မီးေဘးသင့္ျပည္သူမ်ားအတြက္ တာခ်ီလိတ္လူငယ္ကြန္ရက္မွ ညစာလွဴဒါန္း

မီးေဘးသင့္ျပည္သူမ်ားအတြက္ တာခ်ီလိတ္လူငယ္ကြန္ရက္မွ ညစာလွဴဒါန္း
ဧပြီ 11, 2016
By Tachileik News Agency
တာခ်ီလိတ္၊ ဧၿပီ(၁၁)
မီးေဘးသင့္ျပည္သူ (၁၆၅)ဦး ႏွင့္ လုပ္အားဒါနျပဳသူမ်ားအတြက္ တာခ်ီလိတ္လူငယ္ကြန္ရက္မွ ေကာက္ညႇင္း၊ ၾကက္သားေၾကာ္ ႏွင့္ နမ့္ဖစ္(အေထာင္း) စသည့္ စားစရာမ်ားကို  လူ(၂၅၀)စာ ယေန႔ ဧၿပီလ(၁၁)ရက္ ညေနပိုင္းက မကာဟိုခမ္းရပ္ကြက္၊ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္ရွိ မီးေဘးသင့္ျပည္သူမ်ားအား ေပးေ၀လွဴဒါန္းေၾကာင္း သိရသည္။
"ေစတနာရွင္ အလွဴရွင္မ်ားအေနနဲ႔ မီးေဘးသင့္ျပည္သူမ်ားနဲ႔ လုပ္အားဒါနျပဳသူမ်ားကို နံနက္စာျဖစ္ျဖစ္၊ ေန႔လယ္စာျဖစ္ျဖစ္၊ ညစာျဖစ္ျဖစ္ လွဴဒါန္းခ်င္တယ္ဆိုရင္ အလွဴခံဌာနကို တစ္ရက္ႀကိဳတင္ၿပီး စာရင္းေပးဖို႔ လိုပါတယ္၊ ဘာလို႔လဲဆိုေတာ့ ဒီမွာလည္းခ်က္၊ အလွဴရွင္ကလည္း လာလွဴတယ္ဆိုရင္ အလဟႆျဖစ္မွာစုိးလို႕ပါ၊ အခု တာခ်ီလိတ္လူငယ္ကြန္ရက္က တစ္ရက္ႀကိဳတင္အသိေပးထားလို႔ အဆင္ေျပပါတယ္"ဟု အလွဴခံဌာနမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။
"မီးေဘးသင့္ျပည္သူေတြအတြက္ ခ်က္ျပဳတ္တဲ့ ဘုန္းႀကီးေက်ာင္းထဲက မီးဖိုေခ်ာင္ေနရာမွာ လူအမ်ားႀကီးစာအတြက္ ခ်က္ျပဳတ္ရတာဆိုေတာ့ လုပ္အားဒါနေတာ္ေတာ္ေလး လိုေနပါတယ္။ နံနက္ပိုင္းဆို မသိသာေပမဲ့ ေန႔လယ္ပိုင္းဆို လုပ္အားေပးဖို႔ ေစတနာရွင္ေတြလိုေနပါတယ္"ဟု အေဆြေတာ္(၂၄)နာရီအထူးကုေဆးခန္းမွ ေဒၚနန္းမိမိေလးက ေျပာသည္။
ဧၿပီလ(၉)ရက္ေန႔ ည(၇)နာရီ၀န္းက်င္မွ စ၍ အခ်ိန္(၂)နာရီေက်ာ္အၾကာ ေလာင္ကြ်မ္းခဲ့ေသာ အဆိုပါ မီးေလာင္မႈေၾကာင့္ ၀ါးထရံအိမ္(၉)လံုး၊ ပ်ဥ္ေထာင္အိမ္ (၁၅)လံုး ႏွင့္ အုတ္ညႇပ္အိမ္ (၅)လံုး စုစုေပါင္း အိမ္ေျခ (၂၉)လံုး ျပာက်သြားခဲ့ရၿပီး က်ား(၇၆)ဦး ႏွင့္ မ (၈၉)ဦး စုစုေပါင္း (၁၆၅)ဦး အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရေၾကာင္း သိရသည္။
...................
တာချီလိတ်၊ ဧပြီ(၁၁)
မီးဘေးသင့်ပြည်သူ (၁၆၅)ဦး နှင့် လုပ်အားဒါနပြုသူများအတွက် တာချီလိတ်လူငယ်ကွန်ရက်မှ ကောက်ညှင်း၊ ကြက်သားကြော် နှင့် နမ့်ဖစ်(အထောင်း) စသည့် စားစရာများကို လူ(၂၅၀)စာ ယနေ့ ဧပြီလ(၁၁)ရက် ညနေပိုင်းက မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ရှိ မီးဘေးသင့်ပြည်သူများအား ပေးေဝလှူဒါန်းကြောင်း သိရသည်။
"စေတနာရှင် အလှူရှင်များအနေနဲ့ မီးဘေးသင့်ပြည်သူများနဲ့ လုပ်အားဒါနပြုသူများကို နံနက်စာဖြစ်ဖြစ်၊ နေ့လယ်စာဖြစ်ဖြစ်၊ ညစာဖြစ်ဖြစ် လှူဒါန်းချင်တယ်ဆိုရင် အလှူခံဌာနကို တစ်ရက်ကြိုတင်ပြီး စာရင်းပေးဖို့ လိုပါတယ်၊ ဘာလို့လဲဆိုတော့ ဒီမှာလည်းချက်၊ အလှူရှင်ကလည်း လာလှူတယ်ဆိုရင် အလဟဿဖြစ်မှာစိုးလို့ပါ၊ အခု တာချီလိတ်လူငယ်ကွန်ရက်က တစ်ရက်ကြိုတင်အသိပေးထားလို့ အဆင်ပြေပါတယ်"ဟု အလှူခံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"မီးဘေးသင့်ပြည်သူတွေအတွက် ချက်ပြုတ်တဲ့ ဘုန်းကြီးကျောင်းထဲက မီးဖိုချောင်နေရာမှာ လူအများကြီးစာအတွက် ချက်ပြုတ်ရတာဆိုတော့ လုပ်အားဒါနတော်တော်လေး လိုနေပါတယ်။ နံနက်ပိုင်းဆို မသိသာပေမဲ့ နေ့လယ်ပိုင်းဆို လုပ်အားပေးဖို့ စေတနာရှင်တွေလိုနေပါတယ်"ဟု အဆွေတော်(၂၄)နာရီအထူးကုဆေးခန်းမှ ဒေါ်နန်းမိမိလေးက ပြောသည်။
ဧပြီလ(၉)ရက်နေ့ ည(၇)နာရီဝန်းကျင်မှ စ၍ အချိန်(၂)နာရီကျော်အကြာ လောင်ကျွမ်းခဲ့သော အဆိုပါ မီးလောင်မှုကြောင့် ဝါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~