွားခဲ့သော ဗြိတိန်နိုင်ငံသား (၂) ဦး အသတ်ခံရမှုနဲ့ ပတ်သတ်၍ သေဒဏ်အပြစ်ပေးခံထားသော မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့နှစ်ဦးအတွက် အယူခံဝင်နိုင်ရန် မြန်မာအစိုးရဘက်မှ ဖွဲ့စည်းပေးထားသော ဥပဒေပညာရှင်များမှလည်း မည်သည့်အကြောင်းပြချက်များကို ပြုပြင်သင့်ကြောင်းကို (၂)ကြိမ်တိုင်တိုင် ထိုင်းရှေ့နေကောင်စီသို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

"သူတို့ရဲ့ ကျန်းမာရေး အခြေအနေက ကောင်းပါတယ်။ ပြီးရင်သူတို့ အားကစားတွေဘာတွေလည်း လုပ်နကြေပါတယ်။ သူတို့လည်း ပြောပါတယ်။ သူတို့ အမှုနဲ့ပတ်သက်ပြီးတော့ အမှန်တရားကို ရရှိဖို့ အတွက် သူတို့ ကျန်းမာအောင်နပြေီးတော့ စောင့်မျှော်နေတယ်ပေါ့လေ။ ပြီးရင် မြန်မာနိုင်ငံက သူတို့အတွက် အကူအညီပေးခဲ့ကြတဲ့ နိုင်ငံသားအပေါင်းနဲ့ သတင်းမီဒီယာများကိုလည်း သူတို့အနေနဲ့ ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။"ဟု ဦးအောင်မျိုးသန့်က ဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား (၂) ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာလူငယ် (၂) ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ် စီရင်ချက်ချလိုက်ပြီးနောက် ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် အတွင်းရှိ ဘန်ခွမ်အကျဉ်းထောင်တွင် အကျဉ်းချထားခြင်းဖြစ်သည်။


သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~